ကမ္ဘာ့ချန်ပီယံပြင်သစ်နဲ့ လက်ရှိယူရိုချန်ပီယံ ပေါ်တူဂီတို့ကိုကျော်ဖြတ်ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲအသင်းလူစာရင်း တန်ကြေးအမြင့်ဆုံးအသင်းဖြစ်နေတဲ့ အင်္ဂလန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရို ၂၀၂၀ ပြိုင်ပွဲဝင်မယ့်အသင်းတွေထဲမှာ ဈေးအကြီးဆုံးအသင်းလူစာရင်းကို ပိုင်ဆိုင်ထားတဲ့အသင်းကတော့ ကမ္ဘာ့ချန်ပီယံပြင်သစ်၊ ယူရိုချန်ပီယံ ပေါ်တူဂီနဲ့ အင်အားကြီးစပိန်တို့ကိုကျော်ဖြတ်ပြီး အင်္ဂလန်အသင်းက ပေါင် ၁.၃ ဘီလီယံနဲ့ တန်ကြေးအမြင့်ဆုံးအသင်းဖြစ်နေပါတယ်။

အင်္ဂလန်ဟာ နေးရှင်းလိဂ်နောက်ဆုံး အဆင့်ပြိုင်ပွဲကိုလည်း ကစားရဖို့ရှိပါသေးတယ်။ အင်္ဂလန်အသင်းရဲ့နောက်မှာ ကမ္ဘာ့ချန်ပီယံ ပြင်သစ်အသင်းက ပေါင် ၉၃၂ သန်းနဲ့ ဒုတိယနေရာမှာရှိနေပြီး စပိန်အသင်းက ပေါင် ၇၅၈ သန်းနဲ့ တတိယနေရာမှာရှိနေပါတယ်။ ယူရိုလက်ရှိ ချန်ပီယံ ပေါ်တူဂီအသင်းကတော့ ပေါင် ၆၈၆ သန်းနဲ့ စတုတ္ထနေရာမှာပဲ ရှိပါ တယ်။

ကစားသမားတစ်ဦးချင်းစီအလိုက် တန်ကြေးအများဆုံးကစားသမားက တော့ အင်္ဂလန်အသင်းမှာ စတာလင်းက ပေါင် ၁၁၅ သန်းနဲ့ရှိနေပြီး ပြင်သစ်တိုက် စစ်မှူး အမ်ဘတ်ပီကတော့ ပေါင် ၁၆၂ သန်းနဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။

ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ နောက်ဆုံးနေရာမှာရှိနေတဲ့အသင်းကတော့ ဒိန်းမတ်အသင်း လူစာရင်းနဲ့ တန်ကြေးက ပေါင် ၂၆၃ သန်းသာရှိသလို သူတို့အသင်းက တန်ကြေး အမြင့်ဆုံးကစားသမားအဖြစ် အဲရစ်ဆင်က ပေါင် ၄၅ သန်း ရှိနေပါတယ်။ ကစားသမားတန်ကြေးတွေနဲ့ အသင်းလိုက်လူစာရင်းတွေရဲ့ တန်ဖိုးတွက်ချက်မှု ကို Transfer Market က တွက်ချက်ထားတာဖြစ်ပါတယ်။

၂၄ သင်း ယှဉ်ပြိုင် ကစားမယ့် ယူရိုပြိုင်ပွဲမှာ တန်ကြေးအမြင့်ဆုံးသတ်မှတ်ခံထားရတဲ့ အင်္ဂလန်အ သင်းမှာ ပေါင်သန်း ၁၀၀ ကျော် တန်ကြေးရှိတဲ့ကစားသမား ၃ ဦးအထိ ပါဝင်နေ ပြီး သူတို့ကတော့ စတာလင်း(ပေါင် ၁၁၅သန်း)၊ ဟယ်ရီကိန်း(ပေါင် ၁၀၈သန်း) နဲ့ ဆန်ချို(၁၀၅သန်း)တို့ပဲ ဖြစ်ပါတယ်။

လီဗာပူးနောက်ခံလူ အာနိုးရဲ့ ဈေးကွက်တန် ဖိုးကလည်း ပေါင် ၉၉ သန်းဖြစ်တာကြောင့် ပေါင်သန်း ၁၀၀ နီးပါးပါပဲ။ အခြား အသင်းတွေမှာ ပေါင်သန်း ၁၀၀ အထက် တန်ကြေးရှိတဲ့ကစားသမား တစ်ဦးထက်ပိုပြီးရှိတဲ့အသင်း မတွေ့ရပါဘူး။ ပေါင်သန်း ၅၀ နဲ့အထက် တန်ဖိုးရှိ တဲ့ကစားသမား အများဆုံးပါဝင်တဲ့အသင်းကတော့ ပြင်သစ်အသင်းဖြစ်ပြီး ၈ ဦး အထိ ရှိနေပါတယ်။

လက်ရှိချန်ပီယံ ပေါ်တူဂီအသင်းမှာ ဈေးကွက်တန်ကြေးအရ အမြင့်ဆုံးကစားသမားက တိုက်စစ်မှူး ဂျာအိုဖီးလစ်ဖြစ်ပြီး စီရော်နယ်ဒို မဟုတ်ပါဘူး။

ပြိုင်ပွဲအဝင်အသင်းတွေအားလုံးရဲ့အောက်ဆုံးမှာတော့ ဈေးကွက်တန်ကြေး အရ အနည်းဆုံးအသင်းက ဖင်လန်ဖြစ်ပြီး အသင်းလူစာရင်းရဲ့ တန်ကြေးစုစုပေါင်းဟာ ပေါင်သန်း ၁၀၀ အောက်မှာပဲ ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကမာၻ႔ခ်န္ပီယံျပင္သစ္နဲ႔ လက္ရွိယူရိုခ်န္ပီယံ ေပၚတူဂီတို႔ကိုေက်ာ္ျဖတ္ၿပီး ယူရို ၂၀၂၀ ၿပိဳင္ပြဲအသင္းလူစာရင္း တန္ေၾကးအျမင့္ဆံုးအသင္းျဖစ္ေနတဲ့ အဂၤလန္

ယူရို ၂၀၂၀ ၿပိဳင္ပြဲ၀င္မယ့္အသင္းေတြထဲမွာ ေစ်းအႀကီးဆံုးအသင္းလူစာရင္းကို ပုိင္ဆိုင္ထားတဲ့အသင္းကေတာ့ ကမာၻ႔ခ်န္ပီယံျပင္သစ္၊ ယူရိုခ်န္ပီယံ ေပၚတူဂီနဲ႔ အင္အားႀကီးစပိန္တုိ႔ကိုေက်ာ္ျဖတ္ၿပီး အဂၤလန္အသင္းက ေပါင္ ၁.၃ ဘီလီယံနဲ႔ တန္ေၾကးအျမင့္ဆံုးအသင္းျဖစ္ေနပါတယ္။

အဂၤလန္ဟာ ေနးရွင္းလိဂ္ေနာက္ဆံုး အဆင့္ၿပိဳင္ပြဲကိုလည္း ကစားရဖို႔ရိွပါေသးတယ္။ အဂၤလန္အသင္းရဲ႕ေနာက္မွာ ကမာၻ႔ခ်န္ပီယံ ျပင္သစ္အသင္းက ေပါင္ ၉၃၂ သန္းနဲ႔ ဒုတိယေနရာမွာရွိေနၿပီး စပိန္အသင္းက ေပါင္ ၇၅၈ သန္းနဲ႔ တတိယေနရာမွာရွိေနပါတယ္။ ယူရိုလက္ရွိ ခ်န္ပီယံ ေပၚတူဂီအသင္းကေတာ့ ေပါင္ ၆၈၆ သန္းနဲ႔ စတုတၳေနရာမွာပဲ ရွိပါ တယ္။

ကစားသမားတစ္ဦးခ်င္းစီအလိုက္ တန္ေၾကးအမ်ားဆံုးကစားသမားက ေတာ့ အဂၤလန္အသင္းမွာ စတာလင္းက ေပါင္ ၁၁၅ သန္းနဲ႔ရွိေနၿပီး ျပင္သစ္တိုက္ စစ္မွဴး အမ္ဘတ္ပီကေတာ့ ေပါင္ ၁၆၂ သန္းနဲ႔ ထိပ္ဆံုးမွာရွိေနပါတယ္။

ထိပ္ဆံုး ၁၀ သင္းစာရင္းမွာ ေနာက္ဆံုးေနရာမွာရွိေနတဲ့အသင္းကေတာ့ ဒိန္းမတ္အသင္း လူစာရင္းနဲ႔ တန္ေၾကးက ေပါင္ ၂၆၃ သန္းသာရွိသလို သူတို႔အသင္းက တန္ေၾကး အျမင့္ဆံုးကစားသမားအျဖစ္ အဲရစ္ဆင္က ေပါင္ ၄၅ သန္း ရွိေနပါတယ္။ ကစားသမားတန္ေၾကးေတြနဲ႔ အသင္းလိုက္လူစာရင္းေတြရဲ႕ တန္ဖိုးတြက္ခ်က္မႈ ကို Transfer Market က တြက္ခ်က္ထားတာျဖစ္ပါတယ္။

၂၄ သင္း ယွဥ္ၿပိဳင္ ကစားမယ့္ ယူရိုၿပိဳင္ပြဲမွာ တန္ေၾကးအျမင့္ဆံုးသတ္မွတ္ခံထားရတဲ့ အဂၤလန္အ သင္းမွာ ေပါင္သန္း ၁၀၀ ေက်ာ္ တန္ေၾကးရွိတဲ့ကစားသမား ၃ ဦးအထိ ပါ၀င္ေန ၿပီး သူတို႔ကေတာ့ စတာလင္း(ေပါင္ ၁၁၅သန္း)၊ ဟယ္ရီကိန္း(ေပါင္ ၁၀၈သန္း) နဲ႔ ဆန္ခ်ဳိ(၁၀၅သန္း)တို႔ပဲ ျဖစ္ပါတယ္။

လီဗာပူးေနာက္ခံလူ အာႏိုးရဲ႕ ေစ်းကြက္တန္ ဖိုးကလည္း ေပါင္ ၉၉ သန္းျဖစ္တာေၾကာင့္ ေပါင္သန္း ၁၀၀ နီးပါးပါပဲ။ အျခား အသင္းေတြမွာ ေပါင္သန္း ၁၀၀ အထက္ တန္ေၾကးရွိတဲ့ကစားသမား တစ္ဦးထက္ပိုၿပီးရွိတဲ့အသင္း မေတြ႕ရပါဘူး။ ေပါင္သန္း ၅၀ နဲ႔အထက္ တန္ဖိုးရွိ တဲ့ကစားသမား အမ်ားဆံုးပါ၀င္တဲ့အသင္းကေတာ့ ျပင္သစ္အသင္းျဖစ္ၿပီး ၈ ဦး အထိ ရွိေနပါတယ္။

လက္ရွိခ်န္ပီယံ ေပၚတူဂီအသင္းမွာ ေစ်းကြက္တန္ေၾကးအရ အျမင့္ဆံုးကစားသမားက တိုက္စစ္မွဴး ဂ်ာအိုဖီးလစ္ျဖစ္ၿပီး စီေရာ္နယ္ဒို မဟုတ္ပါဘူး။

ၿပိဳင္ပြဲအ၀င္အသင္းေတြအားလံုးရဲ႕ေအာက္ဆံုးမွာေတာ့ ေစ်းကြက္တန္ေၾကး အရ အနည္းဆံုးအသင္းက ဖင္လန္ျဖစ္ၿပီး အသင္းလူစာရင္းရဲ႕ တန္ေၾကးစုစုေပါင္းဟာ ေပါင္သန္း ၁၀၀ ေအာက္မွာပဲ ရွိပါတယ္။