ကမ္ဘာပေါ်မှာ လေးစားအားကျအခံရဆုံးအားကစားသမားက စီရော်နယ်ဒိုလား မက်ဆီလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဗြိတိန်အခြေစိုက် နိုင်ငံတကာအင်တာနက်အခြေပြုဈေးကွက်သုတေတနနဲ့အချက်အလက်စိစစ်မှုအဖွဲ့အစည်းဖြစ်တဲ့ YouGov က ၂၀၂၀ အတွက် ကမ္ဘာပေါ်မှာ လေးစားအားကျအခံရဆုံးလူပုဂ္ဂိုလ်စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီထဲမှာ နိုင်ငံ့ခေါင်းဆောင်တွေ၊ သမ္မတဟောင်းတွေ၊ ဘီလျံနာတွေ၊ အားကစားသမားတွေအပြင် အခြားနယ်ပယ်စုံက နာမည်ကြီးတွေပါဝင်ပါတယ်။

နှစ်စဉ်နှစ်တိုင်းထုတ်ပြန်တဲ့ဒီစာရင်းအတွက် YouGov ဟာ နိုင်ပေါင်း ၄၂ နိုင်ငံက လူပေါင်း ၄၅၀၀၀ ကို အင်တာဗျူးခဲ့တာပါ။ အဲဒီမှာ အမျိုးသားနဲ့ အမျိုးသမီးဆိုပြီး ကဏ္ဍနှစ်ခုခွဲခြားထားပါသေးတယ်။

အမျိုးသားထဲကဆိုရင်တော့ ဒီနှစ်ရဲ့ကမ္ဘာပေါ်မှာ လေးစားအားကျအခံရဆုံးပုဂ္ဂိုလ်က အမေရိကန်သမ္မတဟောင်းဘာရတ်အိုဘားမားဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ထိပ်ဆုံးရပ်တည်ခဲ့တဲ့ Microsoft တည်ထောင်သူ ဘီလျံနာသူဌေးကြီးဘီလ်ဂိတ်ကတော့ ဒီနှစ်မှာ ဒုတိယဖြစ်သွားတယ်။ တရုတ်သမ္မတရှီကျင်းပင်ကလည်း တတိယနေရာရပ်တည်နိုင်ခဲ့တာပါ။

အားကစားသမားတွေထဲမှာတော့ စီရော်နယ်ဒိုက အမြင့်ဆုံးရပ်တည်နိုင်ခဲ့ပြီး အဆင့် ၆ နေရာရပ်တည်နိုင်ခဲ့တာပါ။ သူ့ရဲ့အဓိကပြိုင်ဘက်ကြီးဖြစ်တဲ့ မက်ဆီကတော့ အဆင့် ၁၁ နေရာမှာရှိခဲ့ကာ အားကစားသမားတွေထဲမှာ ဒုတိယအမြင့်ဆုံးရပ်တည်နိုင်မှုဖြစ်ခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက YouGov ဟာ စီရော်နယ်ဒိုနဲ့မက်ဆီတို့ ဘယ်နိုင်ငံတွေမှာ ပိုပြီးရေပန်းစားတယ်ဆိုတာကို နှိုင်းယှဉ်ပြခဲ့တာပါ။ သုတေသနပြုခဲ့တဲ့ ၄၂ နိုင်ငံမှာ ၃၂ နိုင်ငံက စီရော်နယ်ဒိုကိုပိုပြီးလေးစားအားကျခဲ့ကြပါတယ်။ YouGov ရဲ့သုတေသနအရတော့ ကမ္ဘာလုံးဆိုင်ရာမှာ စီရော်နယ်ဒိုက မက်ဆီထက် ပိုပြီးလူကြိုက်များတယ်လို့ ဆိုနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ကမာၻေပၚမွာ ေလးစားအားက်အခံရဆုံးအားကစားသမားက စီေရာ္နယ္ဒိုလား မက္ဆီလား

ၿဗိတိန္အေျခစုိက္ ႏိုင္ငံတကာအင္တာနက္အေျချပဳေစ်းကြက္သုေတတနနဲ႔အခ်က္အလက္စိစစ္မႈအဖြဲ႕အစည္းျဖစ္တဲ့ YouGov က ၂၀၂၀ အတြက္ ကမာၻေပၚမွာ ေလးစားအားက်အခံရဆုံးလူပုဂၢိဳလ္စာရင္းကို ထုတ္ျပန္လိုက္ပါတယ္။ အဲဒီထဲမွာ ႏိုင္ငံ့ေခါင္းေဆာင္ေတြ၊ သမၼတေဟာင္းေတြ၊ ဘီလ်ံနာေတြ၊ အားကစားသမားေတြအျပင္ အျခားနယ္ပယ္စုံက နာမည္ႀကီးေတြပါ၀င္ပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္းထုတ္ျပန္တဲ့ဒီစာရင္းအတြက္ YouGov ဟာ ႏိုင္ေပါင္း ၄၂ ႏိုင္ငံက လူေပါင္း ၄၅၀၀၀ ကို အင္တာဗ်ဴးခဲ့တာပါ။ အဲဒီမွာ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးဆိုၿပီး က႑ႏွစ္ခုခြဲျခားထားပါေသးတယ္။

အမ်ိဳးသားထဲကဆိုရင္ေတာ့ ဒီႏွစ္ရဲ႕ကမာၻေပၚမွာ ေလးစားအားက်အခံရဆုံးပုဂၢိဳလ္က အေမရိကန္သမၼတေဟာင္းဘာရတ္အိုဘားမားျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္က ထိပ္ဆုံးရပ္တည္ခဲ့တဲ့ Microsoft တည္ေထာင္သူ ဘီလ်ံနာသူေဌးႀကီးဘီလ္ဂိတ္ကေတာ့ ဒီႏွစ္မွာ ဒုတိယျဖစ္သြားတယ္။ တရုတ္သမၼတရွီက်င္းပင္ကလည္း တတိယေနရာရပ္တည္ႏိုင္ခဲ့တာပါ။

အားကစားသမားေတြထဲမွာေတာ့ စီေရာ္နယ္ဒိုက အျမင့္ဆုံးရပ္တည္ႏုိင္ခဲ့ၿပီး အဆင့္ ၆ ေနရာရပ္တည္ႏိုင္ခဲ့တာပါ။ သူ႔ရဲ႕အဓိကၿပိဳင္ဘက္ႀကီးျဖစ္တဲ့ မက္ဆီကေတာ့ အဆင့္ ၁၁ ေနရာမွာရွိခဲ့ကာ အားကစားသမားေတြထဲမွာ ဒုတိယအျမင့္ဆုံးရပ္တည္ႏိုင္မႈျဖစ္ခဲ့ပါတယ္။

စိတ္၀င္စားစရာေကာင္းတာက YouGov ဟာ စီေရာ္နယ္ဒိုနဲဲ႔မက္ဆီတို႔ ဘယ္ႏိုင္ငံေတြမွာ ပိုၿပီးေရပန္းစားတယ္ဆုိတာကို ႏႈိင္းယွဥ္ျပခဲ့တာပါ။ သုေတသနျပဳခဲ့တဲ့ ၄၂ ႏိုင္ငံမွာ ၃၂ ႏိုင္ငံက စီေရာ္နယ္ဒိုကိုပုိၿပီးေလးစားအားက်ခဲ့ၾကပါတယ္။ YouGov ရဲ႕သုေတသနအရေတာ့ ကမာၻလံုးဆိုင္ရာမွာ စီေရာ္နယ္ဒိုက မက္ဆီထက္ ပိုၿပီးလူႀကိဳက္မ်ားတယ္လုိ႔ ဆိုႏိုင္ပါတယ္။