
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချယ်လ်ဆီးအသင်းဆီတစ်ကျော့ပြန်ရောက်ဖို့ နီးစပ်နေပြီဖြစ်တဲ့ အင်တာမီလန်တိုက်စစ်မှူးလူကာကူဟာ ဘောလုံးသမိုင်းတစ်လျှောက် စုစုပေါင်းပြောင်းရွှေ့ကြေးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်တော့မှာဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ လူကာကူအတွက် ချယ်လ်ဆီးအသင်းက,ကမ်းလှမ်းထားတဲ့ ပေါင်(၉၇.၅)သန်းကို လက်ခံဖို့ရှိနေတာကြောင့် (၁၀)နှစ်အကြာမှာ လူကာကူ ချယ်လ်ဆီးအသင်းဆီ ပြန်လည်ရောက်ရှိတော့မှာဖြစ်သလို
နေမာတင်ရှိထားတဲ့ ကစားသမားဘဝတစ်လျှောက် စုစုပေါင်းပြောင်းရွှေ့ကြေးအများဆုံးစံချိန်ကို ချိုးဖျက်နိုင်တော့မှာလည်းဖြစ်ပါတယ်။
ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူးနေမာဟာ ဆန်းတို့စ်ကနေ ဘာစီလိုနာ၊ ဘာစီလိုနာအသင်းကနေ PSG အသင်းဆီ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၉၈)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး ကစားသမားဘဝတစ်လျှောက် သူ့ရဲ့စုစုပေါင်းပြောင်းရွှေ့ကြေးတန်ဖိုးက ပေါင်(၂၄၆.၆)သန်းအထိရှိနေတာပါ။
ဒါပေမဲ့ အခု လူကာကူသာ ချယ်လ်ဆီးအသင်းနဲ့အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ရင်တော့ ကစားသမားဘဝတစ်လျှောက် စုစုပေါင်းပြောင်းရွှေ့ကြေးက ပေါင်(၂၈၅.၅)သန်းအထိရှိလာမှာဖြစ်လို့ နေမာရဲ့စံချိန်ကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံထိပ်သီးကလပ် အန်ဒါလက်ချ်အသင်းနဲ့ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝစတင်ခဲ့တဲ့သူ လူကာကူဟာ ၂၀၁၁ ခုနှစ်မှာ ချယ်လ်ဆီးအသင်းဆီ ပေါင်(၁၀)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး
(၃)နှစ်အတွင်း (၁၅)ပွဲကစား၊ တစ်ဂိုးမှမသွင်းနိုင်ခဲ့ဘဲ ၂၀၁၄ ခုနှစ်မှာ အဲဗာတန်အသင်းဆီ ပေါင်(၂၈)သန်းနဲ့ရောင်းချခံခဲ့ရပါတယ်။
အဲဗာတန်အသင်းနဲ့အတူ ထိပ်တန်းအဆင့်ခြေစွမ်းမျိုးပြသခဲ့ပြီး (၁၆၆)ပွဲမှာ (၈၇)ဂိုးသွင်းယူခဲ့သလို ၂၀၁၇ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက လူကာကူကို ပေါင်(၇၆)သန်းနဲ့ခေါ်ယူခဲ့ပေမယ့်
လူကာကူဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရတာကြောင့် (၂)နှစ်အကြာမှာပဲ အင်တာမီလန်အသင်းဆီ ပေါင်(၇၄)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
အင်တာမီလန်အသင်းအတွက် ပွဲဦးထွက်ရာသီမှာပဲ (၃၄)ဂိုးသွင်းယူခဲ့တဲ့အပြင် ဒုတိယမြောက်ရာသီမှာ (၂၄)ဂိုးသွင်းပြီးတော့ ၂၀၁၀ ခုနှစ်နောက်ပိုင်း(၁၁)နှစ်ကြာဝေးကွာနေတဲ့ စီးရီးအေချန်ပီယံဆု ပြန်လည်ဆွတ်ခူးနိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အင်တာမီလန်အသင်းဟာ သူတို့ရဲ့အဓိကတိုက်စစ်မှူးလူကာကူကို အသင်းမှာဆက်ရှိနေဖို့ဆန္ဒရှိနေပေမယ့်လည်း ကလပ်အသင်းရဲ့ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ရောင်းချဖို့စီစဉ်နေတာဖြစ်ပြီး လူကာကူဟာ မကြာခင်မှာ ချယ်လ်ဆီးအသင်းနဲ့စာချုပ်ချုပ်ဆိုသွားဖို့ရှိနေပါပြီ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ကစားသမားဘဝတစ္ေလွ်ာက္ စုစုေပါင္းေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ဖို႔ရွိေနတဲ့ လူကာကူ
ခ်ယ္လ္ဆီးအသင္းဆီတစ္ေက်ာ့ျပန္ေရာက္ဖို႔ နီးစပ္ေနၿပီျဖစ္တဲ့ အင္တာမီလန္တိုက္စစ္မႉးလူကာကူဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ စုစုေပါင္းေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ေတာ့မွာျဖစ္ပါတယ္။ အင္တာမီလန္အသင္းဟာ လူကာကူအတြက္ ခ်ယ္လ္ဆီးအသင္းက,ကမ္းလွမ္းထားတဲ့ ေပါင္(၉၇.၅)သန္းကို လက္ခံဖို႔ရွိေနတာေၾကာင့္ (၁၀)ႏွစ္အၾကာမွာ လူကာကူ ခ်ယ္လ္ဆီးအသင္းဆီ ျပန္လည္ေရာက္ရွိေတာ့မွာျဖစ္သလို ေနမာတင္ရွိထားတဲ့ ကစားသမားဘဝတစ္ေလွ်ာက္ စုစုေပါင္းေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ေတာ့မွာလည္းျဖစ္ပါတယ္။
ဘရာဇီးလ္နာမည္ေက်ာ္တိုက္စစ္မႉးေနမာဟာ ဆန္းတို႔စ္ကေန ဘာစီလိုနာ၊ ဘာစီလိုနာအသင္းကေန PSG အသင္းဆီ ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၁၉၈)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး ကစားသမားဘဝတစ္ေလွ်ာက္ သူ႔ရဲ႕စုစုေပါင္းေျပာင္းေ႐ႊ႕ေၾကးတန္ဖိုးက ေပါင္(၂၄၆.၆)သန္းအထိရွိေနတာပါ။ ဒါေပမဲ့ အခု လူကာကူသာ ခ်ယ္လ္ဆီးအသင္းနဲ႔အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ခဲ့ရင္ေတာ့ ကစားသမားဘဝတစ္ေလွ်ာက္ စုစုေပါင္းေျပာင္းေ႐ႊ႕ေၾကးက ေပါင္(၂၈၅.၅)သန္းအထိရွိလာမွာျဖစ္လို႔ ေနမာရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္မွာျဖစ္ပါတယ္။
ဘယ္လ္ဂ်ီယံထိပ္သီးကလပ္ အန္ဒါလက္ခ်္အသင္းနဲ႔ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘဝစတင္ခဲ့တဲ့သူ လူကာကူဟာ ၂၀၁၁ ခုႏွစ္မွာ ခ်ယ္လ္ဆီးအသင္းဆီ ေပါင္(၁၀)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး (၃)ႏွစ္အတြင္း (၁၅)ပြဲကစား၊ တစ္ဂိုးမွမသြင္းႏိုင္ခဲ့ဘဲ ၂၀၁၄ ခုႏွစ္မွာ အဲဗာတန္အသင္းဆီ ေပါင္(၂၈)သန္းနဲ႔ေရာင္းခ်ခံခဲ့ရပါတယ္။ အဲဗာတန္အသင္းနဲ႔အတူ ထိပ္တန္းအဆင့္ေျခစြမ္းမ်ိဳးျပသခဲ့ၿပီး (၁၆၆)ပြဲမွာ (၈၇)ဂိုးသြင္းယူခဲ့သလို ၂၀၁၇ ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက လူကာကူကို ေပါင္(၇၆)သန္းနဲ႔ေခၚယူခဲ့ေပမယ့္ လူကာကူဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ႐ုန္းကန္ခဲ့ရတာေၾကာင့္ (၂)ႏွစ္အၾကာမွာပဲ အင္တာမီလန္အသင္းဆီ ေပါင္(၇၄)သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာပါ။
အင္တာမီလန္အသင္းအတြက္ ပြဲဦးထြက္ရာသီမွာပဲ (၃၄)ဂိုးသြင္းယူခဲ့တဲ့အျပင္ ဒုတိယေျမာက္ရာသီမွာ (၂၄)ဂိုးသြင္းၿပီးေတာ့ ၂၀၁၀ ခုႏွစ္ေနာက္ပိုင္း(၁၁)ႏွစ္ၾကာေဝးကြာေနတဲ့ စီးရီးေအခ်န္ပီယံဆု ျပန္လည္ဆြတ္ခူးႏိုင္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ အင္တာမီလန္အသင္းဟာ သူတို႔ရဲ႕အဓိကတိုက္စစ္မႉးလူကာကူကို အသင္းမွာဆက္ရွိေနဖို႔ဆႏၵရွိေနေပမယ့္လည္း ကလပ္အသင္းရဲ႕ဘ႑ာေရးအခက္အခဲေတြေၾကာင့္ ေရာင္းခ်ဖို႔စီစဥ္ေနတာျဖစ္ၿပီး လူကာကူဟာ မၾကာခင္မွာ ခ်ယ္လ္ဆီးအသင္းနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုသြားဖို႔ရွိေနပါၿပီ။