ကမ္ဘာ့ဖလားကို ၂ နှစ် ၁ ကြိမ် ကျင်းပမဲ့အစား နှစ်တိုင်းသာ ကျင်းပလိုက်ပါတော့ဆိုပြီး ခပ်ရွဲ့ရွဲ့ပြောဆိုခဲ့တဲ့ အန်ဆယ်လော့တီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်မက်ဒရစ် ကို တကျော့ပြန်ကိုင်တွယ်နေတဲ့ ဝါရင့်နည်းပြကြီး အန်ဆယ်လော့တီ က ၄ နှစ် ၁ ကြိမ် ကျင်းပလေ့ရှိတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂ နှစ် ၁ ကြိမ် ပြောင်းလဲကျင်းပဖို့ ကြိုးစားနေတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ( FIFA ) ရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပါတယ်။

အဲ့ဒီအစီအစဉ် ဖြစ်မြောက်ဖို့အတွက် အာဆင်နယ် နည်းပြဟောင်း အာဆင်ဝင်းဂါး က ဦးဆောင်ပြီး ဆောင်ရွက်နေတာဖြစ်ပြီး ထောက်ခံတဲ့လူတွေရှိသလို ဆန့်ကျင်တဲ့လူတွေလည်း ရှိနေပါတယ်။

ကစားသမားအများစုကတော့ အဆိုပါအစီအစဉ်ကို လူသိရှင်ကြား ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်ထားကြပါတယ်။

အန်ဆယ်လော့တီ ရဲ့ ဆန္ဒကလည်း ကစားသမားတွေနဲ့ ထပ်တူပဲဖြစ်ပါတယ်။

Rai Radio သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ အန်ဆယ်လော့တီ က “ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂ နှစ် ၁ ကြိမ် ယှဉ်ပြိုင်ကစားခိုင်းမလို့လား .? ။

ကောင်းပြီလေ ၊ ငါတို့ရှိနေတုန်း ၁ နှစ်ကို ၁ ကြိမ် နှစ်တိုင်းယှဉ်ပြိုင်ကစားကြတာပေါ့။

အခုတောင် ပွဲအချိန်ဇယားတွေက စိုးရိမ်ရတဲ့ ပြဿနာတခုလို ဖြစ်နေတာပါ။

တစုံတခုကိုတော့ ပြောင်းလဲရပါမယ်။ အဓိပ္ပာယ်မရှိတဲ့ ကစားပွဲတချို့ ရှိနေပါသေးတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ( FIFA ) နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် ( UEFA ) တို့အနေနဲ့ ဆွေးနွေးအဖြေရှာဖို့ လိုပါတယ်။

လက်ရှိအချိန်မှာ သူတို့အဖွဲ့အစည်း ၂ ခုကြား သဘောမတူညီမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာ အမှန်ပါပဲ။

ဒါပေမဲ့ ကစားသမားတွေအပေါ် သက်ရောက်နေတဲ့ ဖိအားတွေကလည်း အရမ်းမြင့်နေပါပြီ “ လို့ သူ့ရဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် အန်ဆယ်လော့တီ က ဒုတိယအကြိမ်မြောက် ရီးရဲလ်မက်ဒရစ် နဲ့ လက်တွဲမှုမှာ ရလဒ်ကောင်းတွေရနေတဲ့အပေါ် “ ရီးရဲလ်အသင်းမှာ ပျားရည်ဆမ်းကာလကို ကျွန်တော် ဖြတ်သန်းနေရသလိုပါပဲ။

ဒီအသင်းမှာ နှစ်ပေါင်းများစွာနေရဖို့ မျှော်လင့်ပါတယ်။

တခြားအသင်းတွေလိုပဲ ၊ ကျွန်တော်တို့အသင်းလည်း အခက်အခဲတချို့နဲ့အတူ စတင်တာထွက်ခဲ့ရတာပါ။

ဒါပေမဲ့ ကျွန်တော်တို့အသင်းက ကောင်းမွန်တဲ့ စိတ်ဓာတ်တခုကို ပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ စရိုက်လက္ခဏာ အပေါ်မူတည်ပြီး ပွဲကစားချိန်အတွင်း အမှားပြင်ဆင်နိုင်အောင် ကျွန်တော်တို့ စီမံနိုင်ခဲ့ပါတယ် “ လို့ ဖွင့်ဟခဲ့ပါတယ်။

အန်ဆယ်လော့တီ ရဲ့ ရီးရဲလ်မက်ဒရစ် ဟာ ဒီရာသီ လာလီဂါပြိုင်ပွဲ ၅ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ၄ ပွဲအထိ အနိုင်ရထားပြီး ၁ ပွဲသာ သရေကျခဲ့တာကြောင့် အမှတ်ပေးဇယားမှာ မြို့ခံပြိုင်ဖက် အက်သလက်တီကို က ၂ မှတ်ဖြတ်ကာ ဦးဆောင်နေပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အဓိကပြိုင်ဖက်လို့ဆိုရမယ့် အင်တာမီလန် ကို အနိုင်ရယူခဲ့ပြီး အကောင်းဆုံးတာထွက်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကမာၻ႔ဖလားကို ၂ ႏွစ္ ၁ ႀကိမ္ က်င္းပမဲ့အစား ႏွစ္တိုင္းသာ က်င္းပလိုက္ပါေတာ့ဆိုၿပီး ခပ္႐ြဲ႕႐ြဲ႕ေျပာဆိုခဲ့တဲ့ အန္ဆယ္ေလာ့တီ

ရီးရဲလ္မက္ဒရစ္ ကို တေက်ာ့ျပန္ကိုင္တြယ္ေနတဲ့ ဝါရင့္နည္းျပႀကီး အန္ဆယ္ေလာ့တီ က ၄ ႏွစ္ ၁ ႀကိမ္ က်င္းပေလ့ရွိတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲကို ၂ ႏွစ္ ၁ ႀကိမ္ ေျပာင္းလဲက်င္းပဖို႔ ႀကိဳးစားေနတဲ့ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ ( FIFA ) ရဲ႕ လုပ္ရပ္ကို ေဝဖန္ခဲ့ပါတယ္။

အဲ့ဒီအစီအစဥ္ ျဖစ္ေျမာက္ဖို႔အတြက္ အာဆင္နယ္ နည္းျပေဟာင္း အာဆင္ဝင္းဂါး က ဦးေဆာင္ၿပီး ေဆာင္႐ြက္ေနတာျဖစ္ၿပီး ေထာက္ခံတဲ့လူေတြရွိသလို ဆန္႔က်င္တဲ့လူေတြလည္း ရွိေနပါတယ္။ ကစားသမားအမ်ားစုကေတာ့ အဆိုပါအစီအစဥ္ကို လူသိရွင္ၾကား ေဝဖန္ေျပာဆိုမႈေတြ ျပဳလုပ္ထားၾကပါတယ္။

အန္ဆယ္ေလာ့တီ ရဲ႕ ဆႏၵကလည္း ကစားသမားေတြနဲ႔ ထပ္တူပဲျဖစ္ပါတယ္။ Rai Radio သတင္းဌာနနဲ႔ ေတြ႕ဆုံစဥ္မွာ အန္ဆယ္ေလာ့တီ က “ ကမာၻ႔ဖလားၿပိဳင္ပြဲကို ၂ ႏွစ္ ၁ ႀကိမ္ ယွဥ္ၿပိဳင္ကစားခိုင္းမလို႔လား .? ။ ေကာင္းၿပီေလ ၊ ငါတို႔ရွိေနတုန္း ၁ ႏွစ္ကို ၁ ႀကိမ္ ႏွစ္တိုင္းယွဥ္ၿပိဳင္ကစားၾကတာေပါ့။ အခုေတာင္ ပြဲအခ်ိန္ဇယားေတြက စိုးရိမ္ရတဲ့ ျပႆနာတခုလို ျဖစ္ေနတာပါ။ တစုံတခုကိုေတာ့ ေျပာင္းလဲရပါမယ္။ အဓိပၸာယ္မရွိတဲ့ ကစားပြဲတခ်ိဳ႕ ရွိေနပါေသးတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ ( FIFA ) နဲ႔ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ ( UEFA ) တို႔အေနနဲ႔ ေဆြးေႏြးအေျဖရွာဖို႔ လိုပါတယ္။ လက္ရွိအခ်ိန္မွာ သူတို႔အဖြဲ႕အစည္း ၂ ခုၾကား သေဘာမတူညီမႈေတြ ျဖစ္ေပၚေနတယ္ဆိုတာ အမွန္ပါပဲ။ ဒါေပမဲ့ ကစားသမားေတြအေပၚ သက္ေရာက္ေနတဲ့ ဖိအားေတြကလည္း အရမ္းျမင့္ေနပါၿပီ “ လို႔ သူ႔ရဲ႕ ဆႏၵကို ပြင့္ပြင့္လင္းလင္း ေျပာခဲ့ပါတယ္။

ဒါ့အျပင္ အန္ဆယ္ေလာ့တီ က ဒုတိယအႀကိမ္ေျမာက္ ရီးရဲလ္မက္ဒရစ္ နဲ႔ လက္တြဲမႈမွာ ရလဒ္ေကာင္းေတြရေနတဲ့အေပၚ “ ရီးရဲလ္အသင္းမွာ ပ်ားရည္ဆမ္းကာလကို ကြၽန္ေတာ္ ျဖတ္သန္းေနရသလိုပါပဲ။ ဒီအသင္းမွာ ႏွစ္ေပါင္းမ်ားစြာေနရဖို႔ ေမွ်ာ္လင့္ပါတယ္။ တျခားအသင္းေတြလိုပဲ ၊ ကြၽန္ေတာ္တို႔အသင္းလည္း အခက္အခဲတခ်ိဳ႕နဲ႔အတူ စတင္တာထြက္ခဲ့ရတာပါ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔အသင္းက ေကာင္းမြန္တဲ့ စိတ္ဓာတ္တခုကို ပိုင္ဆိုင္ထားပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ စ႐ိုက္လကၡဏာ အေပၚမူတည္ၿပီး ပြဲကစားခ်ိန္အတြင္း အမွားျပင္ဆင္ႏိုင္ေအာင္ ကြၽန္ေတာ္တို႔ စီမံႏိုင္ခဲ့ပါတယ္ “ လို႔ ဖြင့္ဟခဲ့ပါတယ္။

အန္ဆယ္ေလာ့တီ ရဲ႕ ရီးရဲလ္မက္ဒရစ္ ဟာ ဒီရာသီ လာလီဂါၿပိဳင္ပြဲ ၅ ပြဲ ယွဥ္ၿပိဳင္ကစားၿပီးခ်ိန္မွာ ၄ ပြဲအထိ အႏိုင္ရထားၿပီး ၁ ပြဲသာ သေရက်ခဲ့တာေၾကာင့္ အမွတ္ေပးဇယားမွာ ၿမိဳ႕ခံၿပိဳင္ဖက္ အက္သလက္တီကို က ၂ မွတ္ျဖတ္ကာ ဦးေဆာင္ေနပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း အဓိကၿပိဳင္ဖက္လို႔ဆိုရမယ့္ အင္တာမီလန္ ကို အႏိုင္ရယူခဲ့ၿပီး အေကာင္းဆုံးတာထြက္ထားပါတယ္။