ကပ္ပတိန်တစ်ယောက်အနေနဲ့ မန်ယူကို စီရော်နယ်ဒိုဦးဆောင်ခဲ့ဖူးလား

photo-goal

photo-gettyimages

စီရော်နယ်ဒိုဟာ သူ့ရဲ့၆ နှစ်ကြာမန်ယူကစားသမားဘဝမှာ စစ်မှန်တဲ့ဂန္ထဝင်အချို့နဲ့ တွဲကစားခွင့် ရခဲ့ပါတယ်။ ဆက်တိုက်ရခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ၃ ကြိမ်၊ အက်ဖ်အေဖလားချန်ပီယံ ၁ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်တို့နဲ့ မန်ယူမှာပဲ သူဟာ စူပါစတားအဆင့်ကို ရရှိခဲ့တာပါ။ ဒါပေမဲ့ စီရော်နယ်ဒိုဟာ ကပ္ပတိန်တစ်ယောက်အနေနဲ့ မန်ယူကို ဦးဆောင်ခဲ့ဖူးသလား။

photo-zimbio

သူ့မန်ယူကစားသမားဘဝကို ပြန်ကြည့်လိုက်တော့ အဲဒီဂျူဗင်တပ်တိုက်စစ်မှုးဟာ မန်ယူအသင်းခေါင်းဆောင်အဖြစ် တစ်ကြိမ်ကစားခဲ့ဖူးတာကို တွေ့ရပါတယ်။ ၂၀၀၈ ခုနှစ် မတ်လ ၁၉ ရက်နေ့ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ဘော်လ်တန်နဲ့ပွဲမှာ ဖြစ်ပါတယ်။ အဲဒီတုန်းက စီရော်နယ်ဒိုဟာ ရွိုင်ယန်ဂစ်ရဲ့အရန်အသင်းခေါင်းဆောင်ဖြစ်ခဲ့ပြီး ဂစ်က ရွန်နီ၊ဖာဒီနန်တို့နဲ့ အရန်ခုံတန်းထိုင်နေခဲ့လို့ ကပ္ပတိန်အဖြစ် ကစားခွင့်ရခဲ့တာပါ။

photo-sky sports

ဘော်လ်တန်ကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့အဲဒီပွဲမှာ စီရော်နယ်ဒိုဟာ မန်ယူအတွက် ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့တာပါ။ ပွဲချိန် ၉ မိနစ်မှာတင်သွင်းတဲ့ သူ့ရဲ့ပထမသွင်းဂိုးက အသင်းဂန္ထဝင်ဂျော့ဘတ်စ်ရဲ့ ၁၉၆၇-၆၈ ရာသီက ကွင်းလယ်ယူတစ်ယောက်အနေနဲ့ တစ်ရာသီအတွင်းသွင်းဂိုး ၃၂ ဂိုးစံချိန်ကို လိုက်မီသွားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ တောင်ပံကစားသမားတစ်ယောက်အနေနဲ့ စပို့တင်းက ရောက်လာပေမယ့် ဖာဂူဆန်ကြီးက ရွန်နီနဲ့တေဗက်ဇ်တို့ကိုရှေ့တင်ပြီး သူ့ကို ကွင်းလယ်လူတစ်ယောက်အနေနဲ့ ကစားစေခဲ့တာပါ။ နောက် ၁၀ မိနစ်အကြာမှာတော့ ဒုတိယသွင်းဂိုးနဲ့အတူ သူဟာ ဂျော့စ်ဘတ်စ်ရဲ့စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဒုတိယဂိုးဟာ အဲဒီရာသီပရီးမီးယားလိဂ်မှာ သူ့ရဲ့ ၂၄ ဂိုးမြောက်ဖြစ်ပြီး ဂိုးအများဆုံးသွင်းသူစာရင်းမှာ လီဗာပူးက တောရက်စ်ထက် ၄ ဂိုးဖြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲဒီရာသီမှာပဲ မန်ယူဟာ ပရီးမီးယားလိဂ် ၁၀ ကြိမ်မြောက်ဗိုလ်စွဲခဲ့ပါတယ်။

[Zawgyi]

ကပၸတိန္တစ္ေယာက္အေနနဲ႔ မန္ယူကို စီေရာ္နယ္ဒိုဦးေဆာင္ခဲ့ဖူးလား

စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕၆ ႏွစ္ၾကာမန္ယူကစားသမားဘ၀မွာ စစ္မွန္တဲ့ဂႏၳ၀င္အခ်ိဳ႕နဲ႔ တြဲကစားခြင့္ ရခဲ့ပါတယ္။ ဆက္တုိက္ရခဲ့တဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံ ၃ ႀကိမ္၊ အက္ဖ္ေအဖလားခ်န္ပီယံ ၁ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္တို႔နဲ႔ မန္ယူမွာပဲ သူဟာ စူပါစတားအဆင့္ကို ရရွိခဲ့တာပါ။ ဒါေပမဲ့ စီေရာ္နယ္ဒုိဟာ ကပၸတိန္တစ္ေယာက္အေနနဲ႔ မန္ယူကို ဦးေဆာင္ခဲ့ဖူးသလား။

သူ႔မန္ယူကစားသမားဘ၀ကို ျပန္ၾကည့္လိုက္ေတာ့ အဲဒီဂ်ဴဗင္တပ္တိုက္စစ္မႈးဟာ မန္ယူအသင္းေခါငး္ေဆာင္အျဖစ္ တစ္ႀကိမ္ကစားခဲ့ဖူးတာကို ေတြ႕ရပါတယ္။ ၂၀၀၈ ခုႏွစ္ မတ္လ ၁၉ ရက္ေန႔ အိုးလ္ထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ ေဘာ္လ္တန္နဲ႔ပြဲမွာ ျဖစ္ပါတယ္။ အဲဒီတုန္းက စီေရာ္နယ္ဒိုဟာ ရြိဳင္ယန္ဂစ္ရဲ႕အရန္အသင္းေခါင္းေဆာင္ျဖစ္ခဲ့ၿပီး ဂစ္က ရြန္နီ၊ဖာဒီနန္တုိ႔နဲ႔ အရန္ခုံတန္းထိုင္ေနခဲ့လုိ႔ ကပၸတိန္အျဖစ္ ကစားခြင့္ရခဲ့တာပါ။

ေဘာ္လ္တန္ကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့အဲဒီပြဲမွာ စီေရာ္နယ္ဒိုဟာ မန္ယူအတြက္ ၂ ဂိုးစလုံးကို သြင္းယူေပးခဲ့တာပါ။ ပြဲခ်ိန္ ၉ မိနစ္မွာတင္သြင္းတဲ့ သူ႔ရဲ႕ပထမသြင္းဂိုးက အသင္းဂႏၳ၀င္ေဂ်ာ့ဘတ္စ္ရဲ႕႔ ၁၉၆၇-၆၈ ရာသီက ကြင္းလယ္ယူတစ္ေယာက္အေနနဲ႔ တစ္ရာသီအတြင္းသြင္းဂိုး ၃၂ ဂိုးစံခ်ိန္ကို လုိက္မီသြားခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ ေတာင္ပံကစားသမားတစ္ေယာက္အေနနဲ႔ စပို႔တင္းက ေရာက္လာေပမယ့္ ဖာဂူဆန္ႀကီးက ရြန္နီနဲ႔ေတဗက္ဇ္တို႔ကုိေရွ႕တင္ၿပီး သူ႔ကို ကြင္းလယ္လူတစ္ေယာက္အေနနဲ႔ ကစားေစခဲ့တာပါ။ ေနာက္ ၁၀ မိနစ္အၾကာမွာေတာ့ ဒုတိယသြင္းဂိုးနဲ႔အတူ သူဟာ ေဂ်ာ့စ္ဘတ္စ္ရဲ႕စံခ်ိန္ကို ခ်ိဳးႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ အဲဒီဒုတိယဂိုးဟာ အဲဒီရာသီပရီးမီးယားလိဂ္မွာ သူ႔ရဲ႕ ၂၄ ဂိုးေျမာက္ျဖစ္ၿပီး ဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာ လီဗာပူးက ေတာရက္စ္ထက္ ၄ ဂိုးျဖတ္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ အဲဒီရာသီမွာပဲ မန္ယူဟာ ပရီးမီးယားလိဂ္ ၁၀ ႀကိမ္ေျမာက္ဗိုလ္စြဲခဲ့ပါတယ္။