ကတုံးကြီးကို အနိုင်ယူပြီး တူချယ်ရယူပေးထားတဲ့မှတ်တမ်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးနည်းပြတူချယ်ဟာ ညက ကစားခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ်မှာတော့ ဂွာဒီယိုလာရဲ့မန်စီးတီးကို (၁-ဝ) ရလဒ်နဲ့ အနိုင်ယူပြီး final ကို တက်လှမ်းထားနိုင်ခဲ့ပါတယ်။ချယ်လ်ဆီးရဲ့ တစ်ဂိုးတည်းသောအနိုင်ဂိုးကို ၅၅မိနစ်မှာ ဝါနာရဲ့ပေးပို့မှုမှတစ်ဆင့် လူကပ်ခံမထားရတဲ့ ဇီရက်က ပိတ်သွင်းခဲ့ပါတယ်။

ချယ်လ်ဆီးတို့အတွက် အဲဒါဟာနောက်ဆုံးငါးရာသီမှာ လေးကြိမ်မြောက် FA ဗိုလ်လုပွဲရောက်ခဲ့တာဖြစ်သလို တူချယ်ကလည်း ချယ်လ်ဆီးအသင်းအတွက် ပထမဆုံး FAဖိုင်နယ်ရောက် ဂျာမန်နည်းပြဖြစ်လာခဲ့ပါတယ်။ မန်စီးတီးအတွက်ကတော့ ဒီရာသီမှာ ပထမဆုံးအဖြစ် ဖလားတစ်လုံးကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ သူတို့နောက်ဆုံး ကစားခဲ့ရတဲ့ အက်အေဖလား ဆီမီးဖိုင်နယ် (၄)ပွဲလုံးကို အနိုင်ရအောင် ကစားနိုင်ခဲ့တဲ့အပြင် နောက်ထပ်တစ်ချက်ကတော့ အသင်းပိုင်ရှင် ရိုမန်အေဗရာမိုဗစ်ရဲ့လက်ထက်မှာ ချယ်လ်ဆီးအသင်းက အက်အေဖလားဖိုင်နယ်ပွဲကို (၈)ကြိမ်အထိတောင် တက်လှမ်းထားနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ FA ဖလားဗိုလ်လုပွဲကို (၁၅) ကြိမ်မြောက်တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အကြိမ်ရေအားဖြင့် တတိယနေရာမှာရှိပါတယ်။ ပထမနေရာမှာ အာဆင်နယ် က ၂၁ ကြိမ်နဲ့ဖြစ်ပြီး ၊ ယူနိုက်တက် အသင်းကတော့ အကြိမ် ၂၀ နဲ့ ဒုတိယနေရာမှာရှိပါတယ်။ ဒါ့အပြင် အခြားတစ်ဖက်က ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ (၂၁)ရာစုအတွင်း FA ဖလားဗိုလ်လုပွဲကို (၁၀)ကြိမ်အထိတက်ရောက်နိုင်ခဲ့ပြီး အဲဒီကာလအတွင်း အကြိမ်အများဆုံးတက်ရောက်နိုင်တဲ့ အသင်းအဖြစ်မှတ်တမ်းဝင်ပါတယ်။

ချယ်လ်ဆီးနည်းပြတူချယ်ဟာ ချယ်လ်ဆီးကို စရောက်ရောက်ချင်းရာသီဝက်မှာပဲ အသင်းကိုအကောင်းဆုံးဦးဆောင်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ရလဒ်ကောင်းတွေရှိသလို၊ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အထိတက်ရောက်ထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ မေလ၁၅ရက်နေ့မှာ လက်စတာအသင်းနဲ့ဆောက်သမ်တန်အသင်းနှစ်သင်းအနက် နိုင်တဲ့အသင်းနဲ့ ဖိုင်နယ်မှာတွေ့ဆုံကစားရမှာ ဖြစ်ပြီး ချန်ပီယံဖြစ်ဖို့ အခွင့်အရေးကြီးကြီးမားမားရှိနေပါတယ်။နည်းပြ တူချယ်တစ်ယောက် နောက်ထပ် မှတ်တမ်းကောင်းရ ယူနိုင်မလားဆိုတာ စောင့်ကြည့် ကြရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကတုံးႀကီးကို အနုိင္ယူၿပီး တူခ်ယ္ရယူေပးထားတဲ့မွတ္တမ္းမ်ား

ခ်ယ္လ္ဆီးနည္းျပတူခ်ယ္ဟာ ညက ကစားခဲ့တဲ့ FA ဖလားဆီမီးဖိုင္နယ္မွာေတာ့ ဂြာဒီယိုလာရဲ့မန္စီးတီးကို (၁-၀) ရလဒ္နဲ႔ အနိုင္ယူၿပီး final ကို တက္လွမ္းထားနိုင္ခဲ့ပါတယ္။ခ်ယ္လ္ဆီးရဲ့ တစ္ဂိုးတည္းေသာအနိုင္ဂိုးကို ၅၅မိနစ္မွာ ဝါနာရဲ့ေပးပို့မွုမွတစ္ဆင့္ လူကပ္ခံမထားရတဲ့ ဇီရက္က ပိတ္သြင္းခဲ့ပါတယ္။

ခ်ယ္လ္ဆီးတို့အတြက္ အဲဒါဟာေနာက္ဆုံးငါးရာသီမွာ ေလးႀကိမ္ေျမာက္ FA ဗိုလ္လုပြဲေရာက္ခဲ့တာျဖစ္သလို တူခ်ယ္ကလည္း ခ်ယ္လ္ဆီးအသင္းအတြက္ ပထမဆုံး FAဖိုင္နယ္ေရာက္ ဂ်ာမန္နည္းျပျဖစ္လာခဲ့ပါတယ္။ မန္စီးတီးအတြက္ကေတာ့ ဒီရာသီမွာ ပထမဆုံးအျဖစ္ ဖလားတစ္လုံးကို လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ သူတို့ေနာက္ဆုံး ကစားခဲ့ရတဲ့ အက္ေအဖလား ဆီမီးဖိုင္နယ္ (၄)ပြဲလုံးကို အနိုင္ရေအာင္ ကစားနိုင္ခဲ့တဲ့အျပင္ ေနာက္ထပ္တစ္ခ်က္ကေတာ့ အသင္းပိုင္ရွင္ ရိုမန္ေအဗရာမိုဗစ္ရဲ့လက္ထက္မွာ ခ်ယ္လ္ဆီးအသင္းက အက္ေအဖလားဖိုင္နယ္ပြဲကို (၈)ႀကိမ္အထိေတာင္ တက္လွမ္းထားနိုင္ခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ FA ဖလားဗိုလ္လုပြဲကို (၁၅) ႀကိမ္ေျမာက္တက္ေရာက္နိုင္ခဲ့တာျဖစ္ၿပီး အႀကိမ္ေရအားျဖင့္ တတိယေနရာမွာရိွပါတယ္။ ပထမေနရာမွာ အာဆင္နယ္ က ၂၁ ႀကိမ္နဲ႔ျဖစ္ၿပီး ၊ ယူႏိုက္တက္ အသင္းကေတာ့ အႀကိမ္ ၂၀ နဲ႔ ဒုတိယေနရာမွာရိွပါတယ္။ ဒါ့အျပင္ အျခားတစ္ဖက္က ၾကည့္မယ္ဆိုရင္ ခ်ယ္လ္ဆီးအသင္းဟာ (၂၁)ရာစုအတြင္း FA ဖလားဗိုလ္လုပြဲကို (၁၀)ႀကိမ္အထိတက္ေရာက္နိုင္ခဲ့ၿပီး အဲဒီကာလအတြင္း အႀကိမ္အမ်ားဆုံးတက္ေရာက္နိုင္တဲ့ အသင္းအျဖစ္မွတ္တမ္းဝင္ပါတယ္။

ခ်ယ္လ္ဆီးနည္းျပတူခ်ယ္ဟာ ခ်ယ္လ္ဆီးကို စေရာက္ေရာက္ခ်င္းရာသီဝက္မွာပဲ အသင္းကိုအေကာင္းဆုံးဦးေဆာင္နိုင္ခဲ့သလို ပရီးမီးယားလိဂ္မွာလည္း ရလဒ္ေကာင္းေတြရိွသလုိ၊ ခ်န္ပီယံလိဂ္မွာလည္း ဆီမီးဖိုင္နယ္အထိတက္ေရာက္ထားနိုင္ခဲ့ၿပီပဲျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ေမလ၁၅ရက္ေန႔မွာ လက္စတာအသင္းနဲ႔ေဆာက္သမ္တန္အသင္းႏွစ္သင္းအနက္ နိုင္တဲ့အသင္းနဲ႔ ဖိုင္နယ္မွာေတြ႕ဆုံကစားရမွာ ျဖစ္ၿပီး ခ်န္ပီယံျဖစ္ဖို့ အခြင့္အေရးႀကီးႀကီးမားမားရွိေနပါတယ္။နည္းျပ တူခ်ယ္တစ္ေယာက္ ေနာက္ထပ္ မွတ္တမ္းေကာင္းရ ယူႏိုင္မလားဆိုတာ ေစာင့္ၾကည့္ ၾကရေအာင္ပါ။