
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ကမ္ဘာ့တန်ကြေးအမြင့်ဆုံးကလပ်အသင်းစာရင်းရဲ့ ထိပ်ဆုံး(၁၀)သင်းနေရာမှာ ပရီးမီးယားလိဂ်ကလပ်အများစုပါဝင်ခဲ့ပြီး အဆင့်(၁)ကနေ(၅)အတွင်းမှာပဲ ပရီးမီးယားလိဂ်ကလပ်(၄)သင်းအထိ ရပ်တည်နိုင်ခဲ့ပါတယ်။
ထိပ်ဆုံးနေရာမှာ ထုံးစံအတိုင်း ပရီးမီးယားလိဂ်လက်ရှိချန်ပီယံမန်စီးတီးအသင်းက ရပ်တည်နိုင်ခဲ့ပြီး စပါးအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင်ဂရီးလစ်ရှ်အပါအဝင် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးပွဲထွက်စာရင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဂရီးလစ်ရှ်ကို ပေါင်သန်း(၁၀၀)နဲ့ခေါ်ယူခဲ့တာအပါအဝင် ပွဲထွက်(၁၁)ယောက်ရဲ့စုစုပေါင်းတန်ဖိုးက ပေါင်သန်း(၅၃၀)အထိရှိနေပြီး အရန်ကစားသမားတွေရဲ့တန်ဖိုးက ပေါင်သန်း(၃၀၀)အထိရှိနေတာဖြစ်ပါတယ်။
နာမည်ကျော် အားကစားဝက်ဘ်ဆိုက်ဖြစ်တဲ့ Transfermarkt က ထုတ်ပြန်ခဲ့တဲ့စာရင်းအရ မန်စီးတီးကစားသမားတွေအားလုံးပေါင်း စျေးကွက်တန်ကြေးက ပေါင်(၉၅၅.၆)သန်းအထိရှိနေတာကြောင့် ကမ္ဘာ့တန်ကြေးအမြင့်ဆုံးကလပ်စာရင်းမှာ အခုလို အဆင့်(၁)နေရာရရှိခဲ့တာပဲဖြစ်ပါတယ်။
မန်စီးတီးရဲ့နောက်မှာတော့ ချန်ပီယံလိဂ်ဖလားပိုင်ရှင်ချယ်လ်ဆီးအသင်းက ပေါင်(၈၉၈.၂)သန်းနဲ့ရပ်တည်နေပြီး ချယ်လ်ဆီးအသင်းဟာ မကြာသေးခင်က တိုက်စစ်မှူးဟောင်းလူကာကူကို ပေါင်(၉၇.၅)သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
အခုနွေရာသီကာလအတွင်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားမက်ဆီအပါအဝင် နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ရာမို့စ်၊ ဒွန်နာရမ်မာ၊ ဟာကီမီ၊ ဝိုင်နယ်လ်ဒန်းတို့ကို ခေါ်ယူထားတဲ့ ပြင်သစ်ထိပ်သီး PSG အသင်းကတော့ စုစုပေါင်းတန်ဖိုးပေါင်(၈၉၄.၄)သန်းနဲ့ တတိယနေရာမှာရှိနေပြီး
ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်အသင်းက ပေါင်(၈၃၅.၄)သန်းနဲ့ စတုတ္ထနေရာမှာရပ်တည်နေတာပါ။
အခုနွေရာသီအတွင်း ကိုနာတေးတစ်ဦးတည်းကိုသာ ခေါ်ယူထားတဲ့ လီဗာပူးလ်အသင်းကစားသမားတွေရဲ့ စုစုပေါင်းစျေးကွက်ပေါက်ကြေးက ပေါင်(၈၁၄)သန်းအထိရှိနေပြီး ဘွန်ဒစ်လီဂါနာမည်ကျော်ဘိုင်ယန်မြူးနစ်အသင်းကတော့ ပေါင်(၇၃၆.၇)သန်းနဲ့ အဆင့်(၆)နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။
ဘဏ္ဍာရေးအခက်အခဲတွေကြောင့် အရင်လို ငွေသုံးမကြမ်းနိုင်တော့တဲ့ ရီးယဲလ်အသင်းက ပေါင်သန်း(၇၀၀)နဲ့ အဆင့်(၇)၊ မက်ဆီကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ဘာစီလိုနာအသင်းက စျေးကွက်ပေါက်ကြေးလျော့ကျသွားတာကြောင့် ပေါင်(၆၉၄.၅)သန်းနဲ့ အဆင့်(၈)နေရာမှာသာရှိနေပါတယ်။
ကျန်တဲ့(၂)နေရာမှာတော့ အက်သလက်တီကို(ပေါင်၆၅၆.၄၆သန်း)၊ စပါး(ပေါင်၆၃၃.၆သန်း)တို့ရပ်တည်နေကြပြီး ကမ္ဘာ့တန်ကြေးအမြင့်ဆုံးထိပ်ဆုံး(၁၀)သင်းစာရင်းမှာ ပရီးမီးယားလိဂ်ကလပ်(၅)သင်းအထိ ပါဝင်နိုင်ခဲ့ကြပါတယ်။
အံ့အားသင့်စရာကောင်းတာက အခုစာရင်းရဲ့ထိပ်ဆုံး(၁၀)သင်းမှာ အီတလီကလပ်တွေတစ်သင်းမှ မပါဝင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်သူ စီရော်နယ်လ်ရဲ့ဂျူဗင်တပ်စ်အသင်းဟာလည်း ထိပ်ဆုံး(၁၀)စာရင်းမှာမပါဝင်ခဲ့ပါဘူး။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ကမာၻ႔တန္ေၾကးအျမင့္ဆုံးကလပ္ထိပ္ဆုံး(၁၀)သင္းမွာ ပရီးမီးယားလိဂ္ကလပ္အမ်ားစုလႊမ္းမိုးထား
ကမာၻ႔တန္ေၾကးအျမင့္ဆုံးကလပ္အသင္းစာရင္းရဲ႕ ထိပ္ဆုံး(၁၀)သင္းေနရာမွာ ပရီးမီးယားလိဂ္ကလပ္အမ်ားစုပါဝင္ခဲ့ၿပီး အဆင့္(၁)ကေန(၅)အတြင္းမွာပဲ ပရီးမီးယားလိဂ္ကလပ္(၄)သင္းအထိ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ထိပ္ဆုံးေနရာမွာ ထုံးစံအတိုင္း ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံမန္စီးတီးအသင္းက ရပ္တည္ႏိုင္ခဲ့ၿပီး စပါးအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ပရီးမီးယားလိဂ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးပိုင္ရွင္ဂရီးလစ္ရွ္အပါအဝင္ ကမာၻ႔တန္ဖိုးအျမင့္ဆုံးပြဲထြက္စာရင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တာပါ။ မန္စီးတီးအသင္းဟာ ဂရီးလစ္ရွ္ကို ေပါင္သန္း(၁၀၀)နဲ႔ေခၚယူခဲ့တာအပါအဝင္ ပြဲထြက္(၁၁)ေယာက္ရဲ႕စုစုေပါင္းတန္ဖိုးက ေပါင္သန္း(၅၃၀)အထိရွိေနၿပီး အရန္ကစားသမားေတြရဲ႕တန္ဖိုးက ေပါင္သန္း(၃၀၀)အထိရွိေနတာျဖစ္ပါတယ္။
နာမည္ေက်ာ္ အားကစားဝက္ဘ္ဆိုက္ျဖစ္တဲ့ Transfermarkt က ထုတ္ျပန္ခဲ့တဲ့စာရင္းအရ မန္စီးတီးကစားသမားေတြအားလုံးေပါင္း ေစ်းကြက္တန္ေၾကးက ေပါင္(၉၅၅.၆)သန္းအထိရွိေနတာေၾကာင့္ ကမာၻ႔တန္ေၾကးအျမင့္ဆုံးကလပ္စာရင္းမွာ အခုလို အဆင့္(၁)ေနရာရရွိခဲ့တာပဲျဖစ္ပါတယ္။ မန္စီးတီးရဲ႕ေနာက္မွာေတာ့ ခ်န္ပီယံလိဂ္ဖလားပိုင္ရွင္ခ်ယ္လ္ဆီးအသင္းက ေပါင္(၈၉၈.၂)သန္းနဲ႔ရပ္တည္ေနၿပီး ခ်ယ္လ္ဆီးအသင္းဟာ မၾကာေသးခင္က တိုက္စစ္မႉးေဟာင္းလူကာကူကို ေပါင္(၉၇.၅)သန္းနဲ႔ေခၚယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
အခုေႏြရာသီကာလအတြင္း ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားမက္ဆီအပါအဝင္ နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ ရာမို႔စ္၊ ဒြန္နာရမ္မာ၊ ဟာကီမီ၊ ဝိုင္နယ္လ္ဒန္းတို႔ကို ေခၚယူထားတဲ့ ျပင္သစ္ထိပ္သီး PSG အသင္းကေတာ့ စုစုေပါင္းတန္ဖိုးေပါင္(၈၉၄.၄)သန္းနဲ႔ တတိယေနရာမွာရွိေနၿပီး ပရီးမီးယားလိဂ္ထိပ္သီး မန္ခ်က္စတာယူႏိုက္တက္အသင္းက ေပါင္(၈၃၅.၄)သန္းနဲ႔ စတုတၳေနရာမွာရပ္တည္ေနတာပါ။ အခုေႏြရာသီအတြင္း ကိုနာေတးတစ္ဦးတည္းကိုသာ ေခၚယူထားတဲ့ လီဗာပူးလ္အသင္းကစားသမားေတြရဲ႕ စုစုေပါင္းေစ်းကြက္ေပါက္ေၾကးက ေပါင္(၈၁၄)သန္းအထိရွိေနၿပီး ဘြန္ဒစ္လီဂါနာမည္ေက်ာ္ဘိုင္ယန္ျမဴးနစ္အသင္းကေတာ့ ေပါင္(၇၃၆.၇)သန္းနဲ႔ အဆင့္(၆)ေနရာမွာရပ္တည္ေနတာျဖစ္ပါတယ္။
ဘ႑ာေရးအခက္အခဲေတြေၾကာင့္ အရင္လို ေငြသုံးမၾကမ္းႏိုင္ေတာ့တဲ့ ရီးယဲလ္အသင္းက ေပါင္သန္း(၇၀၀)နဲ႔ အဆင့္(၇)၊ မက္ဆီကို လက္လႊတ္ဆုံးရႈံးလိုက္ရတဲ့ ဘာစီလိုနာအသင္းက ေစ်းကြက္ေပါက္ေၾကးေလ်ာ့က်သြားတာေၾကာင့္ ေပါင္(၆၉၄.၅)သန္းနဲ႔ အဆင့္(၈)ေနရာမွာသာရွိေနပါတယ္။ က်န္တဲ့(၂)ေနရာမွာေတာ့ အက္သလက္တီကို(ေပါင္၆၅၆.၄၆သန္း)၊ စပါး(ေပါင္၆၃၃.၆သန္း)တို႔ရပ္တည္ေနၾကၿပီး ကမာၻ႔တန္ေၾကးအျမင့္ဆုံးထိပ္ဆုံး(၁၀)သင္းစာရင္းမွာ ပရီးမီးယားလိဂ္ကလပ္(၅)သင္းအထိ ပါဝင္ႏိုင္ခဲ့ၾကပါတယ္။
အံ့အားသင့္စရာေကာင္းတာက အခုစာရင္းရဲ႕ထိပ္ဆုံး(၁၀)သင္းမွာ အီတလီကလပ္ေတြတစ္သင္းမွ မပါဝင္ခဲ့တာျဖစ္ၿပီး ကမာၻ႔အေကာင္းဆုံးကစားသမားတစ္ဦးျဖစ္သူ စီေရာ္နယ္လ္ရဲ႕ဂ်ဴဗင္တပ္စ္အသင္းဟာလည္း ထိပ္ဆုံး(၁၀)စာရင္းမွာမပါဝင္ခဲ့ပါဘူး။