ကပ်စီးနဲ ဝုဒ်ဝက် ပျားတုပ်ပြီ။ ဟက်ကာတွေကြောင့် ပေါင် ၁၅ သန်းအထိဒဏ်ရိုက်ခံရဖို့ရှိနေတဲ့ မန်ယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ ဟက်ကာတွေရဲ့ ဆိုက်ဘာတိုက်ခိုက်မှုကိုခံခဲ့ရပြီး ငွေပေးဖို့ခြိမ်းခြောက်ခံရမှုနဲ့အတူ ဆုပ်လည်းစူး စားလည်းရူးအခြေအနေနဲ့ကြုံနေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ကမန်ယူအသင်းကို ဟက်ကာတွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ငွေပေးဖို့ခြိမ်းခြောက်ခံထားရတာပါ။

တိုက်ခိုက်သူတွေဟာ ကျွမ်းကျင်သူတွေနဲ့ စနစ်တကျဖွဲ့ထားတာဖြစ်ပြီး မန်ယူကိုတိုက်ခိုက်နေတာ တစ်ပတ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ မန်ယူအသင်းဘက်က ကြေညာချက်ထုတ်ပြန်ရာမှာ သူတို့ရဲ့ဒေတာတွေကို အပြည့်အဝကာကွယ်ထားနိုင်သလို သူတို့ရဲ့ IT အဖွဲ့ကလည်း တိုက်ခိုက်မှုဒဏ်ကို အနည်းဆုံးဖြစ်အောင်လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် သူတို့တိုက်ခိုက်ခံရမှုဟာ တစ်ပတ်ကျော်လာပြီဖြစ်သလို ငွေပေးဖို့ခြိမ်းခြောက်အကျပ်ကိုင်ခံထားရတယ်လို့ မီဒီယာတွေက ထုတ်ဖော်ရေးသားနေကြပါတယ်။

ဟက်ကာတွေဘက်က ငွေဘယ်လောက်တောင်းသလဲဆိုတာ မသိရပေမယ့် ပေါင်ငွေသန်းနဲ့ချီပြီးရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ငွေမပေးခဲ့ရင် မန်ယူရဲ့လျှို့ဝှက်ဒေတာတွေဟာ အများသုံးဒိုမိန်း တွေပေါ်ပေါက်ကြားတော့မှာဖြစ်တယ်လို့လည်းဆိုပါတယ်။

ဒါပေမယ့် မန်ယူဟာ ဟက်ကာတွေကိုငွေပေးခဲ့မယ်ဆိုရင် အမေရိကန်တရာစီရင်မှုစနစ်သစ်အရ ပေါင် ၁၅ သန်းအထိဒဏ်ရိုက်ခံရဖို့ရှိနေတာပါ။

မန်ယူဟာ ဗြိတိန်အခြေစိုက် ကုမ္ပဏီဖြစ်ပေမယ့် နယူးယောခ့်စတော့ဈေးကွက်မှာ စာရင်းတင်ထားတာဖြစ်လို့ အမေရိကန်ရဲ့စတော့ဈေးကွက်ဥပဒေတွေကို လိုက်နာရပါတယ်။

အမေရိကန်ရဲ့နိုင်ငံခြားရင်နှီးမြှုပ်နှံမှုရုံးရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့(US Treasury Department) ဟာ ပြီးခဲ့တဲ့လက စည်းမျဉ်းသစ်ထုတ်ပြန်ရာမှာ ဘယ်ကုမ္ပဏီမဆို ဟက်ကာတွေရဲ့ခြိမ်းခြောက်မှုအတိုင်းလိုက်လျော ခဲ့မယ်ဆိုရင် များပြားလှတဲ့ငွေကြေးပြစ်ဒဏ်ပေးမှုနဲ့ ရင်ဆိုင်ရမယ်လို့ ထုတ်ပြန်ထားတာပါ။

လက်ရှိမှာနာမည်ကျော်နေတဲ့ ဆိုက်ဘာတိုက်ခိုက်မှုဂိုဏ်းတွေကတော့ ရုရှားက Evil Corp ၊ မြောက်ကိုရီးယားက Lazarus Group နဲ့ အီရန်က SamSam တို့ဖြစ်ကြပါတယ်။ အဲဒီဂိုဏ်းတွေဟာ တစ်ကမ္ဘာလုံးပတ်ပြီး ဒုက္ခပေးနေတဲ့ ဂိုဏ်းတွေအဖြစ်သတ်မှတ်ခံထားရပြီး သူတို့နောက်မှာ သက်ဆိုင်ရာအစိုးရတွေရှိနေကြတယ်လို့လည်း ခန့်မှန်းကြပါတယ်။

အမေရိကန်(US Treasury Department)ကတော့ ဟက်ကာဂိုဏ်းတွေကို ငွေပေးတာဟာ သူတို့ကိုပိုမိုအင်အားတောင့်တင်းစေမှာဖြစ်လို့ ငွေပေးမှုကိုလုံးဝလိုက်လျောမှာ မဟုတ်ကြောင်းထုတ်ပြန်ထားပါတယ်။

ဗြိတိန်အမျိုးသားဆိုက်ဘာလုံခြုံရေးအဖွဲ့(ico.)ကလည်း မန်ယူရဲ့တိုက်ခိုက်ခံရမှုအခြေအနေကို အလေးထားစောင့်ကြည့်နေပြီး လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကပ္စီးနဲ ဝုဒ္ဝက္ ပ်ားတုပ္ၿပီ။ ဟက္ကာေတြေၾကာင့္ ေပါင္ ၁၅ သန္းအထိဒဏ္႐ိုက္ခံရဖို႔ရွိေနတဲ့ မန္ယူ

မန္ယူအသင္းဟာ ဟက္ကာေတြရဲ႕ ဆိုက္ဘာတိုက္ခိုက္မႈကိုခံခဲ့ရၿပီး ေငြေပးဖို႔ၿခိမ္းေျခာက္ခံရမႈနဲ႔အတူ ဆုပ္လည္းစူး စားလည္း႐ူးအေျခအေန နဲ႔ႀကဳံေနရတယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၂၀ ကမန္ယူအသင္းကို ဟက္ကာေတြက စတင္တိုက္ခိုက္ခဲ့တာျဖစ္ၿပီး ေငြေပးဖို႔ၿခိမ္းေျခာက္ခံထားရတာပါ။

တိုက္ခိုက္သူေတြဟာ ကြၽမ္းက်င္သူေတြနဲ႔ စနစ္တက်ဖြဲ႕ထားတာျဖစ္ၿပီး မန္ယူကိုတိုက္ခိုက္ေနတာ တစ္ပတ္ေက်ာ္ၾကာခဲ့ၿပီျဖစ္ပါတယ္။ မန္ယူအသင္းဘက္က ေၾကညာခ်က္ထုတ္ျပန္ရာမွာ သူတို႔ရဲ႕ေဒတာေတြကို အျပည့္အဝကာကြယ္ထားႏိုင္သလို သူတို႔ရဲ႕ IT အဖြဲ႕ကလည္း တိုက္ခိုက္မႈဒဏ္ကို အနည္းဆုံးျဖစ္ေအာင္လုပ္ေဆာင္ေနတယ္လို႔ ဆိုထားပါတယ္။

ဒါေပမယ့္ သူတို႔တိုက္ခိုက္ခံရမႈဟာ တစ္ပတ္ေက်ာ္လာၿပီျဖစ္သလို ေငြေပးဖို႔ၿခိမ္းေျခာက္အက်ပ္ကိုင္ခံထားရတယ္လို႔ မီဒီယာေတြက ထုတ္ေဖာ္ေရးသားေနၾကပါတယ္။ ဟက္ကာေတြဘက္က ေငြဘယ္ေလာက္ေတာင္းသလဲဆိုတာ မသိရေပမယ့္ ေပါင္ေငြသန္းနဲ႔ခ်ီၿပီးရွိႏိုင္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ ေငြမေပးခဲ့ရင္ မန္ယူရဲ႕လွ်ိဳ႕ဝွက္ေဒတာေတြဟာ အမ်ားသုံးဒိုမိန္း ေတြေပၚေပါက္ၾကားေတာ့မွာျဖစ္တယ္လို႔လည္းဆိုပါတယ္။

ဒါေပမယ့္ မန္ယူဟာ ဟက္ကာေတြကိုေငြေပးခဲ့မယ္ဆိုရင္ အေမရိကန္တရာစီရင္မႈစနစ္သစ္အရ ေပါင္ ၁၅ သန္းအထိဒဏ္႐ိုက္ခံရဖို႔ရွိေနတာပါ။ မန္ယူဟာ ၿဗိတိန္အေျခစိုက္ ကုမၸဏီျဖစ္ေပမယ့္ နယူးေယာခ့္စေတာ့ေဈးကြက္မွာ စာရင္းတင္ထားတာျဖစ္လို႔ အေမရိကန္ရဲ႕စေတာ့ေဈးကြက္ဥပေဒေတြကို လိုက္နာရပါတယ္။

အေမရိကန္ရဲ႔ႏိုင္ငံျခားရင္ႏွီးျမႈပ္ႏွံမႈရံုးရဲ႕ ဌာနခြဲတစ္ခုျဖစ္တဲ့(US Treasury Department) ဟာ ၿပီးခဲ့တဲ့လက စည္းမ်ဥ္းသစ္ထုတ္ျပန္ရာမွာ ဘယ္ကုမၸဏီမဆို ဟက္ကာေတြရဲ႕ၿခိမ္းေျခာက္မႈအတိုင္းလိုက္ေလ်ာ ခဲ့မယ္ဆိုရင္ မ်ားျပားလွတဲ့ေငြေၾကးျပစ္ဒဏ္ေပးမႈနဲ႔ ရင္ဆိုင္ရမယ္လို႔ ထုတ္ျပန္ထားတာပါ။

လက္ရွိမွာနာမည္ေက်ာ္ေနတဲ့ ဆိုက္ဘာတိုက္ခိုက္မႈဂိုဏ္းေတြကေတာ့ ႐ုရွားက Evil Corp ၊ ေျမာက္ကိုရီးယားက Lazarus Group နဲ႔ အီရန္က SamSam တို႔ျဖစ္ၾကပါတယ္။ အဲဒီဂိုဏ္းေတြဟာ တစ္ကမာၻလုံးပတ္ၿပီး ဒုကၡေပးေနတဲ့ ဂိုဏ္းေတြအျဖစ္သတ္မွတ္ခံထားရၿပီး သူတို႔ေနာက္မွာ သက္ဆိုင္ရာအစိုးရေတြရွိေနၾကတယ္လို႔လည္း ခန႔္မွန္းၾကပါတယ္။

အေမရိကန္(US Treasury Department)ကေတာ့ ဟက္ကာဂိုဏ္းေတြကို ေငြေပးတာဟာ သူတို႔ကိုပိုမိုအင္အားေတာင့္တင္းေစမွာျဖစ္လို႔ ေငြေပးမႈကိုလုံးဝလိုက္ေလ်ာမွာ မဟုတ္ေၾကာင္းထုတ္ျပန္ထားပါတယ္။ ၿဗိတိန္အမ်ိဳးသားဆိုက္ဘာလုံၿခဳံေရးအဖြဲ႕(ico.)ကလည္း မန္ယူရဲ႕တိုက္ခိုက္ခံရမႈအေျခအေနကို အေလးထားေစာင့္ၾကည့္ေနၿပီး လုပ္ေဆာင္စရာရွိတာေတြကို လုပ္ေဆာင္ေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။