ကစားသမားဘဝတစ်လျှောက် သွင်းဂိုး(၄၀၀)ပြည့်မြောက်ခဲ့တဲ့ နေမာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

PSG အသင်းရဲ့ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူးနေမာဟာ ဘော်ဒိုးအသင်းကို(၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက်(၂)ဂိုးသွင်းယူခဲ့တာကြောင့် အခုဆိုရင် သူ့ကစားသမားဘဝတစ်လျှောက် သွင်းဂိုးအရေအတွက်(၄၀၀)ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ဘော်ဒိုးနဲ့ပွဲမှာ နာမည်ကျော်ကစားသမားမက်ဆီ ဒဏ်ရာပြဿနာကြောင့်မပါဝင်နိုင်ခဲ့ပေမယ့် နေမာ+ဘာပေအတွဲကအကောင်းဆုံးကစားနိုင်ခဲ့ပြီး

ပထမပိုင်း(၂၆၊ ၄၃)မိနစ်တွေမှာ ဘာပေရဲ့ဖန်တီးပေးပို့မှုကနေ နေမာက နှစ်ဂိုးသွင်းယူခဲ့တာဖြစ်သလို တတိယမြောက်ဂိုးကိုတော့ ဘာပေသွင်းယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့်ရုန်းကန်ခဲ့ရတဲ့နေမာဟာ ပြိုင်ပွဲစုံ(၃၁)ပွဲမှာ(၁၇)ဂိုးသာသွင်းယူနိုင်ခဲ့တဲ့အပြင် ပြင်သစ်လီဂူးမှာ (၉)ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီအစပိုင်းမှာလည်း ပုံမှန်ခြေစွမ်းမပြသနိုင်ခဲ့ပေမယ့် ဘော်ဒိုးနဲ့ပွဲမှာတော့ နေမာ အရင်လိုပုံစံမျိုးနဲ့ကစားနိုင်ခဲ့ပြီး ဒီရာသီပြင်သစ်လီဂူးပြိုင်ပွဲမှာ (၃)ဂိုးမြောက်သွင်းယူခဲ့တာပါ။

အသက်(၁၇)နှစ်အရွယ်၊ ဘရာဇီးလ်ကလပ်ဆန်းတို့စ်အသင်းမှာ ကစားခဲ့တုန်းက Mogi Mirim အသင်းနဲ့ပွဲမှာ

ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တဲ့ နေမာဟာ ဆယ်ကျော်သက်အရွယ်ကတည်းက လူငယ်ကြယ်ပွင့်တစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရပြီး အခုအချိန်မှာလည်း ဘောလုံးလောကရဲ့ထိပ်တန်းကစားသမားစာရင်းမှာ တစ်ဦးအပါအဝင်ဖြစ်နေဆဲပါပဲ။

အခုဆိုရင် နေမာဟာ ကလပ်နဲ့နိုင်ငံနှစ်သင်းပေါင်း သွင်းဂိုး(၄၀၀)ပြည့်ခဲ့ပြီး ဒါက သူ့ရဲ့ဘောလုံးသမားဘဝတစ်လျှောက် ဂုဏ်ယူစရာကောင်းတဲ့မှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ နေမာဟာ ဘောလုံးသမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာတော့ ထိပ်ဆုံးအယောက်(၂၀)မှာတောင် မပါဝင်နိုင်သေးဘဲ

ဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးအဖြစ်ရပ်တည်နေတာက စီရော်နယ်လ်ဒိုဖြစ်ပြီး (၇၉၄)ဂိုးအထိသွင်းယူထားတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကစားသမားဘဝတစ္ေလွ်ာက္ သြင္းဂိုး(၄၀၀)ျပည့္ေျမာက္ခဲ့တဲ့ ေနမာ

PSG အသင္းရဲ႕ဘရာဇီးလ္နာမည္ေက်ာ္တိုက္စစ္မႉးေနမာဟာ ေဘာ္ဒိုးအသင္းကို(၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္(၂)ဂိုးသြင္းယူခဲ့တာေၾကာင့္ အခုဆိုရင္ သူ႔ကစားသမားဘဝတစ္ေလွ်ာက္ သြင္းဂိုးအေရအတြက္(၄၀၀)ျပည့္ေျမာက္ခဲ့ၿပီျဖစ္ပါတယ္။ ေဘာ္ဒိုးနဲ႔ပြဲမွာ နာမည္ေက်ာ္ကစားသမားမက္ဆီ ဒဏ္ရာျပႆနာေၾကာင့္မပါဝင္ႏိုင္ခဲ့ေပမယ့္ ေနမာ+ဘာေပအတြဲကအေကာင္းဆုံးကစားႏိုင္ခဲ့ၿပီး ပထမပိုင္း(၂၆၊ ၄၃)မိနစ္ေတြမွာ ဘာေပရဲ႕ဖန္တီးေပးပို႔မႈကေန ေနမာက ႏွစ္ဂိုးသြင္းယူခဲ့တာျဖစ္သလို တတိယေျမာက္ဂိုးကိုေတာ့ ဘာေပသြင္းယူခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ဒဏ္ရာျပႆနာေတြေၾကာင့္႐ုန္းကန္ခဲ့ရတဲ့ေနမာဟာ ၿပိဳင္ပြဲစုံ(၃၁)ပြဲမွာ(၁၇)ဂိုးသာသြင္းယူႏိုင္ခဲ့တဲ့အျပင္ ျပင္သစ္လီဂူးမွာ (၉)ဂိုးသာသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီရာသီအစပိုင္းမွာလည္း ပုံမွန္ေျခစြမ္းမျပသႏိုင္ခဲ့ေပမယ့္ ေဘာ္ဒိုးနဲ႔ပြဲမွာေတာ့ ေနမာ အရင္လိုပုံစံမ်ိဳးနဲ႔ကစားႏိုင္ခဲ့ၿပီး ဒီရာသီျပင္သစ္လီဂူးၿပိဳင္ပြဲမွာ (၃)ဂိုးေျမာက္သြင္းယူခဲ့တာပါ။

အသက္(၁၇)ႏွစ္အ႐ြယ္၊ ဘရာဇီးလ္ကလပ္ဆန္းတို႔စ္အသင္းမွာ ကစားခဲ့တုန္းက Mogi Mirim အသင္းနဲ႔ပြဲမွာ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘဝပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့တဲ့ ေနမာဟာ ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက လူငယ္ၾကယ္ပြင့္တစ္ဦးအျဖစ္သတ္မွတ္ခံခဲ့ရၿပီး အခုအခ်ိန္မွာလည္း ေဘာလုံးေလာကရဲ႕ထိပ္တန္းကစားသမားစာရင္းမွာ တစ္ဦးအပါအဝင္ျဖစ္ေနဆဲပါပဲ။

အခုဆိုရင္ ေနမာဟာ ကလပ္နဲ႔ႏိုင္ငံႏွစ္သင္းေပါင္း သြင္းဂိုး(၄၀၀)ျပည့္ခဲ့ၿပီး ဒါက သူ႔ရဲ႕ေဘာလုံးသမားဘဝတစ္ေလွ်ာက္ ဂုဏ္ယူစရာေကာင္းတဲ့မွတ္တမ္းတစ္ခုျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ေနမာဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္သြင္းဂိုးအမ်ားဆုံးကစားသမားစာရင္းမွာေတာ့ ထိပ္ဆုံးအေယာက္(၂၀)မွာေတာင္ မပါဝင္ႏိုင္ေသးဘဲ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးအျဖစ္ရပ္တည္ေနတာက စီေရာ္နယ္လ္ဒိုျဖစ္ၿပီး (၇၉၄)ဂိုးအထိသြင္းယူထားတာျဖစ္ပါတယ္။