ကမ္ဘာ့ထိပ်တန်းအသင်း ၅၀ စာရင်းမှာ အဆင့် ၄၆ အထိ မန်ယူရောက်ရှိနေ

Photo- Internet
Photo- Internet

Football World Rankings ကထုတ်ပြန်တဲ့ ကမ္ဘာ့ထိပ်တန်းကလပ် ၅၀ စာရင်းထဲမှာ မန်ယူ ဟာအဆင့် ၄၆ မှာရှိနေလို့ သူတို့ရဲ့အဆင့်က အရှက်ရစရာဖြစ်တဲ့အထိ ကျဆင်းသွားခဲ့တယ်လို သိရပါတယ်။ ဒါဟာ ရလဒ်တွေဆက်တိုက် ဆိုးရွားနေမှုရဲ့အကျိုးဆက်လည်း ဖြစ်ပါတယ်။

မန်ယူဟာ ဒီရာသီပရီးမီးယားလိဂ် မှာအဆင့် ၁၂ ကိုရောက်ရှိနေပြီး တန်းဆင်းဇုန်နဲ့လည်း ၂ မှတ်သာကွာတော့လို့ နှစ်ပေါင်း ၃၀ အတွင်းအဆိုးဆုံးအခြေအနေရောက် တဲ့အထိဖြစ်နေတာပါ။ ဒါကြောင့်လည်း သူတို့ရဲ့အဆင့်ဟာ မယုံနိုင်စရာကောင်းလောက်အောင်ကို ကျဆင်းသွားခဲ့တာဖြစ်တယ်လို့ အခုထုတ်ပြန်ချက်အရ သိရပါတယ်။

Photo- Internet

မန်ယူရဲ့အထက်မှာ အင်္ဂလန်နဲ့ ဥရောပပြိုင်ဘက် ကလပ်တွေအများစုရှိနေတဲ့အပြင် အာရှနဲ့ တောင်အမေရိက ကကလပ်တွေလည်း ရပ်တည်နေကြပါတယ်။ ဒီအထဲမှာ အီဂျစ်ကလပ် အယ်ဟီလာနဲ့ တရုတ်စူပါလိဂ်ကလပ် ဂွမ်ဇူးအဲဗားဂရန်ဒီ အသင်းတို့လည်း ပါဝင်နေကြပါတယ်။ ဒါ့အပြင် မန်ယူဟာ ရလဒ်တွေဆိုးရွားမှုကြောင့် လက်ရှိစပွန်ဆာဖြစ်တဲ့ Chevrolet ကိုလည်းဆုံးရှုံးရဖို့ ရှိနေပါတယ်။

Photo- Internet

Football World Rankings ဟာပြီးခဲ့တဲ့ နှစ်ကကလပ်တွေရဲ့စွမ်းဆောင်ရည်ကို အခြေခံကာအခုစာရင်းကို ထုတ်ပြန်တာဖြစ်ပြီး နိုင်ပွဲရရှိမှု၊ တင်းနစ်ပွဲတွေမှာလို အမှတ်ရအောင်ပြန်ယူနိုင်မှု အစရှိတာတွေကို တွက်ချက်ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပွဲတိုင်းဟာ အရေးပါမှုမတူညီသလို ဖီဖာရဲ့တိုက်ကြီးများအလိုက် အဆင့်ကလည်းမတူညီတဲ့အတွက်မျှတအောင်တွက်ချက်မှုမှာတော့ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်စေဖို့ ကြိုးစားထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo- Internet

ဒီအခြေအနေကြောင့် မန်ယူရဲ့အထက်မှာ ဘောလုံးအဆင့်အတန်းနိမ့်တဲ့ နိုင်ငံတွေက ကလပ်တွေရပ်တည်နေပေမယ့် မတူညီတဲ့အခြေအနေရှိနေတယ်ဆိုတာကိုတော့ Football World Rankings ကဝန်ခံထားပါတယ်။ ဒါပေမယ့် ကလပ်တွေကို စံနှုန်းသတ်မှတ်ချက်အတိုင်း တွက်ချက်ရာမှာတော့ မန်ယူက နိမ့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Photo- Internet

Zawgyi

ကမၻာ႔ထိပ္တန္းအသင္း ၅၀ စာရင္းမွာ အဆင့္ ၄၆ အထိ မန္ယူေရာက္ရွိေန

Football World Rankings ကထုတ္ျပန္တဲ႔ ကမၻာ႔ထိပ္တန္းကလပ္ ၅၀ စာရင္းထဲမွာ မန္ယူ ဟာအဆင့္ ၄၆ မွာရွိေနလို႔ သူတို႔ရဲ႕အဆင့္က အရွက္ရစရာျဖစ္တဲ႔အထိ က်ဆင္းသြားခဲ့တယ္လို သိရပါတယ္။ ဒါဟာ ရလဒ္ေတြဆက္တိုက္ ဆိုးရြားေနမႈရဲ႕အက်ဳိးဆက္လည္း ျဖစ္ပါတယ္။

မန္ယူဟာ ဒီရာသီပရီးမီးယားလိဂ္ မွာအဆင့္ ၁၂ ကိုေရာက္ရွိေနၿပီး တန္းဆင္းဇုန္နဲ႔လည္း ၂ မွတ္သာကြာေတာ႔လို႔ ႏွစ္ေပါင္း ၃၀ အတြင္းအဆိုးဆုံးအေျခအေနေရာက္ တဲ႔အထိျဖစ္ေနတာပါ။ ဒါေၾကာင့္လည္း သူတို႔ရဲ႕အဆင့္ဟာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ကို က်ဆင္းသြားခဲ့တာျဖစ္တယ္လို႔ အခုထုတ္ျပန္ခ်က္အရ သိရပါတယ္။

မန္ယူရဲ႕အထက္မွာ အဂၤလန္နဲ႔ ဥေရာပၿပိဳင္ဘက္ ကလပ္ေတြအမ်ားစုရွိေနတဲ႔အျပင္ အာရွနဲ႔ ေတာင္အေမရိက ကကလပ္ေတြလည္း ရပ္တည္ေနၾကပါတယ္။ ဒီအထဲမွာ အီဂ်စ္ကလပ္ အယ္ဟီလာနဲ႔ တရုတ္စူပါလိဂ္ကလပ္ ဂြမ္ဇူးအဲဗားဂရန္ဒီ အသင္းတို႔လည္း ပါ၀င္ေနၾကပါတယ္။ ဒါ့အျပင္ မန္ယူဟာ ရလဒ္ေတြဆိုးရြားမႈေၾကာင့္ လက္ရွိစပြန္ဆာျဖစ္တဲ႔ Chevrolet ကိုလည္းဆုံးရႈံးရဖို႔ ရွိေနပါတယ္။

Football World Rankings ဟာၿပီးခဲ့တဲ႔ ႏွစ္ကကလပ္ေတြရဲ႕စြမ္းေဆာင္ရည္ကို အေျခခံကာအခုစာရင္းကို ထုတ္ျပန္တာျဖစ္ၿပီး ႏိုင္ပြဲရရွိမႈ၊ တင္းနစ္ပြဲေတြမွာလို အမွတ္ရေအာင္ျပန္ယူႏိုင္မႈ အစရွိတာေတြကို တြက္ခ်က္ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ဒါေပမယ္႔ ပြဲတိုင္းဟာ အေရးပါမႈမတူညီသလို ဖီဖာရဲ႕တိုက္ႀကီးမ်ားအလိုက္ အဆင့္ကလည္းမတူညီတဲ႔အတြက္မွ်တေအာင္တြက္ခ်က္မႈမွာေတာ႔ တတ္ႏိုင္သမွ် အေကာင္းဆုံးျဖစ္ေစဖို႔ ႀကိဳးစားထားတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒီအေျခအေနေၾကာင့္ မန္ယူရဲ႕အထက္မွာ ေဘာလုံးအဆင့္အတန္းနိမ့္တဲ႔ ႏိုင္ငံေတြက ကလပ္ေတြရပ္တည္ေနေပမယ္႔ မတူညီတဲ႔အေျခအေနရွိေနတယ္ဆိုတာကိုေတာ႔ Football World Rankings က၀န္ခံထားပါတယ္။ ဒါေပမယ္႔ ကလပ္ေတြကို စံႏႈန္းသတ္မွတ္ခ်က္အတိုင္း တြက္ခ်က္ရာမွာေတာ႔ မန္ယူက နိမ့္ေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။