ကမ္ဘာမြေကြီးရဲ့ဆွဲအားကို အံတုပြီး ခေါင်းတိုက်ဂိုးသွင်းခဲ့တဲ့ စီရော်နယ်ဒို

photo-daily mail

photo-gettyimages

စီရော်နယ်ဒိုရဲ့သိပ်ကောင်းလွန်းလှတဲ့မယုံနိုင်ဖွယ်ခေါင်းတိုက်အနိုင်ဂိုးနဲ့အတူ ဂျူဗင်တပ်ဟာ ဆမ်ဒိုရီးယားကို ၂-၁ နဲ့အနိုင်ရပြီး စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အဲဒီပေါ်တူဂီကြယ်ပွင့်ဟာ ၁-၁ ဖြစ်နေချိန် ပထမပိုင်းပြီးကာနီးမှာ ဂျူဗင်တပ်အတွက် အနိုင်ဂိုးဖြစ်စေမယ့် ဒုတိယဂိုးကိုသွင်းပေးခဲ့တာပါ။ နောက်ခံအစွန်ကစားသမားဆန်ဒရိုရဲ့ဖြတ်တင်ဘောကနေ ဖြစ်ပါတယ်။

photo-gettyimages

အဆုံးသတ်ကောင်းတဲ့တိုက်စစ်မှုးတစ်ယောက်ပီပီ စီရော်နယ်ဒိုဟာ အနီးကပ်ပဲဖြစ်ဖြစ် အဝေးကပဲဖြစ်ဖြစ် ဘယ်လိုနေရာကမဆိုဂိုးသွင်းနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့အကောင်းဆုံးဂိုးတွေထဲမှာ အများစုက အံ့အားသင့်ဖွယ်ခုန်ယူမှုနဲ့ ခေါင်းတိုက်ဂိုးသွင်းတာတွေပါ။ ဆမ်ဒိုးရီးယားနဲ့ပွဲက ဂိုးဟာလည်း အဲဒီလိုမျိုးဂိုးတွေထဲက တစ်ဂိုးပါပဲ။ ပိုအံ့သြစရာကောင်းတာက ကမ္ဘာမြေကြီးရဲ့ဆွဲအားကို အံတုပြီး ခေါင်းတိုက်ဂိုးသွင်းခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ သူဟာ ၂.၅၆ မီတာအထိခုန်ခဲ့ပြီး လေထဲမှာ ၁.၅ စက္ကန့်ကြာခဲ့လို့ပါ။

https://twitter.com/i/status/1207378790369964034

လက်ရှိဆမ်ဒိုးရီးယားနည်းပြဖြစ်တဲ့ လက်စတာနည်းပြဟောင်းရေနီယာရီကဆိုရင် စီရော်နယ်ဒိုရဲ့အဲဒီသွင်းဂိုးနဲ့ပတ်သက်လို့ အခုလိုမျိုုးမှတ်ချက်ချ ချီးကျူးခဲ့ပါတယ်။ ”စီရော်နယ်ဒိုဟာ NBA ဘက်စ်ကတ်ဘောကစားသမားတစ်ယောက်လိုပါပဲ။ လေထဲမှာ တစ်နာရီခွဲလောက် သူရှိနေခဲ့တာပါ”လို့ ရေနီယာရီက ရယ်ပြီး ပြောသွားခဲ့တာပါ။

[Zawgyi]

ကမာၻေျမႀကီးရဲ႕ဆြဲအားကို အံတုၿပီး ေခါင္းတိုက္ဂိုးသြင္းခဲ့တဲ့ စီေရာ္နယ္ဒို

စီေရာ္နယ္ဒိုရဲ႕သိပ္ေကာင္းလြန္းလွတဲ့မယုံႏိုင္ဖြယ္ေခါင္းတုိက္အႏိုင္ဂိုးနဲ႔အတူ ဂ်ဴဗင္တပ္ဟာ ဆမ္ဒိုရီးယားကို ၂-၁ နဲ႔အႏိုင္ရၿပီး စီးရီးေအအမွတ္ေပးဇယားထိပ္ဆုံးေနရာကို တက္လွမ္းႏိုင္ခဲ့ပါတယ္။ အဲဒီေပၚတူဂီၾကယ္ပြင့္ဟာ ၁-၁ ျဖစ္ေနခ်ိန္ ပထမပိုင္းၿပီးကာနီးမွာ ဂ်ဴဗင္တပ္အတြက္ အႏိုင္ဂိုးျဖစ္ေစမယ့္ ဒုတိယဂိုးကိုသြင္းေပးခဲ့တာပါ။ ေနာက္ခံအစြန္ကစားသမားဆန္ဒရိုရဲ႕ျဖတ္တင္ေဘာကေန ျဖစ္ပါတယ္။

အဆုံးသတ္ေကာင္းတဲ့တိုက္စစ္မႈးတစ္ေယာက္ပီပီ စီေရာ္နယ္ဒိုဟာ အနီးကပ္ပဲျဖစ္ျဖစ္ အေ၀းကပဲျဖစ္ျဖစ္ ဘယ္လိုေနရာကမဆုိဂိုးသြင္းႏိုင္စြမ္းရွိပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕အေကာင္းဆံုးဂိုးေတြထဲမွာ အမ်ားစုက အံ့အားသင့္ဖြယ္ခုန္ယူမႈနဲ႔ ေခါင္းတိုက္ဂိုးသြင္းတာေတြပါ။ ဆမ္ဒိုးရီးယားနဲ႔ပြဲက ဂိုးဟာလည္း အဲဒီလုိမ်ိဳးဂိုးေတြထဲက တစ္ဂိုးပါပဲ။ ပိုအ့ံၾသစရာေကာင္းတာက ကမာၻေျမႀကီးရဲ႕ဆြဲအားကို အံတုၿပီး ေခါင္းတုိက္ဂိုးသြင္းခဲ့တာပါ။ ဘာေၾကာင့္လဲဆုိေတာ့ သူဟာ ၂.၅၆ မီတာအထိခုန္ခဲ့ၿပီး ေလထဲမွာ ၁.၅ စကၠန္႔ၾကာခဲ့လုိ႔ပါ။

လက္ရွိဆမ္ဒိုးရီးယားနည္းျပျဖစ္တဲ့ လက္စတာနည္းျပေဟာင္းေရနီယာရီကဆိုရင္ စီေရာ္နယ္ဒိုရဲ႕အဲဒီသြင္းဂိုးနဲ႔ပတ္သက္လို႔ အခုလိုမ်ိဳုးမွတ္ခ်က္ခ် ခ်ီးက်ဴးခဲ့ပါတယ္။ ”စီေ၇ာ္နယ္ဒိုဟာ NBA ဘက္စ္ကတ္ေဘာကစားသမားတစ္ေယာက္လုိပါပဲ။ ေလထဲမွာ တစ္နာရီခြဲေလာက္ သူရွိေနခဲ့တာပါ”လို႔ ေရနီယာရီက ရယ္ၿပီး ေျပာသြားခဲ့တာပါ။