
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
နာမည်ကျော် ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူး ရော်နယ်ဒိုကြီး ကတော့ လက်ရှိမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFAရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ် ကျင်းပမယ့် အစီအစဉ်ဟာ ဖြစ်သင့်တဲ့ အစီအစဉ်တစ်ခု ဖြစ်ကြောင်း ထောက်ခံလိုက်ပါတယ်။
ရော်နယ်ဒိုဟာ ဘရာဇီးလက်ရွေးစင်အသင်းနဲ့ အတူ ကမ္ဘာ့ဖလားကို ဗိုလ်စွဲနိုင်ခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။
ရော်နယ်ဒိုက “အဲဒီလို ပြောင်းလဲကျင်းပတာက ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ခါမှ မယှဉ်ပြိုင်ဖူးသေးတဲ့ နိုင်ငံတွေ အတွက် ခြေစစ်ပွဲ အောင်နိုင်ဖို့ ပိုပြီး အခွင့်အရေး ရစေပါတယ်။
၂နှစ် တစ်ကြိမ် ပြိုင်ဆိုင်ခွင့်သာ ရရင် အတော်ကို ကောင်းမှာပါ။
ပြီးတော့ ခင်ဗျားတို့ အနေနဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး မေးလိုက်ရင် သူတို့ကလည်း ကမ္ဘာ့ဖလားကို ရရှိဖို့ အခွင့်အလမ်း ပိုများလာတာကို ကြိုဆိုကြောင်း ပြောကြမှာပါ” လို့ ထောက်ခံစကား ပြောကြားခဲ့တာပါ။
ယခု ဘောလုံးပြက္ခဒိန်အရ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄နှစ် ၁ကြိမ် ကျင်းပနေပြီး ကြားထဲမှာ လစ်လပ်နေတဲ့ ၃နှစ် အတွင်း သက်ဆိုင်ရာ တိုက်ကြီးများအလိုက် ဘောလုံးပြိုင်ပွဲတွေ ကျင်းပကြပါတယ်။
ဒါကြောင့် ပရိသတ်တွေဟာ ၂နှစ်ကို ၁ကြိမ် ကမ္ဘာ့ဖလား ၁လှည့် ၊ တိုက်အလိုက် ပြိုင်ပွဲ ၁လှည့် ကြည့်ရှုနေကြရပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ကတော့ တိုက်အလိုက် ဆုဖလားတွေကို ပယ်ဖျက်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပဲ ၂နှစ် ၁ကြိမ် ကျင်းပဖို့ စီစဉ်နေပါတယ်။
တောင်အမေရိကား ဘောလုံးအဖွဲ့ချုပ် CONMEBOL က တော့ဖီဖာ ကနေ ပြောင်းလဲ ကျင်းပဖို့ စီစဉ်နေတဲ့ 2 နှစ် တစ်ကြိမ် ကမ္ဘာ့ဖလား အစီအစဉ် ကို ဆန့်ကျင်ကြောင်း တရားဝင် ကြေညာချက် ထုတ်ကာ တုန့်ပြန်ပါတယ်။
တောင်အမေရိကား ဘောလုံး လောက ဦးဆောင်နေသူတွေ အကြား တိုင်ပင် ဆွေးနွေးမှုတွေ လုပ်ဆောင် အပြီးမှာတော့ ဖီဖာ ရဲ့ အပြောင်းအလဲ လုပ်ချင်နေတဲ့ စိတ်ကူးတွေဟာ လက်တွေ့ အကောင်ထည်ဖော်ဆောင်ဖို့ ခက်ခဲလွန်းတယ်လို့ မှတ်ချက်ပေးထားပြီး၊
ပြိုင်ပွဲ ရဲ့ အရည်အသွေးပိုင်းကလဲ အများကြီး ကျဆင်းသွားနိုင်တယ် လို့ ဆိုပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဖလား ကျင်းပမှု အချိန်ကာလ ကို လျှော့ချဖို့ ကြိုးစားတာဟာ အားကစား ဆိုင်ရာ ရှုထောင့်ကနေ ကြည့်ရင်လည်း တရားမျှတမှု မရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြသွားခဲ့ ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ကမာၻ႔ဖလားကို ၂ ႏွစ္ တစ္ႀကိမ္ က်င္းပေစခ်င္တဲ့ ေရာ္နယ္ဒိုႀကီး
နာမည္ေက်ာ္ ဘရာဇီးလ္ ဂႏၲဝင္ တိုက္စစ္မႉး ေရာ္နယ္ဒိုႀကီး ကေတာ့ လက္ရွိမွာ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ FIFAရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲကို ၂ႏွစ္ ၁ႀကိမ္ က်င္းပမယ့္ အစီအစဥ္ဟာ ျဖစ္သင့္တဲ့ အစီအစဥ္တစ္ခု ျဖစ္ေၾကာင္း ေထာက္ခံလိုက္ပါတယ္။
ေရာ္နယ္ဒိုဟာ ဘရာဇီးလက္ေ႐ြးစင္အသင္းနဲ႔ အတူ ကမာၻ႔ဖလားကို ဗိုလ္စြဲႏိုင္ခဲ့တဲ့ ကစားသမား တစ္ဦး ျဖစ္ပါတယ္။ ေရာ္နယ္ဒိုက “အဲဒီလို ေျပာင္းလဲက်င္းပတာက ကမာၻ႔ဖလားၿပိဳင္ပြဲကို တစ္ခါမွ မယွဥ္ၿပိဳင္ဖူးေသးတဲ့ ႏိုင္ငံေတြ အတြက္ ေျခစစ္ပြဲ ေအာင္ႏိုင္ဖို႔ ပိုၿပီး အခြင့္အေရး ရေစပါတယ္။ ၂ႏွစ္ တစ္ႀကိမ္ ၿပိဳင္ဆိုင္ခြင့္သာ ရရင္ အေတာ္ကို ေကာင္းမွာပါ။ ၿပီးေတာ့ ခင္ဗ်ားတို႔ အေနနဲ႔ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ကို ဒီအစီအစဥ္နဲ႔ ပတ္သက္ၿပီး ေမးလိုက္ရင္ သူတို႔ကလည္း ကမာၻ႔ဖလားကို ရရွိဖို႔ အခြင့္အလမ္း ပိုမ်ားလာတာကို ႀကိဳဆိုေၾကာင္း ေျပာၾကမွာပါ” လို႔ ေထာက္ခံစကား ေျပာၾကားခဲ့တာပါ။
ယခု ေဘာလုံးျပကၡဒိန္အရ ကမာၻ႔ဖလားၿပိဳင္ပြဲကို ၄ႏွစ္ ၁ႀကိမ္ က်င္းပေနၿပီး ၾကားထဲမွာ လစ္လပ္ေနတဲ့ ၃ႏွစ္ အတြင္း သက္ဆိုင္ရာ တိုက္ႀကီးမ်ားအလိုက္ ေဘာလုံးၿပိဳင္ပြဲေတြ က်င္းပၾကပါတယ္။ ဒါေၾကာင့္ ပရိသတ္ေတြဟာ ၂ႏွစ္ကို ၁ႀကိမ္ ကမာၻ႔ဖလား ၁လွည့္ ၊ တိုက္အလိုက္ ၿပိဳင္ပြဲ ၁လွည့္ ၾကည့္ရႈေနၾကရၿပီး ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ ကေတာ့ တိုက္အလိုက္ ဆုဖလားေတြကို ပယ္ဖ်က္ကာ ကမာၻ႔ဖလားၿပိဳင္ပြဲကိုပဲ ၂ႏွစ္ ၁ႀကိမ္ က်င္းပဖို႔ စီစဥ္ေနပါတယ္။
ေတာင္အေမရိကား ေဘာလုံးအဖြဲ႕ခ်ဳပ္ CONMEBOL က ေတာ့ဖီဖာ ကေန ေျပာင္းလဲ က်င္းပဖို႔ စီစဥ္ေနတဲ့ 2 ႏွစ္ တစ္ႀကိမ္ ကမာၻ႔ဖလား အစီအစဥ္ ကို ဆန႔္က်င္ေၾကာင္း တရားဝင္ ေၾကညာခ်က္ ထုတ္ကာ တုန႔္ျပန္ပါတယ္။
ေတာင္အေမရိကား ေဘာလုံး ေလာက ဦးေဆာင္ေနသူေတြ အၾကား တိုင္ပင္ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ အၿပီးမွာေတာ့ ဖီဖာ ရဲ႕ အေျပာင္းအလဲ လုပ္ခ်င္ေနတဲ့ စိတ္ကူးေတြဟာ လက္ေတြ႕ အေကာင္ထည္ေဖာ္ေဆာင္ဖို႔ ခက္ခဲလြန္းတယ္လို႔ မွတ္ခ်က္ေပးထားၿပီး ၊ ၿပိဳင္ပြဲ ရဲ႕ အရည္အေသြးပိုင္းကလဲ အမ်ားႀကီး က်ဆင္းသြားႏိုင္တယ္ လို႔ ဆိုပါတယ္။
ဒါ့အျပင္ ကမာၻ႔ဖလား က်င္းပမႈ အခ်ိန္ကာလ ကို ေလွ်ာ့ခ်ဖို႔ ႀကိဳးစားတာဟာ အားကစား ဆိုင္ရာ ရႈေထာင့္ကေန ၾကည့္ရင္လည္း တရားမွ်တမႈ မရွိဘူးလို႔ ေၾကညာခ်က္မွာ ေဖာ္ျပသြားခဲ့ ပါတယ္။