ကမ္ဘာ့ပေါ်မှာ လစာငွေအများဆုံးရရှိနေကြတဲ့ ထိပ်တန်းနည်းပြ(၁၀)ဦး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နာမည်ကျော်နည်းပြတစ်ဦးဖြစ်တဲ့ အန်တိုနီယိုကွန်တီဟာ မကြာသေးခင်က စပါးအသင်းနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရပြီး အသင်းသစ်မှာ (၁)နှစ်ကိုပေါင်(၁၃)သန်းရရှိသွားမှာဖြစ်ပါတယ်။

နည်းပြဘဝတစ်လျှောက် ဂျူဗင်တပ်စ်၊ အင်တာမီလန်အသင်းတို့နဲ့အတူ စီးရီးအေ၊ ချယ်လ်ဆီးအသင်းနဲ့ပရီးမီးယားလိဂ်ဖလားရယူခဲ့တဲ့ကွန်တီဟာ

အခုဆိုရင် ကမ္ဘာ့လစာငွေအများဆုံးထိပ်တန်းနည်းပြစာရင်းမှာတစ်ဦးအပါအဝင်အဖြစ် ရပ်တည်နိုင်ပြီဖြစ်ပေမယ့် သူက တတိယနေရာမှာသာရှိနေတာပါ။

လစာငေွအများဆုံးနည်းပြအဖြစ် သတ်မှတ်ခံထားရသူက မန်စီးတီးအသင်းနဲ့အတူပရီးမီးယားလိဂ်အပါအဝင်ဆုဖလားအောင်မြင်မှုတွေရယူနေတဲ့ နည်းပြကြီးဂွါဒီယိုလာဖြစ်ပြီး (၁)နှစ်ကို ပေါင်(၁၈.၇)သန်းအထိရရှိနေပါတယ်။

ဂွါဒီယိုလာရဲ့နောက်မှာတော့ လီဗာပူးလ်အသင်းအတွက် ပထမဆုံးပရီးမီးယားလိဂ်ဖလား၊ (၆)ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားတွေရယူပေးခဲ့တဲ့

ဂျာမန်နာမည်ကျော်နည်းပြယာဂန်ကလော့ပ်က ဒုတိယအများဆုံးဖြစ်နေပြီး (၁)နှစ်ကို ပေါင်(၁၆)သန်းရရှိနေသလို သူ့ရဲ့စာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်မှကုန်ဆုံးမှာဖြစ်ပါတယ်။

တတိယနေရာမှာတော့ အခုစပါးအသင်းနည်းပြသစ်ကွန်တီက ပေါင်(၁၃)သန်းနဲ့ရှိနေပြီး သူပြီးရင်တော့ အက်သလက်တီကိုအသင်းနဲ့အတူ ကြီးမားတဲ့အောင်မြင်မှုတွေရယူနေတဲ့ နည်းပြဒီယေဂိုဆီမြွန်နီက ပေါင်(၁၂.၇၅)သန်းနဲ့စတုတ္ထအများဆုံးဖြစ်နေပါတယ်။

ဆီမြွန်နီဟာ အခုစာရင်းမှာ စတုတ္ထနေရာမှာသာရှိနေပေမယ့် လာလီဂါမှာတော့ လစာငွေအများဆုံးနည်းပြအဖြစ်ရပ်တည်နေတာပါ။

ပြီးခဲ့တဲ့နွေရာသီတုန်းက ဂျူဗင်တပ်စ်အသင်းဆီတစ်ကျော့ပြန်ရောက်လာတဲ့ ၀ါရင့်နည်းပြကြီးအယ်လီဂရီကလည်း ပဥ္စမမြောက်နေရာမှာရှိနေပြီး အယ်လီဂရီဟာ ဂျူဗင်တပ်စ်အသင်းမှာ (၁)နှစ်ကို ပေါင်(၇.၆၅)သန်းရရှိနေတာဖြစ်ပါတယ်။

နည်းပြထိုင်ခုံပေါ်မှာ ဆက်ရှိဖို့မသေချာဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ အသင်းအတွက် ဘာဆုဖလားမှမယူပေးနိုင်ပေမယ့် မြင့်မားတဲ့လစာငွေရရှိနေပြီး ပေါင်(၇.၅)သန်းနဲ့ ဆဋ္ဌမနေရာမှာရှိနေပါတယ်။

ဒ့ါအပြင် ချယ်လ်ဆီးအသင်းအတွက် ဒုတိယအကြိမ်မြောက်ချန်ပီယံလိဂ်ဖလားရယူပေးခဲ့တဲ့ နည်းပြတူချယ်လ်(ပေါင်ရသန်း)၊

ရိုးမားအသင်းရဲ့နာမည်ကျော်နည်းပြမော်ရင်ဟို(ပေါင်၆.၅သန်း)၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ရလဒ်ကေင်းတွေရယူနေတဲ့ နာဂယ်လ်စမန်း(ပေါင်၆.၅သန်း)၊ PSG နည်းပြပိုချက်တီနို(ပေါင်၅.၉၅သန်း)တို့လည်း အခုစာရင်းမှာပါဝင်ခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကမာၻ႔ေပၚမွာ လစာေငြအမ်ားဆုံးရရွိေနၾကတဲ့ ထိပ္တန္းနည္းျပ(၁၀)ဦး

နာမည္ေက်ာ္နည္းျပတစ္ဦးျဖစ္တဲ့ အန္တိုနီယိုကြန္တီဟာ မၾကာေသးခင္က စပါးအသင္းနည္းျပအျဖစ္ခန႔္အပ္ခံခဲ့ရၿပီး အသင္းသစ္မွာ (၁)ႏွစ္ကိုေပါင္(၁၃)သန္းရရွိသြားမွာျဖစ္ပါတယ္။ နည္းျပဘဝတစ္ေလွ်ာက္ ဂ်ဴဗင္တပ္စ္၊ အင္တာမီလန္အသင္းတို႔နဲ႔အတူ စီးရီးေအ၊ ခ်ယ္လ္ဆီးအသင္းနဲ႔ပရီးမီးယားလိဂ္ဖလားရယူခဲ့တဲ့ကြန္တီဟာ အခုဆိုရင္ ကမာၻ႔လစာေငြအမ်ားဆုံးထိပ္တန္းနည္းျပစာရင္းမွာတစ္ဦးအပါအဝင္အျဖစ္ ရပ္တည္ႏိုင္ၿပီျဖစ္ေပမယ့္ သူက တတိယေနရာမွာသာရွိေနတာပါ။

လစာေငြအမ်ားဆုံးနည္းျပအျဖစ္ သတ္မွတ္ခံထားရသူက မန္စီးတီးအသင္းနဲ႔အတူပရီးမီးယားလိဂ္အပါအဝင္ဆုဖလားေအာင္ျမင္မႈေတြရယူေနတဲ့ နည္းျပႀကီးဂြါဒီယိုလာျဖစ္ၿပီး (၁)ႏွစ္ကို ေပါင္(၁၈.၇)သန္းအထိရရွိေနပါတယ္။

ဂြါဒီယိုလာရဲ႕ေနာက္မွာေတာ့ လီဗာပူးလ္အသင္းအတြက္ ပထမဆုံးပရီးမီးယားလိဂ္ဖလား၊ (၆)ႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားေတြရယူေပးခဲ့တဲ့ ဂ်ာမန္နာမည္ေက်ာ္နည္းျပယာဂန္ကေလာ့ပ္က ဒုတိယအမ်ားဆုံးျဖစ္ေနၿပီး (၁)ႏွစ္ကို ေပါင္(၁၆)သန္းရရွိေနသလို သူ႔ရဲ႕စာခ်ဳပ္သက္တမ္းက ၂၀၂၄ ခုႏွစ္မွကုန္ဆုံးမွာျဖစ္ပါတယ္။

တတိယေနရာမွာေတာ့ အခုစပါးအသင္းနည္းျပသစ္ကြန္တီက ေပါင္(၁၃)သန္းနဲ႔ရွိေနၿပီး သူၿပီးရင္ေတာ့ အက္သလက္တီကိုအသင္းနဲ႔အတူ ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူေနတဲ့ နည္းျပဒီေယဂိုဆီႁမြန္နီက ေပါင္(၁၂.၇၅)သန္းနဲ႔စတုတၳအမ်ားဆုံးျဖစ္ေနပါတယ္။

ဆီႁမြန္နီဟာ အခုစာရင္းမွာ စတုတၳေနရာမွာသာရွိေနေပမယ့္ လာလီဂါမွာေတာ့ လစာေငြအမ်ားဆုံးနည္းျပအျဖစ္ရပ္တည္ေနတာပါ။ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ဂ်ဴဗင္တပ္စ္အသင္းဆီတစ္ေက်ာ့ျပန္ေရာက္လာတဲ့ ၀ါရင့္နည္းျပႀကီးအယ္လီဂရီကလည္း ပၪၥမေျမာက္ေနရာမွာရွိေနၿပီး အယ္လီဂရီဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ (၁)ႏွစ္ကို ေပါင္(၇.၆၅)သန္းရရွိေနတာျဖစ္ပါတယ္။

နည္းျပထိုင္ခုံေပၚမွာ ဆက္ရွိဖို႔မေသခ်ာျဖစ္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္နည္းျပဆိုးလ္ရွားဟာ အသင္းအတြက္ ဘာဆုဖလားမွမယူေပးႏိုင္ေပမယ့္ ျမင့္မားတဲ့လစာေငြရရွိေနၿပီး ေပါင္(၇.၅)သန္းနဲ႔ ဆ႒မေနရာမွာရွိေနပါတယ္။

ဒ့ါအျပင္ ခ်ယ္လ္ဆီးအသင္းအတြက္ ဒုတိယအႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားရယူေပးခဲ့တဲ့ နည္းျပတူခ်ယ္လ္(ေပါင္ရသန္း)၊ ႐ိုးမားအသင္းရဲ႕နာမည္ေက်ာ္နည္းျပေမာ္ရင္ဟို(ေပါင္၆.၅သန္း)၊ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ရလဒ္ေကင္းေတြရယူေနတဲ့ နာဂယ္လ္စမန္း(ေပါင္၆.၅သန္း)၊ PSG နည္းျပပိုခ်က္တီႏို(ေပါင္၅.၉၅သန္း)တို႔လည္း အခုစာရင္းမွာပါဝင္ခဲ့ၾကပါတယ္။