ကန်တီကို ရွှေဘောလုံးဆု ရစေချင်တဲ့ ပါးချခံထားရတဲ့ သမ္မတ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ်သမ္မတ အီမန်နျူရယ် မာကွန် ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲကို ပါဝင် ကစားမယ့် ပြင်သစ် လက်ရွေးစင် အသင်းရဲ့ လေ့ကျင့်ရေး ကွင်းကို သွားရောက် လည်ပတ် ခဲ့ပြီးအားပေး စကား ပြောဆိုခဲ့ပါတယ်။

ပြင်သစ် သမ္မတက ချယ်လ်ဆီးကွင်းလယ်လူ ကန်တီကို ဒီနှစ်အတွက် ရွှေဘောလုံးဆု ကို ဆွတ်ခူး ရရှိသင့်တယ်လို့ထောက်ခံပြောဆိုထားပါတယ်။

သမ္မတ မာကွန်က”ကန်တီဟာ ဘာပေလိုပဲ ထိပ်တန်းကစားသမားဖြစ်ပါတယ်။

ပြီးတော့ သူက လူငယ်တွေအတွက် စံနမူနာယူစရာ ကစားသမားလည်း ဖြစ်ပါတယ်။”

“ပြီးခဲ့တဲ့ရာသီက ကလပ်အသင်းနဲ့အတူ ကန်တီဟာအောင်မြင်မှုတွေရရှိခဲ့ပြီး Ballon d’Or ကိုလည်း သူ့အနေနဲ့ ရရှိဖို့ ကျွန်တော် မျှော်လင့်ပါတယ်။

ယူရိုပြိုင်ပွဲမှာ ကန်တီအနေနဲ့ ခြေစွမ်းပြနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

“သူနဲ့ အမ်ဘာပေ တို့ဟာ စိတ်ရင်းကောင်း တဲ့ သူတွေပါ။

သူတို့ ကလပ် အသင်းတွေ အပေါ်မှာလည်း သစ္စာ ရှိကြပါတယ်။

ဒီလို ကစားသမားတွေ ရှိထားတာက ကျွန်တော်တို့ နိုင်ငံ အတွက်အရမ်းကောင်းပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ယူရို ၂၀၁၆ ပြိုင်ပွဲ မှာ ဗိုလ်လုပွဲ ကို တက်ရောက် နိုင်ခဲ့ပြီး ပေါ်တူဂီ ကို ရှုံးနိမ့်ကာ ဒုတိယ ဆုနဲ့ ကျေနပ်ခဲ့ရပါတယ်။

ပြင်သစ်ဟာ ဂျာမနီ ၊ ပေါ်တူဂီ ၊ ဟန်ဂေရီ တို့ ပါဝင်တဲ့ အုပ်စု F မှာ ရှိနေပြီး ဂျာမနီ နဲ့ အုပ်စု အဖွင့်ပွဲ အပြီးမှာ ဟန်ဂေရီ ၊ ပေါ်တူဂီ အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။

ဇွန်လ ၈ ရက်က နိုင်ငံအရှေ့တောင်ပိုင်းကိုအလည်အပတ် သွားခဲ့တဲ့ပြင်သစ်သမ္မတဟာ လူပုံအလယ်မှာ ပါးရိုက်ခံခဲ့ရပါတယ်။

သမ္မတကို ပါးရိုက်ခဲ့တဲ့ အမျိုးသားကို ဇွန်လ ၁၀ ရက်နေ့မှာ ထောင်ဒဏ်လေးလကျ ခံဖို့ အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကန္တီကို ေ႐ႊေဘာလုံးဆု ရေစခ်င္တဲ့ ပါးခ်ခံထားရတဲ့ သမၼတ

ျပင္သစ္သမၼတ အီမန္န်ဴရယ္ မာကြန္ ဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကို ပါဝင္ ကစားမယ့္ ျပင္သစ္ လက္ေ႐ြးစင္ အသင္းရဲ႕ ေလ့က်င့္ေရး ကြင္းကို သြားေရာက္ လည္ပတ္ ခဲ့ၿပီးအားေပး စကား ေျပာဆို ခဲ့ပါတယ္။ ျပင္သစ္ သမၼတက ခ်ယ္လ္ဆီးကြင္းလယ္လူ ကန္တီကို ဒီႏွစ္အတြက္ ေ႐ႊေဘာလုံးဆု ကို ဆြတ္ခူး ရရွိသင့္တယ္လို႔ေထာက္ခံေျပာဆိုထားပါတယ္။ သမၼတ မာကြန္က”ကန္တီဟာ ဘာေပလိုပဲ ထိပ္တန္းကစားသမားျဖစ္ပါတယ္။ ၿပီးေတာ့ သူက လူငယ္ေတြအတြက္ စံနမူနာယူစရာ ကစားသမားလည္း ျဖစ္ပါတယ္။”

“ၿပီးခဲ့တဲ့ရာသီက ကလပ္အသင္းနဲ႔အတူ ကန္တီဟာေအာင္ျမင္မႈေတြရရွိခဲ့ၿပီး Ballon d’Or ကိုလည္း သူ႔အေနနဲ႔ ရရွိဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ ယူ႐ိုၿပိဳင္ပြဲမွာ ကန္တီအေနနဲ႔ ေျခစြမ္းျပႏိုင္မယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္” “သူနဲ႔ အမ္ဘာေပ တို႔ဟာ စိတ္ရင္းေကာင္း တဲ့ သူေတြပါ ။ သူတို႔ ကလပ္ အသင္းေတြ အေပၚမွာလည္း သစၥာ ရွိၾကပါတယ္ ။ ဒီလို ကစားသမားေတြ ရွိထားတာက ကြၽန္ေတာ္တို႔ ႏိုင္ငံ အတြက္အရမ္းေကာင္းပါတယ္” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

ျပင္သစ္အသင္းဟာ ယူ႐ို ၂၀၁၆ ၿပိဳင္ပြဲ မွာ ဗိုလ္လုပြဲ ကို တက္ေရာက္ ႏိုင္ခဲ့ၿပီး ေပၚတူဂီ ကို ရႈံးနိမ့္ကာ ဒုတိယ ဆုနဲ႔ ေက်နပ္ခဲ့ရပါတယ္။ ျပင္သစ္ဟာ ဂ်ာမနီ ၊ ေပၚတူဂီ ၊ ဟန္ေဂရီ တို႔ ပါဝင္တဲ့ အုပ္စု F မွာ ရွိေနၿပီး ဂ်ာမနီ နဲ႔ အုပ္စု အဖြင့္ပြဲ အၿပီးမွာ ဟန္ေဂရီ ၊ ေပၚတူဂီ အသင္းေတြနဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာပဲ ျဖစ္ပါတယ္။

ဇြန္လ ၈ ရက္က ႏိုင္ငံအေရွ႕ေတာင္ပိုင္းကိုအလည္အပတ္ သြားခဲ့တဲ့ျပင္သစ္သမၼတဟာ လူပုံအလယ္မွာ ပါး႐ိုက္ခံခဲ့ရပါတယ္။ သမၼတကို ပါး႐ိုက္ခဲ့တဲ့ အမ်ိဳးသားကို ဇြန္လ ၁၀ ရက္ေန႔မွာ ေထာင္ဒဏ္ေလးလက် ခံဖို႔ အမိန႔္ခ်မွတ္လိုက္တယ္လို႔သိရပါတယ္။