ကမ္ဘာပေါ်က အကောင်းဆုံးအသင်းမှာကျွန်တော်ရှိနေပါတယ်လို့ ပြောလာတဲ့ မန်ယူရဲ့ဒုတိယဂိုးသမား ရိုမီရို

photo internet

ကမ္ဘာပေါ်မှာ ဘယ်အသင်းကအကောင်းဆုံးပါလဲ? ကိုယ့်အကြိုက်ပေါ်မူတည်ပြီး ဒါမှမဟုတ် ဆုဖလားတွေ၊ရမှတ်တွေပေါ်မူတည်ပြီးအကောင်းဆုံးအသင်းက ဘယ်အသင်းပါဆိုပြီးပြောကြပါလိမ့်မယ်။ မန်ယူရဲ့ဒုတိယဂိုးသမားဖြစ်သူ ရိုမီရိုကတော့ သူအခုပါဝင်နေရတဲ့မန်ယူအသင်းဟာ ကမ္ဘာပေါ်မှာအကောင်းဆုံး အသင်းဖြစ်ပါတယ်လို့ပြောဆိုလာပါတယ်။ တကယ်လည်းမန်ယူဟာအကောင်းဆုံး အသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့တဲ့အချိန်တွေရှိပါတယ်။

photo internet

ရိုမီရိုဟာ 2015 ခုနှစ်မှာ ဆန်ဒိုရီးယားအသင်းကနေ မန်ယူအသင်းဆီရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုလက်ထက်မှာ ဒီဂီယာက ပထမဂိုးသမားအဖြစ်ပွဲထွက်ခဲ့ရပြီး၊ ရိုမီရိုကတော့ ဒုတိယဂိုးသမားဖြစ်ခဲ့ရတာဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားလက်ထက်မှာလည်း ဒုတိယဂိုးသမားအဖြစ်သာဆက်နေခဲ့ရတဲ့ ရိုမီရိုက ဒုတိယဂိုးသမားအဖြစ်အသင်းထဲမှာ နေရတာလွယ်ကူတဲ့အရာမဟုတ်ကြောင်းပြောဆိုပါတယ်။

photo internet

“ကျွန်တော်အနေနဲ့ အခွင့်အရေးရဖို့စောင့်ဆိုင်းရင်းကြိုးစားနေပါတယ်။ အခွင့်အလမ်းသာရခဲ့မယ်ဆိုရင် ကျွန်တော်အဆင်သင့်ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့လေးနှစ်လုံးမှာ ကျွန်တော်ခက်ခဲတဲ့အနေအထား တွေကိုရင်ဆိုင်ခဲ့ပြီးပါပြီ။ အခွင့်အလမ်းတွေရဖို့နေ့တိုင်းကြိုးစားနေသလို၊အခွင့်အခါပေးတဲ့အခါမှာလည်း အကောင်းဆုံးဖြစ်ဖို့ ကျွန်တော်ကြိုးစားလုပ်ဆောင်မှာပါ။ ကျွန်တော်ကမ္ဘာပေါ်က အကောင်းဆုံးအသင်း မှာရောက်နေတာပါ။ ကျွန်တော်ငယ်စဉ်တုန်းက မန်ယူမှာကစားချင်တယ်လို့ပြောခဲ့ပါတယ်။ အခုကျွန်တော်အဲဒီအခွင့်အရေး ကိုစောင့်နေတာပါ”လို့ ရိုမီရိုက အင်တာဗျူးမှာပြောဆိုခဲ့ပါတယ်။

photo internet

ရိုမီရိုအနေနဲ့ပြီးခဲ့တဲ့ရာသီတုန်းက မန်ယူအသင်းအတွက် ပရီမီးယားလိဂ်မှာ 1 ပွဲသာကစားခွင့်ရခဲ့ပြီး၊ အခုရာသီမှာလည်းပွဲထွက်ခွင့်ရဖို့မျှော်လင့်စောင့်ဆိုင်းနေရပါတယ်။ ကြာသပတေးညမှာကစားမယ့် ယူရိုပါလိဂ်အုပ်စုပွဲစဉ်မှာ အသက် 32 နှစ်အရွယ် ရိုမီရိုတစ်ယောက်ပွဲထွက်ခွင့်ရမှာလား ဆိုတာစောင့်ကြည့် ရပါမယ်။ မန်ယူအင်္ကျီဝတ်ဆင်ရဖို့အတွက်ဟာ သူ့အတွက်အိပ်မက်ဖြစ်ခဲ့ကြောင်းပြောကြား ခဲ့တဲ့ ရိုမီရိုတစ်ယောက် ကံကောင်းပါစေလို့ဆုတောင်းပါတယ်။

photo internet

(Zawgyi Version)

ကမၻာေပၚက အေကာင္းဆုံးအသင္းမွာကၽြန္ေတာ္ရိွေနပါတယ္လုိ႔ ေျပာလာတဲ့ မန္ယူရဲ႕ဒုတိယဂိုးသမား ရိုမီရို

ကမၻာေပၚမွာ ဘယ္အသင္းကအေကာင္းဆုံးပါလဲ? ကိုယ့္အႀကိဳက္ေပၚမူတည္ၿပီး ဒါမွမဟုတ္ ဆုဖလားေတြ၊ရမွတ္ေတြေပၚမူတည္ၿပီးအေကာင္းဆုံးအသင္းက ဘယ္အသင္းပါဆုိၿပီးေျပာၾကပါလိမ့္မယ္။ မန္ယူရဲ႕ဒုတိယဂိုးသမားျဖစ္သူ ရိုမီရိုကေတာ့ သူအခုပါ၀င္ေနရတဲ့မန္ယူအသင္းဟာ ကမၻာေပၚမွာအေကာင္းဆုံး အသင္းျဖစ္ပါတယ္လို႔ေျပာဆုိလာပါတယ္။ တကယ္လည္းမန္ယူဟာအေကာင္းဆုံး အသင္းတစ္သင္းအျဖစ္ ရပ္တည္ႏိုင္ခဲ့တဲ့အခ်ိန္ေတြရိွပါတယ္။

ရိုမီရိုဟာ 2015 ခုႏွစ္မွာ ဆန္ဒိုရီးယားအသင္းကေန မန္ယူအသင္းဆီေရာက္ရိွလာခဲ့တာျဖစ္ပါတယ္။ နည္းျပေမာ္ရင္ဟိုလက္ထက္မွာ ဒီဂီယာက ပထမဂိုးသမားအျဖစ္ပြဲထြက္ခဲ့ရၿပီး၊ ရိုမီရိုကေတာ့ ဒုတိယဂိုးသမားျဖစ္ခဲ့ရတာျဖစ္ပါတယ္။ နည္းျပဆိုးလ္ရွားလက္ထက္မွာလည္း ဒုတိယဂိုးသမားအျဖစ္သာဆက္ေနခဲ့ရတဲ့ ရိုမီရိုက ဒုတိယဂိုးသမားအျဖစ္အသင္းထဲမွာ ေနရတာလြယ္ကူတဲ့အရာမဟုတ္ေၾကာင္းေျပာဆိုပါတယ္။

“ကၽြန္ေတာ္အေနနဲ႔ အခြင့္အေရးရဖုိ႔ေစာင့္ဆိုင္းရင္းႀကိဳးစားေနပါတယ္။ အခြင့္အလမ္းသာရခဲ့မယ္ဆိုရင္ ကၽြန္ေတာ္အဆင္သင့္ျဖစ္ေနပါၿပီ။ ၿပီးခဲ့တဲ့ေလးႏွစ္လုံးမွာ ကၽြန္ေတာ္ခက္ခဲတဲ့အေနအထား ေတြကိုရင္ဆိုင္ခဲ့ၿပီးပါၿပီ။ အခြင့္အလမ္းေတြရဖို႔ေန႔တုိင္းႀကိဳးစားေနသလို၊အခြင့္အခါေပးတဲ့အခါမွာလည္း အေကာင္းဆုံးျဖစ္ဖို႔ ကၽြန္ေတာ္ႀကိဳးစားလုပ္ေဆာင္မွာပါ။ ကၽြန္ေတာ္ကမၻာေပၚက အေကာင္းဆုံးအသင္း မွာေရာက္ေနတာပါ။ ကၽြန္ေတာ္ငယ္စဥ္တုန္းက မန္ယူမွာကစားခ်င္တယ္လို႔ေျပာခဲ့ပါတယ္။ အခုကၽြန္ေတာ္အဲဒီအခြင့္အေရးကိုေစာင့္ေနတာပါ”လို႔ ရိုမီရိုက အင္တာဗ်ဴးမွာေျပာဆိုခဲ့ပါတယ္။

ရိုမီရိုအေနနဲ႔ၿပီးခဲ့တဲ့ရာသီတုန္းက မန္ယူအသင္းအတြက္ ပရီမီးယားလိဂ္မွာ 1 ပြဲသာကစားခြင့္ရခဲ့ၿပီး၊ အခုရာသီမွာလည္းပြဲထြက္ခြင့္ရဖို႔ေမွ်ာ္လင့္ေစာင့္ဆိုင္းေနရပါတယ္။ ၾကာသပေတးညမွာကစားမယ့္ ယူရိုပါလိဂ္အုပ္စုပြဲစဥ္မွာ အသက္ 32 ႏွစ္အရြယ္ ရိုမီရိုတစ္ေယာက္ပြဲထြက္ခြင့္ရမွာလား ဆုိတာေစာင့္ၾကည့္ ရပါမယ္။ မန္ယူအက်ႌ၀တ္ဆင္ရဖို႔အတြက္ဟာ သူ႔အတြက္အိပ္မက္ျဖစ္ခဲ့ေၾကာင္းေျပာၾကား ခဲ့တဲ့ ရိုမီရိုတစ္ေယာက္ ကံေကာင္းပါေစလုိ႔ဆုေတာင္းပါတယ္။