
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဖူဟမ်းနဲ့ ပွဲမတိုင်ခင် ပေါ့ဘာတစ်ယောက်ကတော့ ဆံပင်ပုံစံပြင်ဆင်ထားပြန်ပါတယ်။
ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာ က ကန်တီ ဟာ အလွန် ညစ်တဲ့ သူ ဖြစ်ကြောင်း ပြောဆို ထားပါတယ်။
ပေါ့ဘာနဲ့ ကန်တီတို့ ၂ ဦး ဟာ ပြင်သစ် လက်ရွေးစင် အသင်းမှာ လိုက်ဖက်တဲ့ ကွင်းလယ် အတွဲ အဖက် ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်ကမ္ဘာ့ ဖလားပွဲမှာ အဓိက ကျတဲ့ အခန်း ကဏ္ဍကနေ ပါဝင် ခဲ့ကြပါတယ်။
ပေါ့ဘာက ကန်တီကို “အဲဒီကောင်က အရမ်းညစ် တယ်ဗျ။ ကတ်ဂိမ်းတွေ ပဲဖြစ်ဖြစ် ဘုတ်ဂိမ်းတွေပဲ ဖြစ်ဖြစ်ညစ်တဲ့ကောင်ပါ။
တကယ်ပြောတာပါ ဒီကောင်က ငညစ်ပါ။ သူကတော့ မညစ်ဘူးဆိုပြီး ပြန်ငြင်းနေကျပါ။ ဒါပေမယ့် တကယ်တမ်းက တော်တော် ညစ်တဲ့ ကောင် ပါ”
“သူက ဉာဏ်နီ ဉာဏ်နက် များပေမယ့်အဲ ဒါက ကိစ္စ မရှိပါဘူး။ ခင်ဗျားတို့ သူ့ကို ချစ်နိုင်ပါတယ်။
သူက ကမ္ဘာပေါ်မှာ လူချစ် လူခင် အများဆုံး ဘောလုံး သမား တစ်ယောက်လည်း ဖြစ်ပါ တယ်”
“ကောင်းတဲ့ဖက်ကကြည့်ရင် သူက အနေအထိုင်တော့ ဟော့ဟော့ရမ်းရမ်း မရှိပါဘူး။
ကြင်နာတတ်ပြီး ပရော်ဖက်ရှင်နယ်ကျ ပါတယ်။ အလုပ်ကို ကြိုးစား လုပ်ပါတယ်”
“ဘောလုံးစွမ်းရည်ပိုင်းမှာဆိုရင် သူက နည်းစနစ်ပိုင်းရော ဘောလုံး အပေးအပို့ပိုင်းရော ကောင်းပါတယ်။
ကွင်းထဲ မှာလည်း နေရာတိုင်းမှာ ရှိ နေနိုင်ပါတယ်။
မြင်ကွင်းထဲမှာ မတွေ့ရ ပေမယ့် ရုတ်တရက် ဆိုသလို သူက ရောက်လာပြီး ဘောလုံးကို ဝင်လု သွားတတ်ပါတယ်”ဆိုပြီး ပြောပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ကန္တီကို ခ်ိဳးခ်ိဳးဖဲ့ဖဲ့ေျပာဆိုတဲ့ ေပါ့ဘာ
ဖူဟမ္းနဲ႔ ပြဲမတိုင္ခင္ ေပါ့ဘာတစ္ေယာက္ကေတာ့ ဆံပင္ပုံစံျပင္ဆင္ထားျပန္ပါတယ္။ ယူႏိုက္တက္ ကြင္းလယ္လူ ေပါ့ဘာ က ကန္တီ ဟာ အလြန္ ညစ္တဲ့ သူ ျဖစ္ေၾကာင္း ေျပာဆို ထားပါတယ္။
ေပါ့ဘာနဲ႔ ကန္တီတို႔ ၂ ဦး ဟာ ျပင္သစ္ လက္ေ႐ြးစင္ အသင္းမွာ လိုက္ဖက္တဲ့ ကြင္းလယ္ အတြဲ အဖက္ ျဖစ္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္ကမာၻ႔ ဖလားပြဲမွာ အဓိက က်တဲ့ အခန္း က႑ကေန ပါဝင္ ခဲ့ၾကပါတယ္။
ေပါ့ဘာက ကန္တီကို “အဲဒီေကာင္က အရမ္းညစ္ တယ္ဗ် ။ ကတ္ဂိမ္းေတြ ပဲျဖစ္ျဖစ္ ဘုတ္ဂိမ္းေတြပဲ ျဖစ္ျဖစ္ညစ္တဲ့ေကာင္ပါ။ တကယ္ေျပာတာပါ ဒီေကာင္က ငညစ္ပါ။ သူကေတာ့ မညစ္ဘူးဆိုၿပီး ျပန္ျငင္းေနက်ပါ။ဒါေပမယ့္ တကယ္တမ္းက ေတာ္ေတာ္ ညစ္တဲ့ ေကာင္ ပါ”
“သူက ဉာဏ္နီ ဉာဏ္နက္မ်ားေပမယ့္အဲ ဒါက ကိစၥ မရွိပါဘူး။ ခင္ဗ်ားတို႔ သူ႔ကို ခ်စ္ႏိုင္ပါတယ္။ သူက ကမာၻေပၚမွာ လူခ်စ္ လူခင္ အမ်ားဆုံး ေဘာလုံး သမား တစ္ေယာက္လည္း ျဖစ္ပါတယ္”
“ေကာင္းတဲ့ဖက္ကၾကည့္ရင္ သူက အေနအထိုင္ေတာ့ ေဟာ့ေဟာ့ရမ္းရမ္း မရွိပါဘူး။ ၾကင္နာတတ္ၿပီး ပေရာ္ဖက္ရွင္နယ္က် ပါတယ္ ။ အလုပ္ကို ႀကိဳးစား လုပ္ပါတယ္”
“ေဘာလုံးစြမ္းရည္ပိုင္းမွာဆိုရင္ သူက နည္းစနစ္ပိုင္းေရာ ေဘာလုံး အေပးအပို႔ပိုင္းေရာ ေကာင္းပါတယ္။ ကြင္းထဲ မွာလည္း ေနရာတိုင္းမွာ ရွိ ေနႏိုင္ပါတယ္။ ျမင္ကြင္းထဲမွာ မေတြ႕ရ ေပမယ့္ ႐ုတ္တရက္ ဆိုသလို သူက ေရာက္လာၿပီး ေဘာလုံးကို ဝင္လု သြားတတ္ပါတယ္”ဆိုၿပီး ေျပာပါတယ္။