ကမာၻေပၚက အဆုိးဆုံးအရႈံးသမားျဖစ္ရတာကို မုန္းတယ္လို႔ ေၾကကြဲျပလုိက္တဲ့လမ္းပတ္

photo-gettyimages

photo-gettyimages

ခ်ဲလ္ဆီးနည္းျပလမ္းပတ္ဟာ ဥေရာပစူပါဖလားပြဲစဥ္မွာ လီဗာပူးကုိ ပင္နယ္တီအဆုံးအျဖတ္နဲ႔ကပ္ၿပီးအေရးနိမ့္ခဲ့တဲ့အေပၚ ညည္းတြားလိုက္ၿပီး ကေလာ့ပ္ရဲ႕အသင္းက ျပင္ဆင္ဖုိ႔ ၂ ရက္အခ်ိန္ပိုရခဲ့တာကိုလည္း မေက်နပ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။ ခ်ဲလ္ဆီးဟာ မန္ယူကို ၄ ဂိုးျပတ္နဲ႔ရႈံးခဲ့တဲ့ပြဲကနဲ႔ကို မတူေအာင္ကစားႏိုင္ခဲ့ၿပီး အစၥတန္ဘူလ္ကပြဲခ်ိန္အမ်ားစုမွာ ပိုေကာင္းတဲ့အသင္းပုံစံေပါက္ခဲ့ပါတယ္။ ဒါေပမဲ့လည္း ထီထိုးသလိုျဖစ္တဲ့ ပင္နယ္တီအဆုံးအျဖတ္နဲ႔ သူ႔အသင္းဟာ ဖလားတစ္လုံးကို လက္လႊတ္ခဲ့ရပါတယ္။ အဲဒီအတြက္ လမ္းပတ္တစ္ေယာက္ေၾကကြဲေနေပမယ့္ ေျခစြမ္းအရေတာ့ အေပါင္းလကၡဏာဆန္တာေတြအမ်ားႀကီးျမင္ခဲ့ရတယ္လုိ႔ ေျပာၾကားလိုက္ပါတယ္။

photo-gettyimages

”ကၽြန္ေတာ္ဟာ ကမာၻေပၚက အဆိုးဆုံးအရႈံးသမားပါ။ အဲဒါကို ကၽြန္ေတာ္မုန္းပါတယ္။ ကစားပုံ၊အရည္အေသြးနဲ႔ စိတ္ဓာတ္ပိုင္းအရ အေကာင္းဆုံးကစားႏိုင္ခဲ့ရဲ႕သားနဲ႔ဗာ်။ ကၽြန္ေတာ္တို႔ရႈံးတာကို သိပါတယ္။ ဒီထက္လည္း မပိုပါဘူး။ ဒါေပမဲ့ ဒီပြဲကေန က်န္တစ္ရာသီလုံးအတြက္ ယုံၾကည္မႈယူရမွာပါ။ ကၽြန္ေတာ္တိုိ႔ တကယ္ကိုေကာင္းေကာင္းကစားႏိုင္ခဲ့တာဆိုေတာ့။ တစ္ခါတစ္ရံ ေဘာလုံးမွာ ကံတရားကလည္း လုိတယ္ဗ်ာ”လို႔ လမ္းပတ္က လီဗာပူးနဲ႔ပြဲအၿပီးမွာ ေျပာၾကားသြားခဲ့တာပါ။

photo-gettyimages

ဒါ့အျပင္ လမ္းပတ္က ခ်ဲလ္ဆီးထက္စာရင္ ၿပိဳင္ဘက္လီဗာပူးက စူပါဖလားပြဲအတြက္ ျပင္ဆင္ခ်ိန္ ၂ ရက္ပိုရခဲ့တာကိုလည္း မေက်နပ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။ လီဗာပူးဟာ စူပါဖလားပြဲမတိုင္ခင္ ၿပီးခဲ့တဲ့ေသာၾကာေန႔မွာ ေနာ္၀စ္ခ်္နဲ႔ကစားခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးကေတာ့ တနဂၤေႏြေန႔ေရာက္မွ မန္ယူနဲ႔အေ၀းကြင္းသြားကစားရတာပါ။ အဲဒါဟာ ျပင္ဆင္မႈပိုင္းမွာ သိသာစြာထိခုိက္ခဲ့တယ္လို႔ လမး္ပတ္က ဆိုခဲ့ပါတယ္။

[Unicode]

ချဲလ်ဆီးနည်းပြလမ်းပတ်ဟာ ဥရောပစူပါဖလားပွဲစဉ်မှာ လီဗာပူးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ကပ်ပြီးအရေးနိမ့်ခဲ့တဲ့အပေါ် ညည်းတွားလိုက်ပြီး ကလော့ပ်ရဲ့အသင်းက ပြင်ဆင်ဖို့ ၂ ရက်အချိန်ပိုရခဲ့တာကိုလည်း မကျေနပ်ကြောင်း ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးဟာ မန်ယူကို ၄ ဂိုးပြတ်နဲ့ရှုံးခဲ့တဲ့ပွဲကနဲ့ကို မတူအောင်ကစားနိုင်ခဲ့ပြီး အစ္စတန်ဘူလ်ကပွဲချိန်အများစုမှာ ပိုကောင်းတဲ့အသင်းပုံစံပေါက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ထီထိုးသလိုဖြစ်တဲ့ ပင်နယ်တီအဆုံးအဖြတ်နဲ့ သူ့အသင်းဟာ ဖလားတစ်လုံးကို လက်လွှတ်ခဲ့ရပါတယ်။ အဲဒီအတွက် လမ်းပတ်တစ်ယောက်ကြေကွဲနေပေမယ့် ခြေစွမ်းအရတော့ အပေါင်းလက္ခဏာဆန်တာတွေအများကြီးမြင်ခဲ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။

”ကျွန်တော်ဟာ ကမ္ဘာပေါ်က အဆိုးဆုံးအရှုံးသမားပါ။ အဲဒါကို ကျွန်တော်မုန်းပါတယ်။ ကစားပုံ၊အရည်အသွေးနဲ့ စိတ်ဓာတ်ပိုင်းအရ အကောင်းဆုံးကစားနိုင်ခဲ့ရဲ့သားနဲ့ဗာျ။ ကျွန်တော်တို့ရှုံးတာကို သိပါတယ်။ ဒီထက်လည်း မပိုပါဘူး။ ဒါပေမဲ့ ဒီပွဲကနေ ကျန်တစ်ရာသီလုံးအတွက် ယုံကြည်မှုယူရမှာပါ။ ကျွန်တော်တို့ တကယ်ကိုကောင်းကောင်းကစားနိုင်ခဲ့တာဆိုတော့။ တစ်ခါတစ်ရံ ဘောလုံးမှာ ကံတရားကလည်း လိုတယ်ဗျာ”လို့ လမ်းပတ်က လီဗာပူးနဲ့ပွဲအပြီးမှာ ပြောကြားသွားခဲ့တာပါ။

ဒါ့အပြင် လမ်းပတ်က ချဲလ်ဆီးထက်စာရင် ပြိုင်ဘက်လီဗာပူးက စူပါဖလားပွဲအတွက် ပြင်ဆင်ချိန် ၂ ရက်ပိုရခဲ့တာကိုလည်း မကျေနပ်ကြောင်း ပြောကြားလိုက်ပါတယ်။ လီဗာပူးဟာ စူပါဖလားပွဲမတိုင်ခင် ပြီးခဲ့တဲ့သောကြာနေ့မှာ နော်ဝစ်ချ်နဲ့ကစားခဲ့တာဖြစ်ပြီး ချဲလ်ဆီးကတော့ တနင်္ဂနွေနေ့ရောက်မှ မန်ယူနဲ့အဝေးကွင်းသွားကစားရတာပါ။ အဲဒါဟာ ပြင်ဆင်မှုပိုင်းမှာ သိသာစွာထိခိုက်ခဲ့တယ်လို့ လမ်းပတ်က ဆိုခဲ့ပါတယ်။