ကစားသမားသုံးယောက်အားနဲ့ ဖလားယူမယ့် ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်တို့ဟာ ယခုနှစ်ဘောလုံးရာသီ အစောပိုင်းက ရုန်းကန်ခဲ့ရပြီး ဒီဇင်ဘာလအတွင်းက ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ဖူလ်ဟမ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဆိုးလ်ရှားရဲ့အသင်းဟာ အမှတ်ပေးဇယား အဆင့် ၁ နေရာကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမယ့် နည်းပြဂွာဒီယိုလာရဲ့ မန်စီးတီးက ယူနိုက်တက်ကို အနီးကပ် ဖိအားပေးနေပါတယ်။ နည်းပြဆိုးလ်ရှားကတော့ ကာဗာနီ၊ ဖာနန်ဒက်စ်၊ ပေါ့ဘာတို့ရဲ့အားနဲ့ ရာသီအကုန်မှာ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ဖလား ရယူသွားနိုင်ဖို့ မျှော်မှန်းထားပါတယ်။

နည်းပြဆိုးလ်ရှားက”ယူနိုက်တက် လမ်းကြောင်းမှန်ပေါ်မှာ ရှိဖို့က အသင်းကကစားသမားတွေရဲ့ အကျင့်စရိုက်ကအရေးပါတယ်လို့ကျွန်တော်ထင်ပါတယ်။ ဒါကြောင့်ကစားသမားခေါ်ယူတဲ့နေရာမှာ အကျင့်စရိုက်၊စိတ်ဓာတ်ကို အဓိက ထားခေါ်ယူခဲ့တာပါ။ ပင်ကိုယ်စွမ်းရည်ကောင်းတာ တစ်ခုတည်းက မလုံလောက်ပါဘူး”

”အသင်းရဲ့ အဝတ်လဲခန်းထဲမှာ အဆင်ပြေတဲ့ အနေအထားရှိဖို့က ကစားသမားတွေက တစ်ယောက်နဲ့ တစ်ယောက်ညီညွတ်မျှတကိုက်ညီမယ့် ပုံစံမျိုးဖြစ်ဖို့လိုပါတယ်။ ကာဗာနီ၊ဖာနန်ဒက်စ်၊ပေါ့ဘာ တို့လိုကစားသမားတွေက အသင်းအတွက်ပြီးပြည့်စုံစေတယ်လို့ခံစားရပါတယ်။ သူတို့ကြောင့် အသင်းရဲ့ အနေအထားက ပိုကောင်းလာတာပါ။”

ယူနိုက်တက် ကစားသမားဟောင်းရွန်းနီကလည်း သူ့ရဲ့ အသင်းဟောင်းဒီနှစ်ဖလားရမယ်လို့ ယုံကြည်နေပါတယ်။ ဒါဘီကောင်တီနည်းပြက “ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ယူနိုက်တက်ဟာ ဆုဖလားအတွက် စိန်မခေါ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ သူတို့က ကစားသမားကောင်းတွေနဲ့ ဖွဲ့စည်းနိုင်ခဲ့ပါပြီ။”

“ဖာနန်ဒက်စ်ရဲ့ ကူညီမှု၊ ပေါ့ဘာရဲ့ ခြေစွမ်းကောင်းမှု၊ ကာဗာနီရဲ့ ဝါရင့် အတွေ့အကြုံတွေကြောင့် ယူနိုက်တက်အောင်မြင်နိုင်ပါတယ်”ဆိုပြီးရွန်းနီက ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုထားပါတယ်။ ဖလားမဲ့နေတာ နည်းနည်းကြာပြီဖြစ်တဲ့ ယူနိုက်တက်အတွက် အသင်းသားတွေကလည်း ဖလား ရယူပေးချင်နေကြပါပြီ။

ရာသီဝက် ချန်ပီယံဘဝကနေ ရာသီကုန်မှာ ချန်ပီယံဖြစ်ဖို့ မျှော်လင့်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကစားသမားသုံးေယာက္အားနဲ႔ ဖလားယူမယ့္ ဆိုးလ္ရွား

ယူႏိုက္တက္တို႔ဟာ ယခုႏွစ္ေဘာလုံးရာသီ အေစာပိုင္းက ႐ုန္းကန္ခဲ့ရၿပီး ဒီဇင္ဘာလအတြင္းက ခ်န္ပီယံလိဂ္ကေန ထြက္ခြာခဲ့ရပါတယ္။ ပရီးမီးယားလိဂ္မွာေတာ့ ဖူလ္ဟမ္ကို ၂-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ဆိုးလ္ရွားရဲ႕အသင္းဟာ အမွတ္ေပးဇယား အဆင့္ ၁ ေနရာကို ျပန္လည္ ေရာက္ရွိလာခဲ့ပါတယ္။ ဒါေပမယ့္ နည္းျပဂြာဒီယိုလာရဲ႕ မန္စီးတီးက ယူႏိုက္တက္ကို အနီးကပ္ ဖိအားေပးေနပါတယ္။ နည္းျပဆိုးလ္ရွားကေတာ့ ကာဗာနီ၊ ဖာနန္ဒက္စ္၊ ေပါ့ဘာတို႔ရဲ႕အားနဲ႔ ရာသီအကုန္မွာ ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ဖလား ရယူသြားႏိုင္ဖို႔ ေမွ်ာ္မွန္းထားပါတယ္။

နည္းျပဆိုးလ္ရွားက”ယူႏိုက္တက္ လမ္းေၾကာင္းမွန္ေပၚမွာ ရွိဖို႔က အသင္းကကစားသမားေတြရဲ႕ အက်င့္စ႐ိုက္ကအေရးပါတယ္လို႔ကြၽန္ေတာ္ထင္ပါတယ္။ ဒါေၾကာင့္ကစားသမားေခၚယူတဲ့ေနရာမွာ အက်င့္စ႐ိုက္၊စိတ္ဓာတ္ကို အဓိက ထားေခၚယူခဲ့တာပါ။ ပင္ကိုယ္စြမ္းရည္ေကာင္းတာ တစ္ခုတည္းက မလုံေလာက္ပါဘူး” ”အသင္းရဲ႕ အဝတ္လဲခန္းထဲမွာ အဆင္ေျပတဲ့ အေနအထားရွိဖို႔က ကစားသမားေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ညီၫြတ္မွ်တကိုက္ညီမယ့္ ပုံစံမ်ိဳးျဖစ္ဖို႔လိုပါတယ္။ ကာဗာနီ၊ဖာနန္ဒက္စ္၊ေပါ့ဘာ တို႔လိုကစားသမားေတြက အသင္းအတြက္ၿပီးျပည့္စုံေစတယ္လို႔ခံစားရပါတယ္။ သူတို႔ေၾကာင့္ အသင္းရဲ႕ အေနအထားက ပိုေကာင္းလာတာပါ။”

ယူႏိုက္တက္ ကစားသမားေဟာင္း႐ြန္းနီကလည္း သူ႔ရဲ႕ အသင္းေဟာင္းဒီႏွစ္ဖလားရမယ္လို႔ ယုံၾကည္ေနပါတယ္။ ဒါဘီေကာင္တီနည္းျပက “ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္က ယူႏိုက္တက္ဟာ ဆုဖလားအတြက္ စိန္မေခၚႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ အခုေတာ့ သူတို႔က ကစားသမားေကာင္းေတြနဲ႔ ဖြဲ႕စည္းႏိုင္ခဲ့ပါၿပီ။” “ဖာနန္ဒက္စ္ရဲ႕ ကူညီမႈ၊ ​ေပါ့ဘာရဲ႕ ​ေျခစြမ္း​ေကာင္းမႈ၊ ကာဗာနီရဲ႕ ၀ါရင့္ အ​ေတြ႕အႀကဳံ​ေတြ​ေၾကာင့္ ယူႏိုက္တက္​ေအာင္ျမင္ႏိုင္ပါတယ္”ဆိုၿပီး႐ြန္းနီက ၿပီးခဲ့တဲ့ရက္ပိုင္းက ​​ေျပာဆိုထားပါတယ္။ ဖလားမဲ့​ေနတာ နည္းနည္းၾကာၿပီျဖစ္တဲ့ ယူႏိုက္တက္အတြက္ အသင္းသား​ေတြကလည္း ဖလား ရယူ​ေပးခ်င္​ေနၾကပါၿပီ။ ရာသီ၀က္ ခ်န္ပီယံဘ၀က​ေန ရာသီကုန္မွာ ခ်န္ပီယံျဖစ္ဖို႔ ​ေမွ်ာ္လင့္ပါတယ္။