
Photo Credit
Photo Credit
ေသာင္းေက်ာ္တဲ့ ဂါလာတာစာေရးပရိသတ္ေတြဟာ အသင္းကို ေရာက္လာတ့ဲ တုိက္စစ္မွဴး ဖယ္လ္ကာအိုကို ေႏြးေထြးစြာႀကိဳဆိုခဲ့ၿပီး အသင္းအေနနဲ႔ အဲဒီ၀ါရင့္တုိက္စစ္မွဴးကုိ ၃ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုကာ ေခၚယူခ့ဲတာျဖစ္ပါတယ္။
Photo Credit
ကိုလံဘီယာလက္ေရြးစင္ ဖယ္လ္ကာအိုအတြက္ မုိနာကိုနဲ႔ ဂါလာတာစာေရးအသင္းတာ၀န္ရွိသူေတြၾကား ေအာင္ျမင္စြာေဆြးေႏြးခဲ့ၿပီးေနာက္ အဲဒီကစားသမားဟာ တူရကီႏိုင္ငံ၊ အစၥတန္ဘူလ္ကို ေရာက္ရိွလာတာျဖစ္ၿပီး အသင္းအားေပးသူပရိသတ္ေတြကလည္း ကမၻာ့အေကာင္းဆုံးပရိသတ္ေတြအျဖစ္ နာမည္ေက်ာ္ေနတဲ့အတုိင္း သူတုိ႔ရဲ႕ကစားသမားသစ္ကို ေႏြးေထြးစြာႀကိဳဆိုခဲ့ၾကပါတယ္။
Photo Credit
အစၥတန္ဘူလ္ေလဆိပ္မွာ ယူႏုိက္တက္နဲ႔ ခ်ဲလ္ဆီးတုိက္စစ္မွဴးေဟာင္း ဖယ္လ္ကာအိုကို ႀကိဳဆုိဖို႔ ဂါလာတာစာေရးပရိသတ္ ၂၅၀၀၀ ေက်ာ္ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အစၥတန္ဘူလ္ၿမိဳ႕သားေတြအားလုံး ေလဆိပ္ေရာက္ေနသလားလုိ႔ ထင္မွတ္ရေလာက္ေအာင္ ပရိသတ္ေတြအေတာ္ေလးမ်ားျပားခဲ့ပါတယ္။
Photo Credit
ေလဆိပ္ကေန သြားရာလမ္းတစ္ေလွ်ာက္မွာလည္း ဂါလာတာစာေရးအသင္းအက်ႌ၀တ္ဆင္ထားတဲ့ပရိသတ္အမ်ားစုက ဖယ္လ္ကာအိုကို ႀကိဳဆိုခဲ့ၿပီး ပရိသတ္ေတြက ဖယ္လ္ကာအုိကို ႀကိဳဆိုဖို႔အတြက္ တစ္နာရီေလာက္ ေစာင့္ဆုိင္းခဲ့တယ္လုိ႔ သိရပါတယ္။
Photo Credit
ဖယ္လ္ကာအိုဟာ ၂၀၁၃ ခုႏွစ္က အက္သလက္တီကိုအသင္းကေန မုိနာကိုအသင္းဆီ ေပါင္သန္း ၅၀နဲ႔ ေရာက္ရွိလာခဲ့ၿပီးေနာက္ အသင္းအတြက္ ၁၃၉ပြဲမွာ ၈၃ဂိုးအထိသြင္းယူခဲ့ၿပီး ၂၀၁၇ ခုႏွစ္က နာမည္ႀကီးပီအက္စ္ဂ်ီကို ေက်ာ္ျဖတ္ကာ ျပင္သစ္အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့ရာမွာလည္း အဓိကေနရာကေနပါ၀င္ခဲ့ပါတယ္။
Photo Credit
ဒါေပမဲ့ မုိနာကိုအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၁ႏွစ္ပဲလိုေတာ့ခ်ိန္မွာ ဖယ္လ္ကာအိုဟာ စိန္ေခၚမႈအသစ္ေတြနဲ႔ရင္ဆုိင္ဖို႔ တူရကီၿမိဳ႕ေတာ္ကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ယခုေႏြရာသီအေစာပိုင္းကတည္းက ယခုလိုစိန္ေခၚမႈအသစ္ေတြနဲ႔ရင္ဆုိင္လုိတယ္လုိ႔ ဖြင့္ဟခဲ့ဖူးပါတယ္။
Photo Credit
ဖယ္လ္ကာအိုဟာ ယခုေႏြရာသီအတြင္း ဂါလာတာစာေရးအသင္း ေခၚယူခဲ့တ့ဲ ၁၀ဦးေျမာက္ကစားသမားသစ္ျဖစ္လာၿပီး အန္ဇြန္ဇီ၊ ဆီရီနဲ႔ အမ္မရီေမာ္တုိ႔ကို အငွားနဲ႔ေခၚယူခဲ့ထားတာေတြလည္း အဲဒီစာရင္းမွာ ပါ၀င္ပါတယ္။
Photo Credit
Unicode
ကစားသမားသစ်ဖယ်လ်ကာအိုကို ဂါလာတာစာရေးပရိသတ်သောင်းချီ ကြိုဆို
သောင်းကျော်တဲ့ ဂါလာတာစာရေးပရိသတ်တွေဟာ အသင်းကို ရောက်လာတဲ့ တိုက်စစ်မှူး ဖယ်လ်ကာအိုကို နွေးထွေးစွာကြိုဆိုခဲ့ပြီး အသင်းအနေနဲ့ အဲဒီဝါရင့်တိုက်စစ်မှူးကို ၃နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ကိုလံဘီယာလက်ရွေးစင် ဖယ်လ်ကာအိုအတွက် မိုနာကိုနဲ့ ဂါလာတာစာရေးအသင်းတာဝန်ရှိသူတွေကြား အောင်မြင်စွာဆွေးနွေးခဲ့ပြီးနောက် အဲဒီကစားသမားဟာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်ကို ရောက်ရှိလာတာဖြစ်ပြီး အသင်းအားပေးသူပရိသတ်တွေကလည်း ကမ္ဘာ့အကောင်းဆုံးပရိသတ်တွေအဖြစ် နာမည်ကျော်နေတဲ့အတိုင်း သူတို့ရဲ့ကစားသမားသစ်ကို နွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်။
အစ္စတန်ဘူလ်လေဆိပ်မှာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဖယ်လ်ကာအိုကို ကြိုဆိုဖို့ ဂါလာတာစာရေးပရိသတ် ၂၅၀၀၀ ကျော် ရောက်ရှိလာခဲ့တာဖြစ်ပြီး အစ္စတန်ဘူလ်မြို့သားတွေအားလုံး လေဆိပ်ရောက်နေသလားလို့ ထင်မှတ်ရလောက်အောင် ပရိသတ်တွေအတော်လေးများပြားခဲ့ပါတယ်။
လေဆိပ်ကနေ သွားရာလမ်းတစ်လျှောက်မှာလည်း ဂါလာတာစာရေးအသင်းအင်္ကျီဝတ်ဆင်ထားတဲ့ပရိသတ်အများစုက ဖယ်လ်ကာအိုကို ကြိုဆိုခဲ့ပြီး ပရိသတ်တွေက ဖယ်လ်ကာအိုကို ကြိုဆိုဖို့အတွက် တစ်နာရီလောက် စောင့်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။
ဖယ်လ်ကာအိုဟာ ၂၀၁၃ ခုနှစ်က အက်သလက်တီကိုအသင်းကနေ မိုနာကိုအသင်းဆီ ပေါင်သန်း ၅၀နဲ့ ရောက်ရှိလာခဲ့ပြီးနောက် အသင်းအတွက် ၁၃၉ပွဲမှာ ၈၃ဂိုးအထိသွင်းယူခဲ့ပြီး ၂၀၁၇ ခုနှစ်က နာမည်ကြီးပီအက်စ်ဂျီကို ကျော်ဖြတ်ကာ ပြင်သစ်အမှတ်ပေးချန်ပီယံဖြစ်ခဲ့ရာမှာလည်း အဓိကနေရာကနေပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ မိုနာကိုအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၁နှစ်ပဲလိုတော့ချိန်မှာ ဖယ်လ်ကာအိုဟာ စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်ဖို့ တူရကီမြို့တော်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ယခုနွေရာသီအစောပိုင်းကတည်းက ယခုလိုစိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်လိုတယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။
ဖယ်လ်ကာအိုဟာ ယခုနွေရာသီအတွင်း ဂါလာတာစာရေးအသင်း ခေါ်ယူခဲ့တဲ့ ၁၀ဦးမြောက်ကစားသမားသစ်ဖြစ်လာပြီး အန်ဇွန်ဇီ၊ ဆီရီနဲ့ အမ်မရီမော်တို့ကို အငှားနဲ့ခေါ်ယူခဲ့ထားတာတွေလည်း အဲဒီစာရင်းမှာ ပါဝင်ပါတယ်။