
“ဆော်ဒီလိဂ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုလို ကစားသမားမျိုး ကစားနေတာကို ကျွန်တော်တို့ မြင်ချင်ပါတယ်” ဆိုပြီး
ဆော်ဒီအာရေးဗီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ယာဆာ အယ်လ်မီဆီဟယ်လ်က The Athletic သတင်းမီဒီယာနဲ့တွေ့ဆုံမှုမှာ ပြောကြားခဲ့သလို
ယာဆာ အယ်လ်မီဆီဟယ်လ်က ရော်နယ်ဒိုကို ဆော်ဒီရဲ့ ပြိုင်ပွဲတွေဆီကို ခေါ်ဆောင်လာနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။
သူဟာ ရော်နယ်ဒိုရဲ့ အောင်မြင်မှုတွေ၊ စံချိန်မှတ်တမ်းတွေကိုလည်း လေးစားသူတစ်ယောက်ဖြစ်နေပြီး
ဒီအချက်တွေက ဆော်ဒီရဲ့လူငယ်ကစားသမားတွေအတွက် စံပြနမူနာကောင်းဖြစ်လာနိုင်တယ်လို့လည်း
ယုံကြည်ထားတယ်လို့ ပြောထားပါတယ်။
ဒီနေ့မှာ စပိန်မီဒီယာတွေဆီကနေ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သတင်းတစ်ခုတက်လာခဲ့သလို
ဖာဘရီဇီယို ရိုမာနိုကလည်း ဒီသတင်းကိုအတည်ပြုချက်လုပ်ထားပါတယ်။
ဒါကတော့ ယူနိုက်တက်နဲ့စာချုပ်ဖျက်သိမ်းထားတဲ့ ရော်နယ်ဒိုကို ဆော်ဒီကလပ် အယ်နာဆာက
တစ်ရာသီ ပေါင် (၁၇၃) သန်း တန်ကြေးရှိတဲ့ စာချုပ်နဲ့ ကမ်းလှမ်းမှုလုပ်လာတဲ့ သတင်းဖြစ်ပါတယ်။
ဒါ့အပြင်စာချုပ် သက်တမ်းဟာလည်း ၂ နှစ်ခွဲဖြစ်တာကြောင့် စာချုပ်ကို ရော်နယ်ဒိုက လက်ခံခဲ့မယ်ဆိုရင်
သူ့ရဲ့ အသက် (၄၀)ပြည့်တဲ့ ၂၀၂၅ အထိ သူကစားတာကို မြင်ရတော့မှာဖြစ်တယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြလာတာ ဖြစ်ပါတယ်။
အယ်နာဆာဟာ ရော်နယ်ဒိုကို ပြီးခဲ့တဲ့နွေရာသီ အပြောင်းအေရွှေ့ကာလ ထဲက ကမ်းလှမ်းမှုလုပ်ခဲ့တဲ့အသင်းဖြစ်ပေမယ့်
အဲ့သည့်အချိန်က ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ကန်ရဖို့သာ စဉ်းစားနေခဲ့တာကြောင့် ငြင်းပယ်ခဲ့ပါသေးတယ်။
အခုအချိန်မှာတော့ အရွယ်ရနေတဲ့သူ့ကို ဥရောပထိပ်သီးအသင်းတွေက စိတ်မဝင်စားကြတော့တဲ့အတွက်
ရော်နယ်ဒိုဟာ ဆော်ဒီကိုပြောင်းရမယ့်အခြေအနေရောက်လာပြီလို့ဆိုရတော့မှာပါ။
နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကတော့ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့
တောင်ကိုရီးယားအသင်းနဲ့ သောကြာနေ့မှာ ကစားမယ့် ပေါ်တူဂီအသင်းနဲ့ပွဲစဉ်အတွက်သာ အာရုံစိုက်ကာ ပြင်ဆင်မှုတွေလုပ်နေမှာ ဖြစ်ပြီး
ကမ္ဘာ့ဖလား ကာလအတွင်းမှာတော့ ရော်နယ်ဒိုဟာ သူ့ရဲ့အပြောင်းအရွှေ့နဲ့
ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေ ချသွားမှာမဟုတ်ဘူးလို့ မှတ်ချက်ပေးထားပါတယ်။
အယ်နာဆာဟာ ဆော်ဒီရဲ့အအောင်မြင်ဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး ဆော်ဒီချန်ပီယံဆုကို ၉ ကြိမ်ရထားကာ နောက်ဆုံးဗိုလ်စွဲခဲ့တာက ၂၀၁၉ က ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်မှာလည်း အယ်နာဆာဟာ လိဂ်မှာသာ ဗိုလ်မစွဲခဲ့ပေမယ့် ဆော်ဒီစူပါဖလားမှာတော့ ဗိုလ်စွဲခဲ့တာပါ။
အယ်နာဆာကို ပြင်သစ်သားရူဒီဂါစီယာက ကိုင်တွယ်နေပြီး သူဟာ ရိုးမား၊ မာဆေးနဲ့ လိုင်ယွန်နည်းပြဟောင်းလည်း ဖြစ်ပါတယ်။
လက်ရှိအယ်နာဆာအသင်းမှာလည်း အာဆင်နယ်ဂိုးသမားဟောင်းအော့စ်ပီနာ၊ ဘရာဇီးကွင်းလယ်လူဂတ်စတာဗိုနဲ့
အခုကမ္ဘာ့ဖလားမှာ ဂိုးသွင်းခဲ့တဲ့ ကင်မရွန်းတိုက်စစ်မှုးအဘိုဘာကာတို့ ကစားနေကြပါတယ်။
zawgyi
ကမာၻ႔စံခ်ိန္တင္ ကမ္းလွမ္းမႈလုပ္ထားတဲ့ ေဆာ္ဒီကလပ္ကေတာ့ ေရာ္နယ္ဒို ဖုန္းေခၚလာမယ့္အခ်ိန္ကိုေစာင့္ေနၿပီ…
“ေဆာ္ဒီလိဂ္မွာ ခရစၥတီယာႏို ေရာ္နယ္ဒိုလို ကစားသမားမ်ိဳး ကစားေနတာကို ကြၽန္ေတာ္တို႔ ျမင္ခ်င္ပါတယ္” ဆိုၿပီး
ေဆာ္ဒီအာေရးဗီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ ယာဆာ အယ္လ္မီဆီဟယ္လ္က The Athletic သတင္းမီဒီယာနဲ႔ေတြ႕ဆုံမႈမွာ ေျပာၾကားခဲ့သလို
ယာဆာ အယ္လ္မီဆီဟယ္လ္က ေရာ္နယ္ဒိုကို ေဆာ္ဒီရဲ႕ ၿပိဳင္ပြဲေတြဆီကို ေခၚေဆာင္လာႏိုင္ဖို႔လည္း ေမွ်ာ္လင့္ေနပါတယ္။
သူဟာ ေရာ္နယ္ဒိုရဲ႕ ေအာင္ျမင္မႈေတြ၊ စံခ်ိန္မွတ္တမ္းေတြကိုလည္း ေလးစားသူတစ္ေယာက္ျဖစ္ေနၿပီး
ဒီအခ်က္ေတြက ေဆာ္ဒီရဲ႕လူငယ္ကစားသမားေတြအတြက္ စံျပနမူနာေကာင္းျဖစ္လာႏိုင္တယ္လို႔လည္း
ယုံၾကည္ထားတယ္လို႔ ေျပာထားပါတယ္။
ဒီေန႔မွာ စပိန္မီဒီယာေတြဆီကေန ေရာ္နယ္ဒိုရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သက္ၿပီး သတင္းတစ္ခုတက္လာခဲ့သလို
ဖာဘရီဇီယို ႐ိုမာႏိုကလည္း ဒီသတင္းကိုအတည္ျပဳခ်က္လုပ္ထားပါတယ္။
ဒါကေတာ့ ယူႏိုက္တက္နဲ႔စာခ်ဳပ္ဖ်က္သိမ္းထားတဲ့ ေရာ္နယ္ဒိုကို ေဆာ္ဒီကလပ္ အယ္နာဆာက
တစ္ရာသီ ေပါင္ (၁၇၃) သန္း တန္ေၾကးရွိတဲ့ စာခ်ဳပ္နဲ႔ ကမ္းလွမ္းမႈလုပ္လာတဲ့ သတင္းျဖစ္ပါတယ္။
ဒါ့အျပင္စာခ်ဳပ္ သက္တမ္းဟာလည္း ၂ ႏွစ္ခြဲျဖစ္တာေၾကာင့္ စာခ်ဳပ္ကို ေရာ္နယ္ဒိုက လက္ခံခဲ့မယ္ဆိုရင္
သူ႔ရဲ႕ အသက္ (၄၀)ျပည့္တဲ့ ၂၀၂၅ အထိ သူကစားတာကို ျမင္ရေတာ့မွာျဖစ္တယ္လို႔ စပိန္သတင္းစာ မာကာက ေဖာ္ျပလာတာ ျဖစ္ပါတယ္။
အယ္နာဆာဟာ ေရာ္နယ္ဒိုကို ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းေအေ႐ႊ႕ကာလ ထဲက ကမ္းလွမ္းမႈလုပ္ခဲ့တဲ့အသင္းျဖစ္ေပမယ့္
အဲ့သည့္အခ်ိန္က ေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ ကန္ရဖို႔သာ စဥ္းစားေနခဲ့တာေၾကာင့္ ျငင္းပယ္ခဲ့ပါေသးတယ္။
အခုအခ်ိန္မွာေတာ့ အ႐ြယ္ရေနတဲ့သူ႔ကို ဥေရာပထိပ္သီးအသင္းေတြက စိတ္မဝင္စားၾကေတာ့တဲ့အတြက္
ေရာ္နယ္ဒိုဟာ ေဆာ္ဒီကိုေျပာင္းရမယ့္အေျခအေနေရာက္လာၿပီလို႔ဆိုရေတာ့မွာပါ။
နာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုကေတာ့ ေရာ္နယ္ဒိုဟာ ကမာၻ႔ဖလားအုပ္စုေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့
ေတာင္ကိုရီးယားအသင္းနဲ႔ ေသာၾကာေန႔မွာ ကစားမယ့္ ေပၚတူဂီအသင္းနဲ႔ပြဲစဥ္အတြက္သာ အာ႐ုံစိုက္ကာ ျပင္ဆင္မႈေတြလုပ္ေနမွာ ျဖစ္ၿပီး
ကမာၻ႔ဖလား ကာလအတြင္းမွာေတာ့ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕အေျပာင္းအေ႐ႊ႕နဲ႔
ပတ္သက္တဲ့ဆုံးျဖတ္ခ်က္ေတြ ခ်သြားမွာမဟုတ္ဘူးလို႔ မွတ္ခ်က္ေပးထားပါတယ္။
အယ္နာဆာဟာ ေဆာ္ဒီရဲ႕အေအာင္ျမင္ဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ၿပီး ေဆာ္ဒီခ်န္ပီယံဆုကို ၉ ႀကိမ္ရထားကာ ေနာက္ဆုံးဗိုလ္စြဲခဲ့တာက ၂၀၁၉ က ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ၂ ႏွစ္မွာလည္း အယ္နာဆာဟာ လိဂ္မွာသာ ဗိုလ္မစြဲခဲ့ေပမယ့္ ေဆာ္ဒီစူပါဖလားမွာေတာ့ ဗိုလ္စြဲခဲ့တာပါ။
အယ္နာဆာကို ျပင္သစ္သား႐ူဒီဂါစီယာက ကိုင္တြယ္ေနၿပီး သူဟာ ႐ိုးမား၊ မာေဆးနဲ႔ လိုင္ယြန္နည္းျပေဟာင္းလည္း ျဖစ္ပါတယ္။
လက္ရွိအယ္နာဆာအသင္းမွာလည္း အာဆင္နယ္ဂိုးသမားေဟာင္းေအာ့စ္ပီနာ၊ ဘရာဇီးကြင္းလယ္လူဂတ္စတာဗိုနဲ႔
အခုကမာၻ႔ဖလားမွာ ဂိုးသြင္းခဲ့တဲ့ ကင္မ႐ြန္းတိုက္စစ္မႈးအဘိုဘာကာတို႔ ကစားေနၾကပါတယ္။