ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ဘောလုံးကလပ် (၁၀) သင်းထိပ်ဆုံးနေရာမှာ ရီးရဲလ်ကိုအသာစီးရယူလိုက်တဲ့ ဘာစီလိုနာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ရီးရဲလ်ကိုရှုံးနိမ့်ခဲ့ပေမယ့် စပိန်လာလီဂါပြိုင်ပွဲမှာရော ကမ္ဘာ့ဘောလုံးလောကမှာပါ ထိပ်တန်းကလပ်အသင်းတစ်သင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဘာစီလိုနာအသင်းကတော့ ကမ္ဘာပေါ်ရှိ ဘောလုံးကလပ်အသင်းတွေထဲကမှ တန်ဖိုးအမြင့်မားဆုံးသော ဘောလုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

နာမည်ကြီးသတင်းဌာနတစ်ခုဖြစ်တဲ့ Forbes က စာရင်းပြုစုခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးကလပ် ၁၀ သင်းစာရင်းမှာ ဘာစီလိုနာက မဟာပြိုင်ဘက် ရီးရဲမက်ဒရစ်ကို ကျော်ဖြတ်ကာ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းစာရင်းရဲ့ ထိပ်ဆုံး ၁၀သင်းစာရင်းမှာတော့ ပရီးမီးယားလိဂ်က အသင်း ၆ သင်းပါဝင်ခဲ့တာဖြစ်ပြီး ထိပ်သီးအသင်း ၆သင်းစလုံးပါဝင်ခဲ့တာဖြစ်ပါတယ်။

ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ ပါဝင်ခဲ့တဲ့ ကျန်နှစ်သင်းကတော့ ပီအက်စ်ဂျီ နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဘောလုံးကလပ်အသင်းတွေအနေနဲ့ ငွေကြေးဆုံးရှုံးမှုတွေရှိခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ် စာရင်းထုတ်ပြန်မှုမှာ အဆင့်(၆)နေရာမှာပဲ ရှိခဲ့ရတဲ့ ယူနိုက်တက်အသင်းကတော့ ဒီနှစ် ၂၀၂၁ခုနှစ်မှာ စုစုပေါင်းတန်ဖိုး (၃.၀၆)ဘီလီယံနဲ့ အဆင့်(၄)နေရာထိ ရောက်ရှိလာခဲ့ပါတယ်။

Top 10 List ထဲမှာ မပါတာကတော့ စီးရီးအေရဲ့လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းဖြစ်ပြီး (၁.၄၂)ဘီလီယံနဲ့ အဆင့်(၁၁)နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်ဆုံး ၁၀ သင်းစာရင်းကတော့

၁။ ဘာစီလိုနာ ၊ ၂။ ရီးရဲလ်မက်ဒရစ် ၊ ၃။ ဘိုင်ယန်မြူးနစ်
၄။ ယူနိုက်တက် ၊ ၅။ လီဗာပူး ၊ ၆။ မန်စီးတီး
၇။ ချဲလ်ဆီး ၊ ၈။ အာဆင်နယ် ၊ ၉။ ပီအက်စ်ဂျီ
၁၀။ စပါးတို့ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကမာၻ႔တန္ဖိုးအျမင့္ဆုံး ေဘာလုံးကလပ္ (၁၀) သင္းထိပ္ဆုံးေနရာမွာ ရီးရဲလ္ကိုအသာစီးရယူလိုက္တဲ့ ဘာစီလိုနာ

ၿပီးခဲ့တဲ့ တနဂၤေႏြေန႕မွာ ရီးရဲလ္ကိုရံႈးနိမ့္ခဲ့ေပမယ့္ စပိန္လာလီဂါၿပိဳင္ပြဲမွာေရာ ကမာၻ႔ေဘာလုံးေလာကမွာပါ ထိပ္တန္းကလပ္အသင္းတစ္သင္းအျဖစ္ သတ္မွတ္ခံထားရတဲ့ ဘာစီလိုနာအသင္းကေတာ့ ကမာၻေပၚရွိ ေဘာလုံးကလပ္အသင္းေတြထဲကမွ တန္ဖိုးအျမင့္မားဆုံးေသာ ေဘာလုံးအသင္းအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။

နာမည္ႀကီးသတင္းဌာနတစ္ခုျဖစ္တဲ့ Forbes က စာရင္းျပဳစုခဲ့တဲ့ ကမာၻ႔အခ်မ္းသာဆုံး ေဘာလုံးကလပ္ ၁၀ သင္းစာရင္းမွာ ဘာစီလိုနာက မဟာၿပိဳင္ဘက္ ရီးရဲမက္ဒရစ္ကို ေက်ာ္ျဖတ္ကာ ထိပ္ဆုံးေနရာမွာ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ကမာၻ႔အခ်မ္းသာဆုံး ကလပ္အသင္းစာရင္းရဲ႕ ထိပ္ဆုံး ၁၀သင္းစာရင္းမွာေတာ့ ပရီးမီးယားလိဂ္က အသင္း ၆ သင္းပါဝင္ခဲ့တာျဖစ္ၿပီး ထိပ္သီးအသင္း ၆သင္းစလုံးပါဝင္ခဲ့တာျဖစ္ပါတယ္။

ထိပ္ဆုံး ၁၀ သင္းစာရင္းမွာ ပါဝင္ခဲ့တဲ့ က်န္ႏွစ္သင္းကေတာ့ ပီအက္စ္ဂ်ီ နဲ႔ ဘိုင္ယန္ျမဴးနစ္ အသင္းတို႔ပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က တစ္ကမာၻလုံးမွာ ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ ေဘာလုံးကလပ္အသင္းေတြအေနနဲ႔ ေငြေၾကးဆုံးရႈံးမႈေတြရွိခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂ဝခုႏွစ္ စာရင္းထုတ္ျပန္မႈမွာ အဆင့္(၆)ေနရာမွာပဲ ရွိခဲ့ရတဲ့ ယူႏိုက္တက္အသင္းကေတာ့ ဒီႏွစ္ ၂၀၂၁ခုႏွစ္မွာ စုစုေပါင္းတန္ဖိုး (၃.၀၆)ဘီလီယံနဲ႔ အဆင့္(၄)ေနရာထိ ေရာက္ရွိလာခဲ့ပါတယ္။

Top 10 List ထဲမွာ မပါတာကေတာ့ စီးရီးေအရဲ႕လက္ရွိခ်န္ပီယံ ဂ်ဴဗင္တပ္စ္အသင္းျဖစ္ၿပီး (၁.၄၂)ဘီလီယံနဲ႔ အဆင့္(၁၁)ေနရာမွာ ရပ္တည္ေနပါတယ္။

ထိပ္ဆုံး ၁၀ သင္းစာရင္းကေတာ့

၁။ ဘာစီလိုနာ ၊ ၂။ ရီးရဲလ္မက္ဒရစ္ ၊ ၃။ ဘိုင္ယန္ျမဴးနစ္
၄။ ယူႏိုက္တက္ ၊ ၅။ လီဗာပူး ၊ ၆။ မန္စီးတီး

၇။ ခ်ဲလ္ဆီး ၊ ၈။ အာဆင္နယ္ ၊ ၉။ ပီအက္စ္ဂ်ီ
၁၀။ စပါးတို႔ျဖစ္ပါတယ္။