ကစားသမား (၁၉)ဦးအတွက် ပြောင်းရွှေ့ကြေး ကြွေးကျန် ယူရို(၁၂၆)သန်းပေးရမယ့် ဘာစီလိုနာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ လာလီဂါထိပ်သီး ဘာစီလိုနာအသင်းဟာ ကစားသမားခေါ်ယူမှုနဲ့ပတ်သက်ပြီး ကလပ်အသင်းတွေကို ပေးချေရမယ့် ကြွေးကျန်က ယူရို(၁၂၆)သန်းအထိရှိနေတာကြောင့် တစ်ပူပေါ်နှစ်ပူဆင့်သလိုဖြစ်နေပါပြီ။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကစားသမား (၁၉)ဦးကို ခေါ်ယူခဲ့တာမှာ သက်ဆိုင်ရာကလပ်အသင်းတွေကို ပေးဖို့ကျန်နေတဲ့ ပြောင်းရွှေ့ကြေးတွေ အများကြီးရှိနေပြီး ၂၀၁၈ ခုနှစ်တုန်းက ကော်တင်ဟိုကို ခေါ်ယူခဲ့တာမှာ လီဗာပူးလ်အသင်းကို ယူရို(၂၉)သန်း ပေးချေဖို့ကျန်နေသေးသလို အခုလတ်တလောမှာ မပေးနိုင်ဘူးဆိုရင် ယူရိုသန်း(၄၀)အထိ မြင့်တက်သွားဖို့ရှိနေပါတယ်။

ဒါ့အပြင် အေဂျက်စ်ကွင်းလယ်လူ ဖရန်ကီဒီယွန်းကို ခေါ်ခဲ့တုန်းကလည်း ယူရို(၁၆)သန်း ကြွေးကျန်ခဲ့တဲ့အပြင် ဇင်းနစ်အသင်းမှာ လက်ရှိကစားနေတဲ့ သူတို့ကစားသမားဟောင်း မဲလ်ကွန်ရဲ့ ပြောင်းရွှေ့ကြေးထဲက ကြွေးကျန်ယူရို(၁၀)သန်း ဘော်ဒိုးအသင်းကို ပေးရဦးမှာပါ။

ဒါတင်မကသေးဘဲ ဂျူနီယာဖီယာပို(ဘက်တစ်)အတွက် ယူရို(၉)သန်း၊ အာသာ(ဂရီမီယို)အတွက် ယူရို(၈)သန်း၊ ၂၀၁၆ ခုနှစ်တုန်းက ဗီလာရီးယဲလ်ဆီကနေ ခေါ်ယူခဲ့တဲ့ ဒင်းနစ်ဆွာရက်ဇ်အတွက် ယူရို(၂၄၁,၀၀၀)၊ ကူကူရယ်လာအတွက် အီဘာအသင်းကို ယူရို(၂.၄)သန်း ပေးချေဖို့ ကျန်နေပါသေးတယ်။

ဘာစီလိုနာအသင်း ပြောင်းရွှေ့ကြေးကြွေးကျန်တင်ရှိနေတာက ဒီကစားသမားတွေအတွက်သာမကဘဲ နောက်ထပ်ကစားသမားတွေအတွက် ပေးရမယ့်အကြွေး အများကြီးကျန်နေပါသေးတယ်။

ကိုဗစ်ရောဂါဆိုးကြောင့် ဘောလုံးကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးအပေါ် ကြီးမားတဲ့ရိုက်ခတ်မှုတွေ ရှိခဲ့ပြီး အဲဒီထဲမှာ ဘာစီလိုနာအသင်းကလည်း တစ်သင်းအပါအဝင်ဖြစ်ခဲ့သလို ဘဏ်နဲ့ တခြားရင်းနှီးမြုပ်နှံထားတဲ့ကုမ္ပဏီတွေကို အကြွေးတွေပေးရဖို့ ကျန်နေသေးလို့ သတ်မှတ်ရက်ကို နောက်ဆုတ်ပေးဖို့ တောင်းပန်ထားရတဲ့အထိဖြစ်နေတာပါ။

ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်အရ ကလပ်အသင်းရဲ့ကြွေးမြီပမာဏက ၂၀၁၉-၂၀ ရာသီကထက် (၂)ဆလောက် မြင့်တက်လာပြီး ၂၀၁၉၊ ဇွန်လက ယူရို (၂၁၇)သန်းရှိတာကနေ ၂၀၂၀၊ ဇွန်လမှာ ယူရို(၄၄၈)သန်းအထိ ရှိလာတာဖြစ်ပါတယ်။

အဲဒီအတွက် ဘာစီလိုနာအသင်းက ကစားသမားတချို့ကိုရောင်းချတာ၊ အသင်းက ကစားသမားတွေရဲ့ လစာကို လျှော့ချတာတွေကနေ ယူရိုသန်း(၈၀)လောက် သက်သာခဲ့ပေမယ့် အဲဒီပမာဏာ အသင်းရဲ့ ဘဏ္ဍာရေးအခက်အခဲကို ပြေလည်အောင်ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။

စပိန်သတင်းစာ Football Espana ကတော့ ဘာစီလိုနာအသင်းရဲ့ ကြွေးမြီစုစုပေါင်းပမာဏက ယူရို(၁၁၇၃)သန်းအထိရှိနေပြီး အဲဒီထဲက ယူရိုသန်း(၇၃၀)ကို မကြာခင်ကာလအတွင်း ပေးချေရမှာဖြစ်တာကြောင့် ဒီအခြေအနေကိုသာ အချိန်မီ မဖြေရှင်းနိုင်ရင် ဒေဝါလီခံရမယ့်အနေအထားနဲ့တောင် ရင်ဆိုင်ရဖို့ရှိတယ်လို့ သုံးသပ်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကစားသမား (၁၉)ဦးအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေႂကြးက်န္ ယူ႐ို(၁၂၆)သန္းေပးရမယ့္ ဘာစီလိုနာ

ဘ႑ာေရးအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ လာလီဂါထိပ္သီး ဘာစီလိုနာအသင္းဟာ ကစားသမားေခၚယူမႈနဲ႔ပတ္သက္ၿပီး ကလပ္အသင္းေတြကို ေပးေခ်ရမယ့္ ေႂကြးက်န္က ယူ႐ို(၁၂၆)သန္းအထိရွိေနတာေၾကာင့္ တစ္ပူေပၚႏွစ္ပူဆင့္သလိုျဖစ္ေနပါၿပီ။ ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ကစားသမား (၁၉)ဦးကို ေခၚယူခဲ့တာမွာ သက္ဆိုင္ရာကလပ္အသင္းေတြကို ေပးဖို႔က်န္ေနတဲ့ ေျပာင္းေ႐ႊ႕ေၾကးေတြ အမ်ားႀကီးရွိေနၿပီး ၂၀၁၈ ခုႏွစ္တုန္းက ေကာ္တင္ဟိုကို ေခၚယူခဲ့တာမွာ လီဗာပူးလ္အသင္းကို ယူ႐ို(၂၉)သန္း ေပးေခ်ဖို႔က်န္ေနေသးသလို အခုလတ္တေလာမွာ မေပးႏိုင္ဘူးဆိုရင္ ယူ႐ိုသန္း(၄၀)အထိ ျမင့္တက္သြားဖို႔ရွိေနပါတယ္။

ဒါ့အျပင္ ေအဂ်က္စ္ကြင္းလယ္လူ ဖရန္ကီဒီယြန္းကို ေခၚခဲ့တုန္းကလည္း ယူ႐ို(၁၆)သန္း ေႂကြးက်န္ခဲ့တဲ့အျပင္ ဇင္းနစ္အသင္းမွာ လက္ရွိကစားေနတဲ့ သူတို႔ကစားသမားေဟာင္း မဲလ္ကြန္ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးထဲက ေႂကြးက်န္ယူ႐ို(၁၀)သန္း ေဘာ္ဒိုးအသင္းကို ေပးရဦးမွာပါ။ ဒါတင္မကေသးဘဲ ဂ်ဴနီယာဖီယာပို(ဘက္တစ္)အတြက္ ယူ႐ို(၉)သန္း၊ အာသာ(ဂရီမီယို)အတြက္ ယူ႐ို(၈)သန္း၊ ၂၀၁၆ ခုႏွစ္တုန္းက ဗီလာရီးယဲလ္ဆီကေန ေခၚယူခဲ့တဲ့ ဒင္းနစ္ဆြာရက္ဇ္အတြက္ ယူ႐ို(၂၄၁,၀၀၀)၊ ကူကူရယ္လာအတြက္ အီဘာအသင္းကို ယူ႐ို(၂.၄)သန္း ေပးေခ်ဖို႔ က်န္ေနပါေသးတယ္။ ဘာစီလိုနာအသင္း ေျပာင္းေ႐ႊ႕ေၾကးေႂကြးက်န္တင္ရွိေနတာက ဒီကစားသမားေတြအတြက္သာမကဘဲ ေနာက္ထပ္ကစားသမားေတြအတြက္ ေပးရမယ့္အေႂကြး အမ်ားႀကီးက်န္ေနပါေသးတယ္။ ကိုဗစ္ေရာဂါဆိုးေၾကာင့္ ေဘာလုံးကလပ္အသင္းေတြရဲ႕ ဘ႑ာေရးအေပၚ ႀကီးမားတဲ့႐ိုက္ခတ္မႈေတြ ရွိခဲ့ၿပီး အဲဒီထဲမွာ ဘာစီလိုနာအသင္းကလည္း တစ္သင္းအပါအဝင္ျဖစ္ခဲ့သလို ဘဏ္နဲ႔ တျခားရင္းႏွီးျမဳပ္ႏွံထားတဲ့ကုမၸဏီေတြကို အေႂကြးေတြေပးရဖို႔ က်န္ေနေသးလို႔ သတ္မွတ္ရက္ကို ေနာက္ဆုတ္ေပးဖို႔ ေတာင္းပန္ထားရတဲ့အထိျဖစ္ေနတာပါ။

ဘာစီလိုနာအသင္းရဲ႕ ထုတ္ျပန္ခ်က္အရ ကလပ္အသင္းရဲ႕ေႂကြးၿမီပမာဏက ၂၀၁၉-၂၀ ရာသီကထက္ (၂)ဆေလာက္ ျမင့္တက္လာၿပီး ၂၀၁၉၊ ဇြန္လက ယူ႐ို (၂၁၇)သန္းရွိတာကေန ၂၀၂၀၊ ဇြန္လမွာ ယူ႐ို(၄၄၈)သန္းအထိ ရွိလာတာျဖစ္ပါတယ္။ အဲဒီအတြက္ ဘာစီလိုနာအသင္းက ကစားသမားတခ်ိဳ႕ကိုေရာင္းခ်တာ၊ အသင္းက ကစားသမားေတြရဲ႕ လစာကို ေလွ်ာ့ခ်တာေတြကေန ယူ႐ိုသန္း(၈၀)ေလာက္ သက္သာခဲ့ေပမယ့္ အဲဒီပမာဏာ အသင္းရဲ႕ ဘ႑ာေရးအခက္အခဲကို ေျပလည္ေအာင္ေျဖရွင္းႏိုင္ျခင္း မရွိေသးပါဘူး။ စပိန္သတင္းစာ Football Espana ကေတာ့ ဘာစီလိုနာအသင္းရဲ႕ ေႂကြးၿမီစုစုေပါင္းပမာဏက ယူ႐ို(၁၁၇၃)သန္းအထိရွိေနၿပီး အဲဒီထဲက ယူ႐ိုသန္း(၇၃၀)ကို မၾကာခင္ကာလအတြင္း ေပးေခ်ရမွာျဖစ္တာေၾကာင့္ ဒီအေျခအေနကိုသာ အခ်ိန္မီ မေျဖရွင္းႏိုင္ရင္ ေဒဝါလီခံရမယ့္အေနအထားနဲ႔ေတာင္ ရင္ဆိုင္ရဖို႔ရွိတယ္လို႔ သုံးသပ္ထားပါတယ္။