ကမ္ဘာ့ဈေးအကြီးဆုံးဂိုးသမား ကီပါကို အငှားနဲ့ ခေါ်ယူဖို့ ဗလန်စီယာ စိတ်အားထက်သန်နေ

Photo Credit

Photo Credit

သတင်းတွေရဲ့ဖော်ပြချက်အရ ဗလန်စီယာအသင်းဟာ ချဲလ်ဆီးအသင်းမှာ အနာဂတ်မသေမချာဖြစ်နေတဲ့ ဂိုးသမား ကီပါကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ ဗလန်စီယာဟာ ၂၀၁၉ နွေရာသီက ဘာစီလိုနာကနေ ရောက်လာပြီးနောက် လက်စွမ်းမပြနိုင်ဖြစ်နေတဲ့ ဦးစားပေးဂိုးသမား ဆီလက်ဆန် အသင်းပြောင်းရွှေ့ဖွယ်ရှိနေလို့ သူ့နေရာမှာ စပိန်လက်ရွေးစင် ကီပါနဲ့ အစားထိုးချင်နေတာပါ။

Photo Credit

ဗလန်စီယာမြို့အခြေစိုက် Plaza Deportiva ရဲ့ဖော်ပြချက်အရ နယ်သာလန်လက်ရွေးစင် ဆီလက်ဆန်ဟာ အသင်းဟောင်း အေဂျက်စ်ကို ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ နောက်ထပ်စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ Mundo Deportivo က ဗလန်စီယာအနေနဲ့ ဆီလက်ဆန်သာ ပြောင်းရွှေ့သွားရင် ကီပါကို အစားထိုးဖို့ ခေါ်ယူဖွယ်ရှိနေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

Photo Credit

ဒါ့အပြင် ချဲလ်ဆီးကလည်း ကီပါကို တစ်ရာသီအငှားနဲ့ လက်မလွှတ်ခင် အေဂျက်စ်ဂိုးသမား အိုနာနာကို ခေါ်ယူဖွယ်ရှိနေပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိ ကီပါဟာ ၂၀၁၈ နွေရာသီက ရီးရဲလ်ရောက်သွားတဲ့ ကော်တွိုက်စ်ရဲ့နေရာမှာ အစားထိုးမှုအဖြစ် ဘီလ်ဘာအိုကနေ ရောက်လာသူဖြစ်ပြီး ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၁ သန်းအထိ ကုန်ကျခဲ့ရပါတယ်။

Photo Credit

ဒါပေမဲ့ သူဟာ ဒီရာသီ နည်းပြသစ်လမ်းပတ်လက်ထက်မှာ လက်စွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး လမ်းပတ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲတွေမရပ်နားခင် လက်စတာ၊ ယူနိုက်တက်၊ တော့တင်ဟမ်၊ ဘိုင်ယန်မြူးနစ်တို့နဲ့ပွဲကြီးတွေမှာ အရန်ဂိုးသမား ကာဘယ်လီရိုကို ပွဲထုတ်ခဲ့ပါတယ်။ ကီပါကလည်း စပိန်အသင်းမှာ ယူနိုက်တက်ဂိုးသမား ဒီဂီယာကို ကျော်ဖြတ်ပြီး ဦးစားပေးဂိုးသမားဖြစ်ရေးအတွက် ရာသီသစ်မှာ ပွဲထွက်ခွင့်လိုအပ်နေပါတယ်။

Photo Credit

Zawgyi

ကမၻာ့ေစ်းအႀကီးဆုံးဂုိးသမား ကီပါကို အငွားနဲ႔ ေခၚယူဖုိ႔ ဗလန္စီယာ စိတ္အားထက္သန္ေန

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဗလန္စီယာအသင္းဟာ ခ်ဲလ္ဆီးအသင္းမွာ အနာဂတ္မေသမခ်ာျဖစ္ေနတဲ့ ဂုိးသမား ကီပါကို အငွားနဲ႔ ေခၚယူဖုိ႔ စိတ္၀င္စားေနတယ္လုိ႔သိရပါတယ္။ ဗလန္စီယာဟာ ၂၀၁၉ ေႏြရာသီက ဘာစီလုိနာကေန ေရာက္လာၿပီးေနာက္ လက္စြမ္းမျပႏိုင္ျဖစ္ေနတဲ့ ဦးစားေပးဂိုးသမား ဆီလက္ဆန္ အသင္းေျပာင္းေရႊ႕ဖြယ္ရွိေနလုိ႔ သူ႕ေနရာမွာ စပိန္လက္ေရြးစင္ ကီပါနဲ႔ အစားထိုးခ်င္ေနတာပါ။
ဗလန္စီယာၿမိဳ႕အေျခစိုက္ Plaza Deportiva ရဲ႕ေဖာ္ျပခ်က္အရ နယ္သာလန္လက္ေရြးစင္ ဆီလက္ဆန္ဟာ အသင္းေဟာင္း ေအဂ်က္စ္ကို ျပန္လည္ေျပာင္းေရႊ႕ဖြယ္ရွိေနတယ္လုိ႔ သိရပါတယ္။ ေနာက္ထပ္စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ Mundo Deportivo က ဗလန္စီယာအေနနဲ႔ ဆီလက္ဆန္သာ ေျပာင္းေရႊ႕သြားရင္ ကီပါကို အစားထုိးဖို႔ ေခၚယူဖြယ္ရွိေနတယ္လုိ႔ ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါ့အျပင္ ခ်ဲလ္ဆီးကလည္း ကီပါကို တစ္ရာသီအငွားနဲ႔ လက္မလႊတ္ခင္ ေအဂ်က္စ္ဂိုးသမား အိုနာနာကို ေခၚယူဖြယ္ရွိေနပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ရွိ ကီပါဟာ ၂၀၁၈ ေႏြရာသီက ရီးရဲလ္ေရာက္သြားတဲ့ ေကာ္တြိဳက္စ္ရဲ႕ေနရာမွာ အစားထုိးမႈအျဖစ္ ဘီလ္ဘာအိုကေန ေရာက္လာသူျဖစ္ၿပီး ဂုိးသမားတစ္ဦးအတြက္ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၁ သန္းအထိ ကုန္က်ခဲ့ရပါတယ္။
ဒါေပမဲ့ သူဟာ ဒီရာသီ နည္းျပသစ္လမ္းပတ္လက္ထက္မွာ လက္စြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ေနရၿပီး လမ္းပတ္က ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ပြဲေတြမရပ္နားခင္ လက္စတာ၊ ယူႏိုက္တက္၊ ေတာ့တင္ဟမ္၊ ဘိုင္ယန္ျမဴးနစ္တုိ႔နဲ႔ပြဲႀကီးေတြမွာ အရန္ဂိုးသမား ကာဘယ္လီ႐ိုကို ပြဲထုတ္ခ့ဲပါတယ္။ ကီပါကလည္း စပိန္အသင္းမွာ ယူႏုိက္တက္ဂုိးသမား ဒီဂီယာကို ေက်ာ္ျဖတ္ၿပီး ဦးစားေပးဂိုးသမားျဖစ္ေရးအတြက္ ရာသီသစ္မွာ ပြဲထြက္ခြင့္လုိအပ္ေနပါတယ္။