ကစားသမား အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ယူနိုက်တက် ဘာတွေအခက်အခဲဖြစ်နေလဲ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ခွက်ခွက်လန်အရှုံးပွဲတွေရင်ဆိုင်နေရတဲ့ ယူနိုက်တက်အသင်းအနေနဲ့ကစားသမားအသစ်ခေါ်ယူဖို့ လိုကိုလိုအပ်နေပေမယ့် အခုအချိန်အထိရေရေရာရာအကောင်အထည်မဖော်နိုင်ဖြစ်နေပါတယ်။ ယူနိုက်တက်အသင်းကစားသမားအသစ်ခေါ်ယူတဲ့ကိစ္စမှာ ဘာတွေတိုင်ပတ်နေသလဲဆိုတာ တင်ဆက်ပေး ပါမယ်။ အဓိက ကတော့ ငွေရေးကြေးရေးစိုက်ထုတ်သုံးစွဲတဲ့အခက်အခဲပဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့အသုံးစားရိတ် အပိုထပ်မံရရှိဖို့တောင်းဆိုထားတာကို ပိုင်ရှင် ဂလေဇာ မိသားစု က ပယ်ချလိုက်တာကြောင့် ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့အပါအဝင် အခြားအပြောင်းအရွှေ့ကိစ္စတွေပြုလုပ်ဖို့ လည်းအခက်အခဲတွေ့နေရတယ်လို့သိရပါတယ်။

photo internet

ဂလေဇာမိသားစုဟာ ငွေကြေးပိုင်းမှာ ဘဏ်နဲ့ချိတ်ဆက်ပြီး ချေးငွေသုံးစွဲထားတဲ့ကိစ္စတွေရှိတယ်လို့လည်း ကြားရပါတယ်။ အခုဆောင်းရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း 50 သာအသုံးပြုခွင့်ပေးထားတယ်လို့ကြားရပြီး အဲဒီပမာဏဟာ ဖာနန်ဒက်စ်ကိုခေါ်ယူဖို့အတွက်တောင် မပြည့်မီတဲ့အနေအထား ဖြစ်နေပါတယ်။ ဖာနန်ဒက်စ်ကို ရောင်းချဖို့အတွက် စပို့တင်းအသင်းက ပေါင်သန်း60 လိုချင်တာကြောင့် ယူနိုက်တက် အသင်းဟာ နောက်ထပ် ပေါင်10သန်းလိုအပ်နေပါတယ်။ အဲဒီပေါင် ၁၀သန်းအတွက် ဂလေဇာ မိသားစုထံတောင်းခံခဲ့ရာ မခွင့်ပြုတာကြောင့် ဖာနန်ဒက်စ် တစ်ယောက် ယူနိုက်တက်ကိုလာဖို့ ကိစ္စဟာဇာတ်မျောဖြစ်နေပါတယ်။ ယူနိုက်တက်နဲ့ဖာနန်ဒက်စ်တို့ရဲ့ဇာတ်လမ်းမပြီးပြတ်ဘဲကြန့်ကြာနေ တာကြောင့် ဖာနန်ဒက်စ်ကို မန်စီးတီးက ခေါ်ယူမယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

photo internet

ယူနိက်တက်ဟာ အေစီမီလန်ကွင်းလယ်လူ ကတ်ဆီ ၊ အင်တာမီလန်ကွင်းလယ်လူ ဗီစီနို နဲ့ အက်တီကိုကွင်းလယ် လူတွေကို အငှားနဲ့ခေါ်ယူဖို့လိုက်လံကြိုးစားနေပေမယ့်လည်း အဆင်မပြေဖြစ်နေ ပါတယ်။ အခုအခါမှာတော့ တရုတ်ကလပ်ရှန်ဟိုင်းရှင်ဟွာမှာ ကစားနေတဲ့ ဝက်ဖို့ဒ်တိုက်စစ်မှူးဟောင်း အစ်ဟာလို (Ighalo) နှင့် မိုနာကိုမှာအငှားကစားနေတဲ့ လက်စတာတိုက်စစ်မှူး ဆလက်မနီ (Slimani) တို့ထဲမှတစ်ဦးကို အငှားခေါ်ယူဖို့ကြိုးပမ်းလျက်ရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ ငွေကြေးသုံးစွဲမှုအပိုင်းမှာ နွေရာသီအပြောင်းအရွှေ့တုန်းကလည်း အများကြီးသုံးခဲ့တာမဟုတ်ပါဘူး။

photo internet

လာကာကူ ဖယ်လိုင်နီ ဒါမီယံ တို့ကိုရောင်းချတာကနေ ပေါင်သန်း၉၀ကျော်ပြန်လည်ရရှိထားပြီး၊ အဲဒီ ငွေကြေးနဲ့ မက်ဂွိုင်းယား ဘစ်ဆာကာ ဂျိမ်စ်း တို့ကိုပြန်လည်ခေါ်ယူခဲ့တာကြောင့်အသင်းရဲ့ အသားတင်အသုံးစားရိတ်က ပေါင်သန်း၅၀ ကျော်သာရှိပါတယ်။ အသားတင်ဝင်ငွေ ပေါင်သန်း ၆၄၀ ကျော်ရှိပြီး ကမ္ဘာ့အဆင့် ၃ ဝင်ငွေအကောင်းဆုံးအသင်းဖြစ်တဲ့ ယူနိက်တက် ဟာအခုဆောင်းရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့ပုံရိပ်တွေကျဆင်းလာနေတာဖြစ်ပါတယ်။

photo internet

ကစားသမားအပြောင်းအရွှေ့နဲ့ပတ်သက်လို့တော့နည်းပြဆိုးလ်ရှားကအခုလိုပြောပါတယ်။ “ကျွန်တော်တို့ အပြောင်းအရွှေ့ နှစ်ခုလောက်ကို လုပ်ဆောင်နေတာကြောင့် ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရပါမယ်။ ဈေးကွက်မပိတ်ခင်အသင်းကဝယ်ပေးနိုင်မလားစောင့်ကြည့်ရမှာပေါ့။ဝေဖန်ပြောဆိုသံတွေကိုအမြဲအာရုံစိုက် ထားလို့တော့မရပါဘူး။ ပြန်လည်တည်ဆောက်ရေးကိုအကောင်းဆုံးလုပ်နိုင်မယ်ထင်ပါတယ်။ အသင်းမှာ အုတ်မြစ်က ခိုင်မာဖို့အရေးကြီးပြီး သမိုင်းကြောင်းကို အခိုင်အမာ သိရှိဖို့လိုအပ်ပါတယ်။ အိမ်တစ်လုံးလိုပါပဲ ခေါင်မိုးကနေစလို့မရပါဘူး။ အခုလောလောဆယ် ကျွန်တော်တို့ မိုးမလုံတဲ့ကိစ္စတွေရှိခဲ့တယ်ဆိုတာသိပါတယ်။” ဆိုပြီးပြောပါတယ်။

photo internet

ဒဏ်ရာရကစားသမားပေါင်းများစွာနဲ့လည်ပတ်နေရတဲ့ ယူနိုက်တက်အသင်း ကိုဘယ်သူတွေရောက်လာမလဲ ဆိုတာစောင့်ကြည့်ရပါမယ်။ လောလောဆယ်မှာတော့ ကာရစ်တန်လေ့ကျင့်ရေးအစီအစဉ်မှာ လင်ဒီလော့ဒ်နှင့်ပေါ့ဘာဂ် တို့လာရောက်ပူးပေါင်းခဲ့ကြောင်း သိရပြီး၊ Borthwick-Jackson အား Oldham Athletic အသင်းထံ ရာသီကုန်ထိအငှါးချလိုက်ပြီလို့လည်းသိရပါတယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ကစားသမား အေျပာင္းအေရႊ႕နဲ႔ပတ္သက္ၿပီး ယူႏိုက္တက္ ဘာေတြအခက္အခဲျဖစ္ေနလဲ?

ခြက္ခြက္လန္အရံႈးပြဲေတြရင္ဆိုင္ေနရတဲ့ ယူႏိုက္တက္အသင္းအေနနဲ႔ကစားသမားအသစ္ေခၚယူဖို႔ လုိကိုလိုအပ္ေနေပမယ့္ အခုအခ်ိန္အထိေရေရရာရာအေကာင္အထည္မေဖာ္ႏိုင္ျဖစ္ေနပါတယ္။ ယူႏိုက္တက္အသင္းကစားသမားအသစ္ေခၚယူတဲ့ကိစၥမွာ ဘာေတြတိုင္ပတ္ေနသလဲဆိုတာ တင္ဆက္ေပး ပါမယ္။ အဓိက ကေတာ့ ေငြေရးေၾကးေရးစိုက္ထုတ္သုံးစြဲတဲ့အခက္အခဲပဲျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ အေျပာင္းအေ႐ႊ႕အသုံးစားရိတ္ အပိုထပ္မံရရွိဖို႔ေတာင္းဆိုထားတာကို ပိုင္ရွင္ ဂေလဇာ မိသားစု က ပယ္ခ်လိုက္တာေၾကာင့္ ဘ႐ူႏိုဖာနန္ဒက္စ္ကို ေခၚယူဖို႔အပါအဝင္ အျခားအေျပာင္းအေ႐ႊ႕ကိစၥေတြျပဳလုပ္ဖို႔ လည္းအခက္အခဲေတြ႕ေနရတယ္လို႔သိရပါတယ္။

ဂေလဇာမိသားစုဟာ ေငြေၾကးပိုင္းမွာ ဘဏ္နဲ႔ခ်ိတ္ဆက္ၿပီး ေခ်းေငြသုံးစဲြထားတဲ့ကိစၥေတြရိွတယ္လို႔လည္း ၾကားရပါတယ္။ အခုေဆာင္းရာသီအေျပာင္းအေရႊ႕မွာ ေပါင္သန္း 50 သာအသုံးျပဳခြင့္ေပးထားတယ္လို႔ၾကားရၿပီး အဲဒီပမာဏဟာ ဖာနန္ဒက္စ္ကိုေခၚယူဖို႔အတြက္ေတာင္ မျပည့္မီတဲ့အေနအထား ျဖစ္ေနပါတယ္။ ဖာနန္ဒက္စ္ကို ေရာင္းခ်ဖို႔အတြက္ စပို႔တင္းအသင္းက ေပါင္သန္း60 လိုခ်င္တာေၾကာင့္ ယူႏိုက္တက္ အသင္းဟာ ေနာက္ထပ္ ေပါင္10သန္းလိုအပ္ေနပါတယ္။ အဲဒီေပါင္ ၁၀သန္းအတြက္ ဂေလဇာ မိသားစုထံေတာင္းခံခဲ့ရာ မခြင့္ျပဳတာေၾကာင့္ ဖာနန္ဒက္စ္ တစ္ေယာက္ ယူႏိုက္တက္ကိုလာဖို႔ ကိစၥဟာဇာတ္ေမ်ာျဖစ္ေနပါတယ္။ ယူႏိုက္တက္နဲ႔ဖာနန္ဒက္စ္တို႔ရဲ႕ဇာတ္လမ္းမၿပီးျပတ္ဘဲၾကန္႔ၾကာေန တာေၾကာင့္ ဖာနန္ဒက္စ္ကို မန္စီးတီးက ေခၚယူမယ္ဆိုတဲ့သတင္းေတြလည္း ထြက္ေပၚခဲ့ပါတယ္။

ယူနိက္တက္ဟာ ေအစီမီလန္ကြင္းလယ္လူ ကတ္ဆီ ၊ အင္တာမီလန္ကြင္းလယ္လူ ဗီစီႏို နဲ႔ အက္တီကိုကြင္းလယ္ လူေတြကို အငွားနဲ႔ေခၚယူဖို႔လိုက္လံႀကိဳးစားေနေပမယ့္လည္း အဆင္မေျပျဖစ္ေန ပါတယ္။ အခုအခါမွာေတာ့ တ႐ုတ္ကလပ္ရွန္ဟိုင္းရွင္ဟြာမွာ ကစားေနတဲ့ ဝက္ဖို႔ဒ္တိုက္စစ္မႉးေဟာင္း အစ္ဟာလို (Ighalo) ႏွင့္ မိုနာကိုမွာအငွားကစားေနတဲ့ လက္စတာတိုက္စစ္မႉး ဆလက္မနီ (Slimani) တို႔ထဲမွတစ္ဦးကို အငွားေခၚယူဖို႔ႀကိဳးပမ္းလ်က္ရွိေနပါတယ္။ ယူႏိုက္တက္အသင္းဟာ ေငြေၾကးသုံးစြဲမႈအပိုင္းမွာ ေႏြရာသီအေျပာင္းအေရႊ႕တုန္းကလည္း အမ်ားႀကီးသုံးခဲ့တာမဟုတ္ပါဘူး။

လာကာကူ ဖယ္လိုင္နီ ဒါမီယံ တို႔ကိုေရာင္းခ်တာကေန ေပါင္သန္း၉၀ေက်ာ္ျပန္လည္ရရွိထားၿပီး၊ အဲဒီ ေငြေၾကးနဲ႔ မက္ဂြိဳင္းယား ဘစ္ဆာကာ ဂ်ိမ္စ္း တို႔ကိုျပန္လည္ေခၚယူခဲ့တာေၾကာင့္အသင္းရဲ႕ အသားတင္အသုံးစားရိတ္က ေပါင္သန္း၅၀ ေက်ာ္သာရွိပါတယ္။ အသားတင္ဝင္ေငြ ေပါင္သန္း ၆၄၀ ေက်ာ္ရွိၿပီး ကမာၻ႔အဆင့္ ၃ ဝင္ေငြအေကာင္းဆုံးအသင္းျဖစ္တဲ့ ယူနိက္တက္ ဟာအခုေဆာင္းရာသီအေျပာင္းအေရႊ႕မွာ အသင္းရဲ႕ပုံရိပ္ေတြက်ဆင္းလာေနတာျဖစ္ပါတယ္။

ကစားသမားအေျပာင္းအေရႊ႕နဲ႔ပတ္သက္လို႔ေတာ့နည္းျပဆိုးလ္ရွားကအခုလိုေျပာပါတယ္။ “ကၽြန္ေတာ္တို႔ အေျပာင္းအေ႐ႊ႕ ႏွစ္ခုေလာက္ကို လုပ္ေဆာင္ေနတာေၾကာင့္ ဘာေတြဆက္ျဖစ္မလဲဆိုတာၾကည့္ရပါမယ္။ ေဈးကြက္မပိတ္ခင္အသင္းကဝယ္ေပးႏိုင္မလားေစာင့္ၾကည့္ရမွာေပါ့။ေ၀ဖန္ေျပာဆုိသံေတြကိုအၿမဲအာရုံစိုက္ ထားလို႔ေတာ့မရပါဘူး။ ျပန္လည္တည္ေဆာက္ေရးကိုအေကာင္းဆုံးလုပ္ႏိုင္မယ္ထင္ပါတယ္။ အသင္းမွာ အုတ္ျမစ္က ခိုင္မာဖို႔အေရးႀကီးၿပီး သမိုင္းေၾကာင္းကို အခိုင္အမာ သိရွိဖို႔လိုအပ္ပါတယ္။ အိမ္တစ္လုံးလိုပါပဲ ေခါင္မိုးကေနစလို႔မရပါဘူး။ အခုေလာေလာဆယ္ ကၽြန္ေတာ္တို႔ မိုးမလုံတဲ့ကိစၥေတြရိွခဲ့တယ္ဆိုတာသိပါတယ္။” ဆိုၿပီးေျပာပါတယ္။

ဒဏ္ရာရကစားသမားေပါင္းမ်ားစြာနဲ႔လည္ပတ္ေနရတဲ့ ယူႏိုက္တက္အသင္း ကိုဘယ္သူေတြေရာက္လာမလဲ ဆိုတာေစာင့္ၾကည့္ရပါမယ္။ ေလာေလာဆယ္မွာေတာ့ ကာရစ္တန္ေလ့က်င့္ေရးအစီအစဥ္မွာ လင္ဒီေလာ့ဒ္ႏွင့္ေပါ့ဘာဂ္ တို႔လာေရာက္ပူးေပါင္းခဲ့ေၾကာင္း သိရၿပီး၊ Borthwick-Jackson အား Oldham Athletic အသင္းထံ ရာသီကုန္ထိအငွါးခ်လိုက္ၿပီလုိ႔႔လည္းသိရပါတယ္။