
Photo Credit
Photo Credit
ယူနိုက်တက်အသင်းဂိုးသမား ဒီဂီယာဟာ တနင်္ဂနွေညက ဝက်ဖို့ဒ်ကို ၂-၀ ဂိုးနဲ့ အရှက်ရဖွယ်အရေးနိမ့်ခဲ့တဲ့ပွဲမှာ အိမ်ရှင်အသင်းဘက်ကို ဂိုးလက်ဆောင်အဖြစ် သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံးအမှားတစ်ခုကျူးလွန်မိခဲ့ပါတယ်။
Photo Credit
ဒုတိယပိုင်းပြန်စလို့ သိပ်မကြာခင် ဝက်ဖို့ဒ်အသင်းက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ အစ္စမေးလာဆားက ပင်နယ်တီဧရိယာထဲကနေ ကန်သွင်းတာက သာမန်ဂိုးသမားတစ်ဦးတောင် စိတ်အေးလက်အေးဖမ်းလို့ရတဲ့အနေအထားမျိုးပါ။
Photo Credit
ဒီလိုအနေအထားမှာ ဒီဂီယာက အသာခုန်ဖမ်းလိုက်ရာမှာ လက်ချောင်းတွေထဲကနေ ဘောလုံးထွက်သွားပြီး ဂိုးထဲ ဝင်သွားတာပါ။ တကယ့်ကိုကြီးမားတဲ့အမှားဖြစ်သွားပြီး ဒီဂီယာလည်း ၂၀၁၈-၁၉ ရာသီစတင်ချိန်ကတည်းက ပရီးမီးယားလိဂ်မှာ အမှားကနေ ဂိုးအများဆုံးခွင့်ပြုရသူအဖြစ် ၆ဂိုးနဲ့ ရပ်တည်သွားပါတယ်။
Photo Credit
အဲဒီနောက် ၃မိနစ်အကြာမှာ ပင်နယ်တီဧရိယာအတွင်း အစ္စမေးလာဆားကို ယူနိုက်တက်ညာနောက်ခံလူ ဝမ်ဘစ်ဆာကာ ဥပဒေပတားဆီးလို့ ရရှိလာတဲ့ပင်နယ်တီကို အသင်းခေါင်းဆောင် ဒီနေးက အမှားအယွင်းမရှိ ကန်သွင်းကာ ဝက်ဖို့ဒ်အတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit
ဒီဂီယာဟာ ဒီပွဲမှာ ပထမဆုံးဂိုးပေါက်တည့်မှု ၂ကြိမ်ကနေ ၂ဂိုးပေးခဲ့ရတာဖြစ်ပြီး အခုဆိုရင် ပရီးမီးယားလိဂ်မှာ ၁၃ပွဲဆက်ဂိုးပေးထားရပြီဖြစ်ပါတယ်။ အက်သလက်တီကိုဂိုးသမားဟောင်း ဒီဂီယာဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူ့ရဲ့လက်စွမ်းပြကာကွယ်မှုတွေနဲ့အတူ ကမ္ဘာ့အကောင်းဆုံးဂိုးသမားအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း အမှားတွေများလာပါတယ်။
Photo Credit
Zawgyi
ကစားသမားဘ၀တစ္ေလွ်ာက္ အဆုိးရြားဆုံးအမွားက်ဴးလြန္မိရင္း ၀က္ဖုိ႔ဒ္ကို ဂိုးလက္ေဆာင္ေပးလုိက္တဲ့ ဒီဂီယာ
ယူႏိုက္တက္အသင္းဂုိးသမား ဒီဂီယာဟာ တနဂၤေႏြညက ၀က္ဖုိ႔ဒ္ကို ၂-၀ ဂိုးနဲ႔ အရွက္ရဖြယ္အေရးနိမ့္ခဲ့တဲ့ပြဲမွာ အိမ္ရွင္အသင္းဘက္ကို ဂိုးလက္ေဆာင္အျဖစ္ သူ႕ရဲ႕ကစားသမားဘ၀တစ္ေလွ်ာက္ အဆုိးရြားဆုံးအမွားတစ္ခုက်ဴးလြန္မိခဲ့ပါတယ္။
ဒုတိယပိုင္းျပန္စလုိ႔ သိပ္မၾကာခင္ ၀က္ဖုိ႔ဒ္အသင္းက စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားတ့ဲ အစၥေမးလာဆားက ပင္နယ္တီဧရိယာထဲကေန ကန္သြင္းတာက သာမန္ဂိုးသမားတစ္ဦးေတာင္ စိတ္ေအးလက္ေအးဖမ္းလုိ႔ရတဲ့အေနအထားမ်ိဳးပါ။
ဒီလုိအေနအထားမွာ ဒီဂီယာက အသာခုန္ဖမ္းလုိက္ရာမွာ လက္ေခ်ာင္းေတြထဲကေန ေဘာလုံးထြက္သြားၿပီး ဂိုးထဲ ၀င္သြားတာပါ။ တကယ့္ကိုႀကီးမားတဲ့အမွားျဖစ္သြားၿပီး ဒီဂီယာလည္း ၂၀၁၈-၁၉ ရာသီစတင္ခ်ိန္ကတည္းက ပရီးမီးယားလိဂ္မွာ အမွားကေန ဂိုးအမ်ားဆုံးခြင့္ျပဳရသူအျဖစ္ ၆ဂိုးနဲ႔ ရပ္တည္သြားပါတယ္။
အဲဒီေနာက္ ၃မိနစ္အၾကာမွာ ပင္နယ္တီဧရိယာအတြင္း အစၥေမးလာဆားကို ယူႏုိက္တက္ညာေနာက္ခံလူ ၀မ္ဘစ္ဆာကာ ဥပေဒပတားဆီးလုိ႔ ရရွိလာတဲ့ပင္နယ္တီကို အသင္းေခါင္းေဆာင္ ဒီေနးက အမွားအယြင္းမရွိ ကန္သြင္းကာ ၀က္ဖို႔ဒ္အတြက္ အဆုံးသတ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ဒီဂီယာဟာ ဒီပြဲမွာ ပထမဆုံးဂိုးေပါက္တည့္မႈ ၂ႀကိမ္ကေန ၂ဂိုးေပးခဲ့ရတာျဖစ္ၿပီး အခုဆုိရင္ ပရီးမီးယားလိဂ္မွာ ၁၃ပဲြဆက္ဂိုးေပးထားရၿပီျဖစ္ပါတယ္။ အက္သလက္တီကုိဂိုးသမားေဟာင္း ဒီဂီယာဟာ ၿပီးခဲ့တ့ဲႏွစ္အနည္းငယ္အတြင္း သူ႕ရဲ႕လက္စြမ္းျပကာကြယ္မႈေတြနဲ႔အတူ ကမၻာ့အေကာင္းဆုံးဂိုးသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့ေပမယ့္ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲေနာက္ပိုင္း အမွားေတြမ်ားလာပါတယ္။