
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
၂၀၂၁-၂၂ ရာသီရဲ့ ကန့်လန့်ကာအဖွင့်ပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲမှာတော့ လက်စတာအသင်းဟာ တိုက်စစ်မှူးအီဟီယာနာချိုရဲ့ ပယ်နယ်တီဂိုးနဲ့ မန်စီးတီးကို အနိုင်ယူပြီး နှစ်ပေါင်း ၅၀ အကြာမှာ ကွန်မြူနတီဒိုင်းကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်းနား၊ ဂျေးဆု၊ စတာလင်၊ ဖိုဒန်၊ အီဒါဆင်စတဲ့ ကစားသမားအများစု မပါဝင်ခဲ့ဘဲ လူငယ်လေးတွေဖြစ်တဲ့ အိုဇီ၊ ပါလ်မာတို့ကို ဂွါဒီယိုလာက ပွဲထုတ်ခဲ့ပါတယ်။
လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာကတော့ ဗာဒီ၊ မက်ဒီဆင်၊ တိုင်လေမန်း၊ အန်ဒီဒီတို့နဲ့ လူစုံတက်စုံ ပွဲထုတ်ခဲ့သလို ပထမပိုင်းမှာ မန်စီးတီးအသင်းထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးပြသနိုင်ခဲ့တယ်။
လူငယ်ကစားသမားတွေနဲ့ စီနီယာကစားသမားတွေ အတွဲအဖက်မမိခဲ့လို့ မန်စီးတီးကစားပုံက ဒီလောက်အကောင်းကြီး မဟုတ်ခဲ့ဘူး။
ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင် ဂရီးလစ်ရှ်ကတော့ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ပေမယ့် သူ ဝင်ကစားချိန်မှ မန်စီးတီးလည်း ပယ်နယ်တီနဲ့ရှုံးနိမ့်ခဲ့လို့ ဂရီးလစ်ရှ်ဟာ ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ ယူရို-၂၀၂၀ ဗိုလ်လုပွဲ၊ အခု ကွန်မြူနတီဒိုင်း နှစ်ပွဲဆက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါပြီ။
လူမစုံတဲ့အတွက် မန်စီးတီး ခြေစွမ်းက သာမန်လောက်သာရှိပေမယ့် သူတို့တိုက်စစ်ကစားပုံအရကိုက အားနည်းချက်တွေရှိနေသလို တိုက်စစ်မှူးတစ်ဦးခေါ်ဖို့လိုနေတယ်လို့ သုံးသပ်ရမှာဖြစ်ပြီး
တစ်ရာသီလုံး ကာလရှည်ခရီးကြမ်း ဖြတ်သန်းရမယ့်အချိန်မှာ ဂျေးဆု၊ ဖာရန်တောရက်စ်တို့လောက်နဲ့ အလုပ်မဖြစ်နိုင်ဘူးလို့မြင်မိတယ်။
၁၈ ကိုက်စည်းထဲမှာ အခွင့်အရေးတွေကို အသုံးချနိုင်မယ့် တိုက်စစ်မှူးတစ်ဦးကို အပြောင်းအရွှေ့စျေးကွက် မပိတ်ခင်ခေါ်သင့်နေပါပြီ။
ပထမပိုင်းပြီးခါနီးမှာ လက်စတာအသင်းအပိုင်အခွင့်အရေး ရခဲ့ပေမယ့် ဗာဒီရဲ့ကန်ချက် ဂိုးသမားစတက်ဖင်နဲ့ ထိပြီးမှ တိုင်နဲ့ထပ်ထိခဲ့လို့ ကံဆိုးစွာနဲ့ ဂိုးမရခဲ့ဘူး။
ဒုတိယပိုင်းမှာတော့ မန်စီးတီးက လက်စတာကို အသာပြန်ရခဲ့ပေမယ့် အပိုင်အခွင့်အရေးမရခဲ့ဘဲ မာရက်ဇ် လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးကန်သွင်းတာကလည်း လွဲချော်ခဲ့ပါတယ်။
ပွဲပြီးခါနီးမှာ နောက်ခံလူအကီရဲ့ မလိုလားအပ်တဲ့ အမှားကနေ လက်စတာပယ်နယ်တီရရှိခဲ့ပြီး ဒီပယ်နယ်တီကို မန်စီးတီးတိုက်စစ်မှူးဟောင်း အီဟီယာနာချိုက ကန်သွင်းယူခဲ့သလို ပွဲအပြီးအထိ အနိုင်ဂိုးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာကြောင့်
လက်စတာအသင်းဟာ ၁၉၇၁ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကွန်မြူနတီဒိုင်းကို ပြန်လည်ရယူနိုင်ခဲ့တဲ့အပြင် ကွန်မြူနတီဒိုင်းပွဲမှာ FA ဖလားချန်ပီယံအသင်းတွေဟာ ပရီးမီးယားလိဂ်ချန်ပီယံအသင်းတွေကို ၂ နှစ်ဆက်တိုက် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ




Zawgyiကစားသမားေဟာင္း အီဟီယာနာခ်ိဳရဲ႕ ပယ္နယ္တီဂိုးေၾကာင့္ ရာသီအဖြင့္မလွျဖစ္ခဲ့ရတဲ့ မန္စီးတီး




၂၀၂၁-၂၂ ရာသီရဲ႕ ကန္႔လန္႔ကာအဖြင့္ပြဲျဖစ္တဲ့ ကြန္ျမဴနတီဒိုင္းပြဲမွာေတာ့ လက္စတာအသင္းဟာ တိုက္စစ္မႉးအီဟီယာနာခ်ိဳရဲ႕ ပယ္နယ္တီဂိုးနဲ႔ မန္စီးတီးကို အႏိုင္ယူၿပီး ႏွစ္ေပါင္း ၅၀ အၾကာမွာ ကြန္ျမဴနတီဒိုင္းကို ျပန္လည္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒီပြဲမွာ မန္စီးတီးအသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ ဒီဘ႐ိုင္းနား၊ ေဂ်းဆု၊ စတာလင္၊ ဖိုဒန္၊ အီဒါဆင္စတဲ့ ကစားသမားအမ်ားစု မပါဝင္ခဲ့ဘဲ လူငယ္ေလးေတြျဖစ္တဲ့ အိုဇီ၊ ပါလ္မာတို႔ကို ဂြါဒီယိုလာက ပြဲထုတ္ခဲ့ပါတယ္။ လက္စတာအသင္းနည္းျပ ဘရန္ဒန္ေရာ္ဂ်ာကေတာ့ ဗာဒီ၊ မက္ဒီဆင္၊ တိုင္ေလမန္း၊ အန္ဒီဒီတို႔နဲ႔ လူစုံတက္စုံ ပြဲထုတ္ခဲ့သလို ပထမပိုင္းမွာ မန္စီးတီးအသင္းထက္ ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္မ်ိဳးျပသႏိုင္ခဲ့တယ္။ လူငယ္ကစားသမားေတြနဲ႔ စီနီယာကစားသမားေတြ အတြဲအဖက္မမိခဲ့လို႔ မန္စီးတီးကစားပုံက ဒီေလာက္အေကာင္းႀကီး မဟုတ္ခဲ့ဘူး။ ပရီးမီးယားလိဂ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးပိုင္ရွင္ ဂရီးလစ္ရွ္ကေတာ့ ဒုတိယပိုင္းမွာ လူစားဝင္ကစားခဲ့ေပမယ့္ သူ ဝင္ကစားခ်ိန္မွ မန္စီးတီးလည္း ပယ္နယ္တီနဲ႔ရႈံးနိမ့္ခဲ့လို႔ ဂရီးလစ္ရွ္ဟာ ဝင္ဘေလကြင္းမွာ ကစားခဲ့တဲ့ ယူ႐ို-၂၀၂၀ ဗိုလ္လုပြဲ၊ အခု ကြန္ျမဴနတီဒိုင္း ႏွစ္ပြဲဆက္အရႈံးနဲ႔ ရင္ဆိုင္ခဲ့ရပါၿပီ။လူမစုံတဲ့အတြက္ မန္စီးတီး ေျခစြမ္းက သာမန္ေလာက္သာရွိေပမယ့္ သူတို႔တိုက္စစ္ကစားပုံအရကိုက အားနည္းခ်က္ေတြရွိေနသလို တိုက္စစ္မႉးတစ္ဦးေခၚဖို႔လိုေနတယ္လို႔ သုံးသပ္ရမွာျဖစ္ၿပီး တစ္ရာသီလုံး ကာလရွည္ခရီးၾကမ္း ျဖတ္သန္းရမယ့္အခ်ိန္မွာ ေဂ်းဆု၊ ဖာရန္ေတာရက္စ္တို႔ေလာက္နဲ႔ အလုပ္မျဖစ္ႏိုင္ဘူးလို႔ျမင္မိတယ္။ ၁၈ ကိုက္စည္းထဲမွာ အခြင့္အေရးေတြကို အသုံးခ်ႏိုင္မယ့္ တိုက္စစ္မႉးတစ္ဦးကို အေျပာင္းအေ႐ႊ႕ေစ်းကြက္ မပိတ္ခင္ေခၚသင့္ေနပါၿပီ။ ပထမပိုင္းၿပီးခါနီးမွာ လက္စတာအသင္းအပိုင္အခြင့္အေရး ရခဲ့ေပမယ့္ ဗာဒီရဲ႕ကန္ခ်က္ ဂိုးသမားစတက္ဖင္နဲ႔ ထိၿပီးမွ တိုင္နဲ႔ထပ္ထိခဲ့လို႔ ကံဆိုးစြာနဲ႔ ဂိုးမရခဲ့ဘူး။ ဒုတိယပိုင္းမွာေတာ့ မန္စီးတီးက လက္စတာကို အသာျပန္ရခဲ့ေပမယ့္ အပိုင္အခြင့္အေရးမရခဲ့ဘဲ မာရက္ဇ္ လြတ္လြတ္ကြၽတ္ကြၽတ္ ဆြဲေျပးကန္သြင္းတာကလည္း လြဲေခ်ာ္ခဲ့ပါတယ္။ ပြဲၿပီးခါနီးမွာ ေနာက္ခံလူအကီရဲ႕ မလိုလားအပ္တဲ့ အမွားကေန လက္စတာပယ္နယ္တီရရွိခဲ့ၿပီး ဒီပယ္နယ္တီကို မန္စီးတီးတိုက္စစ္မႉးေဟာင္း အီဟီယာနာခ်ိဳက ကန္သြင္းယူခဲ့သလို ပြဲအၿပီးအထိ အႏိုင္ဂိုးကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့တာေၾကာင့္ လက္စတာအသင္းဟာ ၁၉၇၁ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ကြန္ျမဴနတီဒိုင္းကို ျပန္လည္ရယူႏိုင္ခဲ့တဲ့အျပင္ ကြန္ျမဴနတီဒိုင္းပြဲမွာ FA ဖလားခ်န္ပီယံအသင္းေတြဟာ ပရီးမီးယားလိဂ္ခ်န္ပီယံအသင္းေတြကို ၂ ႏွစ္ဆက္တိုက္ အႏိုင္ရခဲ့တာလည္းျဖစ္ပါတယ္။