ကစားသမားသစ်တိုမီယာဆုက စီရော်နယ်လ်ဒိုထက် ပိုကောင်းတဲ့သူလို့ အာဆင်နယ်ပရိသတ်တွေယုံကြည်နေ

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ဘိုလော့ဂ်နာအသင်းရဲ့ဂျပန်လက်ရွေးစင်နောက်ခံလူတာကီဟီရိုတိုမီယာဆုကို ခေါ်ယူခဲ့ပြီး

စီးရီးအေမှာ တိုမီယာဆုကစားခဲ့တဲ့ Video Clip တွေအရ သူဟာ စီရော်နယ်လ်ဒိုကို အကောင်းဆုံးထိန်းချုပ်နိုင်မယ့်ကစားသမားအဖြစ် အာဆင်နယ်ပရိသတ်တွေက ယူဆနေကြပါတယ်။

အာဆင်နယ်အသင်းဟာ ညာနောက်ခံလူဘယ်လာရင်ကို ဘက်တစ်အသင်းဆီအငှားချခဲ့တဲ့နောက် အဲဒီနေရာမှာအစားထိုးဖို့ တိုမီယာဆုကို ပေါင်သန်း(၂၀)နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး တိုမီယာဆုဟာ ဘိုလော့ဂ်နာကစားသမားဘဝမှာတုန်းက စီရော်နယ်လ်ဒိုနဲ့ စီးရီးအေပွဲစဉ်နှစ်ပွဲမှာ ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ဖူးပါတယ်။

၂၀၂၀၊ ဇွန်လတုန်းက,ကစားခဲ့တဲ့ပွဲမှာ ဂျူဗင်တပ်စ်အသင်းက စီရော်နယ်လ်ဒိုရဲ့ပယ်နယ်တီ၊ ဒီဘားလားရဲ့ဂိုးတွေနဲ့အတူ (၂)ဂိုးပြတ်အနိုင်ရခဲ့သလို အခုနှစ်၊ဇန်နဝါရီလမှာလည်း (၂-၀)ဂိုးရလဒ်နဲ့ပဲ ဂျူဗင်တပ်စ်အသင်း ထပ်မံအနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီပွဲမှာတော့ စီရော်နယ်လ်ဒို ဂိုးမသွင်းနိုင်ခဲ့ဘဲ တိုမီယာဆုဟာ စီရော်နယ်လ်ဒိုကို အကောင်းဆုံးထိန်းချုပ်ကစားခဲ့တဲ့ ရုပ်သံဖိုင်အရ အာဆင်နယ်ပရိသတ်တွေက တိုမီယာဆုရဲ့ခြေစွမ်းအပေါ် အားရကျေနပ်နေကြတာပါ။

အဲဒီရုပ်သံဖိုင်ကို Reddit ဝက်ဘ်ဆိုက်မှာ Post တင်ထားပြီး အဲဒီ Post အောက်မှာ အာဆင်နယ်ပရိသတ်တွေက ‘တိုမီယာဆုနဲ့ ရင်ဆိုင်ရမှာကြောက်လို့ CR7 က ပရီးမီးယားလိဂ်ကို ထွက်ပြေးလာတာနဲ့တူတယ်’၊

‘ယူနိုက်တက်နဲ့ကစားမယ့်ပွဲကြရင် စီရော်နယ်လ်ဒိုကို ထိန်းချုပ်နိုင်ဖို့ တိုမီယာဆုကို ခေါ်နိုင်ခဲ့ပြီ’၊ ‘တိုမီယာဆုဟာ စီရော်နယ်လ်ဒိုထက် ပိုကောင်းတယ်ဆိုတာ အသေအချာပဲ’လို့ Comment တွေရေးသားခဲ့ကြပါတယ်။

ဒါပေမဲ့ တချို့ပရိသတ်တွေကတော့ ဒီလို Video Clip လောက်နဲ့ ကစားသမားတစ်ယောက်ကို လိုတာထက်ပိုပြီးတော့မျှော်လင့်ချက်ထားအောင် False Hope မပေးသင့်ဘူးလို့ မျှမျှတတသုံးသပ်ခဲ့ပြီး

နောက်တစ်ဦးက ဒီလို Highlights လောက်နဲ့ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုရင် ဂျရူးက မက်ဆီထက်တောင် ပိုကောင်းနေလိမ့်မယ်လို့ ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်နိုဝင်ဘာ(၃၀)ရက်ကျရင် ပရီးမီးယားလိဂ်ပွဲအဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ သွားရောက်ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ပွဲကိုတော့ ဧပြီ(၂၃)ရက်မှာယှဉ်ပြိုင်ကစားမှာဖြစ်တာကြောင့်

အာဆင်နယ်ပရိသတ်တွေယူဆသလို တိုမီယာဆုက စီရော်နယ်လ်ဒိုကို တကယ်ပဲထိန်းချုပ်နိုင်မယ့်သူလားဆိုတာ အဲဒီပွဲတွေမှာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi

ကစားသမားသစ္တိုမီယာဆုက စီေရာ္နယ္လ္ဒိုထက္ ပိုေကာင္းတဲ့သူလို႔ အာဆင္နယ္ပရိသတ္ေတြယုံၾကည္ေန

အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္အတြင္း ဘိုေလာ့ဂ္နာအသင္းရဲ႕ဂ်ပန္လက္ေ႐ြးစင္ေနာက္ခံလူတာကီဟီ႐ိုတိုမီယာဆုကို ေခၚယူခဲ့ၿပီး စီးရီးေအမွာ တိုမီယာဆုကစားခဲ့တဲ့ Video Clip ေတြအရ သူဟာ စီေရာ္နယ္လ္ဒိုကို အေကာင္းဆုံးထိန္းခ်ဳပ္ႏိုင္မယ့္ကစားသမားအျဖစ္ အာဆင္နယ္ပရိသတ္ေတြက ယူဆေနၾကပါတယ္။

အာဆင္နယ္အသင္းဟာ ညာေနာက္ခံလူဘယ္လာရင္ကို ဘက္တစ္အသင္းဆီအငွားခ်ခဲ့တဲ့ေနာက္ အဲဒီေနရာမွာအစားထိုးဖို႔ တိုမီယာဆုကို ေပါင္သန္း(၂၀)နဲ႔ေခၚယူခဲ့တာျဖစ္ၿပီး တိုမီယာဆုဟာ ဘိုေလာ့ဂ္နာကစားသမားဘဝမွာတုန္းက စီေရာ္နယ္လ္ဒိုနဲ႔ စီးရီးေအပြဲစဥ္ႏွစ္ပြဲမွာ ထိပ္တိုက္ရင္ဆိုင္ေတြ႕ခဲ့ဖူးပါတယ္။ ၂၀၂၀၊ ဇြန္လတုန္းက,ကစားခဲ့တဲ့ပြဲမွာ ဂ်ဴဗင္တပ္စ္အသင္းက စီေရာ္နယ္လ္ဒိုရဲ႕ပယ္နယ္တီ၊ ဒီဘားလားရဲ႕ဂိုးေတြနဲ႔အတူ (၂)ဂိုးျပတ္အႏိုင္ရခဲ့သလို အခုႏွစ္၊ဇန္နဝါရီလမွာလည္း (၂-၀)ဂိုးရလဒ္နဲ႔ပဲ ဂ်ဴဗင္တပ္စ္အသင္း ထပ္မံအႏိုင္ရခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီပြဲမွာေတာ့ စီေရာ္နယ္လ္ဒို ဂိုးမသြင္းႏိုင္ခဲ့ဘဲ တိုမီယာဆုဟာ စီေရာ္နယ္လ္ဒိုကို အေကာင္းဆုံးထိန္းခ်ဳပ္ကစားခဲ့တဲ့ ႐ုပ္သံဖိုင္အရ အာဆင္နယ္ပရိသတ္ေတြက တိုမီယာဆုရဲ႕ေျခစြမ္းအေပၚ အားရေက်နပ္ေနၾကတာပါ။

အဲဒီ႐ုပ္သံဖိုင္ကို Reddit ဝက္ဘ္ဆိုက္မွာ Post တင္ထားၿပီး အဲဒီ Post ေအာက္မွာ အာဆင္နယ္ပရိသတ္ေတြက ‘တိုမီယာဆုနဲ႔ ရင္ဆိုင္ရမွာေၾကာက္လို႔ CR7 က ပရီးမီးယားလိဂ္ကို ထြက္ေျပးလာတာနဲ႔တူတယ္’၊ ‘ယူႏိုက္တက္နဲ႔ကစားမယ့္ပြဲၾကရင္ စီေရာ္နယ္လ္ဒိုကို ထိန္းခ်ဳပ္ႏိုင္ဖို႔ တိုမီယာဆုကို ေခၚႏိုင္ခဲ့ၿပီ’၊ ‘တိုမီယာဆုဟာ စီေရာ္နယ္လ္ဒိုထက္ ပိုေကာင္းတယ္ဆိုတာ အေသအခ်ာပဲ’လို႔ Comment ေတြေရးသားခဲ့ၾကပါတယ္။

ဒါေပမဲ့ တခ်ိဳ႕ပရိသတ္ေတြကေတာ့ ဒီလို Video Clip ေလာက္နဲ႔ ကစားသမားတစ္ေယာက္ကို လိုတာထက္ပိုၿပီးေတာ့ေမွ်ာ္လင့္ခ်က္ထားေအာင္ False Hope မေပးသင့္ဘူးလို႔ မွ်မွ်တတသုံးသပ္ခဲ့ၿပီး ေနာက္တစ္ဦးက ဒီလို Highlights ေလာက္နဲ႔ၾကည့္ၿပီး ဆုံးျဖတ္မယ္ဆိုရင္ ဂ်႐ူးက မက္ဆီထက္ေတာင္ ပိုေကာင္းေနလိမ့္မယ္လို႔ ေဝဖန္ခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ လာမယ့္ႏိုဝင္ဘာ(၃၀)ရက္က်ရင္ ပရီးမီးယားလိဂ္ပြဲအျဖစ္ အိုးလ္ထရက္ဖို႔ဒ္မွာ သြားေရာက္ကစားရမွာျဖစ္ၿပီး ဒုတိယအေက်ာ့ပြဲကိုေတာ့ ဧၿပီ(၂၃)ရက္မွာယွဥ္ၿပိဳင္ကစားမွာျဖစ္တာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြယူဆသလို တိုမီယာဆုက စီေရာ္နယ္လ္ဒိုကို တကယ္ပဲထိန္းခ်ဳပ္ႏိုင္မယ့္သူလားဆိုတာ အဲဒီပြဲေတြမွာ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။