
Photo Credit
Photo Credit ; Getty Images
ယူႏိုက္တက္ရဲ႕စံခ်ိန္တင္ ဂိုးသြင္းအမ်ားဆံုးကစားသမား ဝိန္းရြန္နီဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကေန အနားယူတဲ့အခ်ိန္မွာ ယူႏုိက္တက္ကို နည္းျပအျဖစ္ ျပန္လာဖို႔ ဆႏၵျပင္းျပေနၿပီး လက္ရွိနည္းျပဆိုးလ္ရွားရဲ႕နည္းျပအဖြဲ႕ဝင္တစ္ဦးအျဖစ္ ပူးေပါင္းဖို႔ ဆႏၵ႐ွိေနပါတယ္။ ၿပီးေတာ့ ဇနီးျဖစ္သူ ေကာလင္းေၾကာင့္လည္း ရြန္နီ အဂၤလန္ကို ျပန္လာဖို႔က ျဖစ္ႏိုင္ေျခပိုမ်ားလာၿပီး ေကာလင္းက အေမရိကန္ကေန အဂၤလန္ကို ျပန္လည္ေျပာင္းေရႊ႕ခ်င္ေနပါတယ္။
Photo Credit ; PA
အသက္ ၃၃ ႏွစ္အရြယ္ ရြန္နီဟာ ဒီစီယူႏိုက္တက္အသင္းနဲ႔ ၂၀၂၀ ရာသီကုန္အထိစာခ်ဳပ္ က်န္ရွိေနေသးပါတယ္။ ဒါေပမဲ့ သူရဲ႕အနာဂတ္အတြက္ ေရြးခ်ယ္စရာေတြကိုလည္း စဥ္းစားဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။ ရြန္နီရဲ႕ဇနီး ေကာလင္းကလည္း အသက္ ၃၃ ႏွစ္အရြယ္ရွိၿပီျဖစ္ၿပီး အိမ္ေထာင္သက္ ၁၁ ႏွစ္ရွိၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လက ရြန္နီဟာ ၂၀၀၉ ခုႏွစ္ကရည္းစားေဟာင္းဟယ္လန္ဝုဒ္ အပါအဝင္ သံုးေယာက္တစ္တြဲလိင္ပိုင္းဆိုင္ရာေပ်ာ္ပါးခဲ့ဖူးတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။ ဇနီးျဖစ္သူေကာလင္းရဲ႕စိတ္ထဲမွာေတာ့ ဒီအျဖစ္အပ်က္ေတြက ေမ့ေဖ်ာက္မရႏိုင္ ျဖစ္ေနခဲ့ပါတယ္။
Photo Credit ; Getty Images
ရြန္နီနဲ႔နီးစပ္သူတစ္ဦးက ”အနာဂတ္အတြက္ အေကာင္းဆံုးေတြကိုရွာေဖြခဲ့ၿပီး ေဘာလံုးေလာကမွာပဲ ဆက္ရွိေနခ်င္ေသးတယ္”လို႔ ဆုိပါတယ္။ ”သူဟာ မိသားစုနဲ႔ အတူတကြ ေနထိုင္ကာေကာလင္းနဲ႔ကေလးေေတြအတြက္ အေကာင္းဆံုးျဖစ္ေစမယ့္လုပ္ရပ္ေတြ လုပ္ေဆာင္သြားမယ္။ ယူႏိုက္တက္မွာ ဒီအလုပ္က တကယ္ေကာင္းပါတယ္။ တစ္ေန႔မွာ ရြန္နီက နည္းျပအဖြဲ႕ဝင္တစ္ဦးအျဖစ္ သရဲနီအသင္းကို ျပန္သြားပါလိမ့္မယ္။ ၿပီးေတာ့ ေရရွည္ လုပ္ေဆာင္ပါလိမ့္မယ္။ သူကလည္းဆိုးလ္ရွားရဲ႕နည္းျပအဖြဲ႕ဝင္တစ္ဦးျဖစ္ရမွာကို ႏွစ္သက္ပါတယ္”သူက ဆက္ေျပာပါတယ္။
Photo Credit
လက္ရွိအခ်ိန္မွာ ရြန္နီလိုပဲ ယူႏိုက္တက္ကစားသမားေဟာင္းေတြျဖစ္တဲ့ နစ္ကီဘတ္နဲ႔ မိုက္ကယ္ကာရစ္တို႔လည္း အသင္းရဲ႕နည္းျပအဖြဲ႕ဝင္ေတြအျဖစ္ ပူးေပါင္းေနၾကၿပီျဖစ္ပါတယ္။ ယမန္ေန႔ညက တျခားသတင္းဌာနတစ္ခုကေတာ့ ”ဝိန္းကနည္းျပအဖြဲ႕ဝင္အျဖစ္ လုပ္ခ်င္မွာပါ။ ဒါေပမဲ့ ဒီစီယူႏိုက္တက္အသင္းမွာလည္း အဂၤလန္သားက ေပ်ာ္ရႊင္ေနၿပီး လက္ရွိစာခ်ဳပ္ထပ္ ပိုၿပီးလည္းရွိေနႏိုင္ပါေသးတယ္။ ခဏေလးနဲ႔ ေျပာင္းလဲပစ္လို႔ မရပါဘူး”လို႔ ေရးသားထားပါတယ္။ ရြန္နီရဲ႔ သားေတြျဖစ္ၾကတဲ့ ကိုင္က ၉ ႏွစ္အရြယ္ရွိၿပီျဖစ္ၿပီး၊ ကေလက ၆ ႏွစ္၊ ကစ္ကသံုးႏွစ္နဲ႔ ကက္စ္က ၁ ႏွစ္အရြယ္သာရွိေသးတာ ျဖစ္ပါတယ္။ သူတို႔အားလံုးကို ၿဗိတိန္ရွိ စာသင္ေက်ာင္းမွာ စာရင္းသြင္းထားျပီးျဖစ္ကာ ဇနီးျဖစ္သူေကာလင္းကလည္း ေမြးရပ္ေျမကို လြမ္းဆြတ္ေနပါတယ္။
Photo Credit ; Getty Images
Unicode
ကစားသမားဘဝကအနားယူချိန်မှာ နည်းပြအဖြစ် ယူနိုက်တက်ကို ပြန်လာချင်နေတဲ့ ရွန်နီ
ယူနိုက်တက်ရဲ့စံချိန်တင် ဂိုးသွင်းအများဆုံးကစားသမား ဝိန်းရွန်နီဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူတဲ့အချိန်မှာ ယူနိုက်တက်ကို နည်းပြအဖြစ် ပြန်လာဖို့ ဆန္ဒပြင်းပြနေပြီး လက်ရှိနည်းပြဆိုးလ်ရှားရဲ့နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ပူးပေါင်းဖို့ ဆန္ဒရှိနေပါတယ်။ ပြီးတော့ ဇနီးဖြစ်သူ ကောလင်းကြောင့်လည်း ရွန်နီ အင်္ဂလန်ကို ပြန်လာဖို့က ဖြစ်နိုင်ခြေပိုများလာပြီး ကောလင်းက အမေရိကန်ကနေ အင်္ဂလန်ကို ပြန်လည်ပြောင်းရွှေ့ချင်နေပါတယ်။
အသက် ၃၃ နှစ်အရွယ် ရွန်နီဟာ ဒီစီယူနိုက်တက်အသင်းနဲ့ ၂၀၂၀ ရာသီကုန်အထိစာချုပ် ကျန်ရှိနေသေးပါတယ်။ ဒါပေမဲ့ သူရဲ့အနာဂတ်အတွက် ရွေးချယ်စရာတွေကိုလည်း စဉ်းစားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ရွန်နီရဲ့ဇနီး ကောလင်းကလည်း အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး အိမ်ထောင်သက် ၁၁ နှစ်ရှိပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက ရွန်နီဟာ ၂၀၀၉ ခုနှစ်ကရည်းစားဟောင်းဟယ်လန်ဝုဒ် အပါအဝင် သုံးယောက်တစ်တွဲလိင်ပိုင်းဆိုင်ရာပျော်ပါးခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဇနီးဖြစ်သူကောလင်းရဲ့စိတ်ထဲမှာတော့ ဒီအဖြစ်အပျက်တွေက မေ့ဖျောက်မရနိုင် ဖြစ်နေခဲ့ပါတယ်။
ရွန်နီနဲ့နီးစပ်သူတစ်ဦးက ”အနာဂတ်အတွက် အကောင်းဆုံးတွေကိုရှာဖွေခဲ့ပြီး ဘောလုံးလောကမှာပဲ ဆက်ရှိနေချင်သေးတယ်”လို့ ဆိုပါတယ်။ ”သူဟာ မိသားစုနဲ့ အတူတကွ နေထိုင်ကာကောလင်းနဲ့ကလေးေတွေအတွက် အကောင်းဆုံးဖြစ်စေမယ့်လုပ်ရပ်တွေ လုပ်ဆောင်သွားမယ်။ ယူနိုက်တက်မှာ ဒီအလုပ်က တကယ်ကောင်းပါတယ်။ တစ်နေ့မှာ ရွန်နီက နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် သရဲနီအသင်းကို ပြန်သွားပါလိမ့်မယ်။ ပြီးတော့ ရေရှည် လုပ်ဆောင်ပါလိမ့်မယ်။ သူကလည်းဆိုးလ်ရှားရဲ့နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်ရမှာကို နှစ်သက်ပါတယ်”သူက ဆက်ပြောပါတယ်။
လက်ရှိအချိန်မှာ ရွန်နီလိုပဲ ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ နစ်ကီဘတ်နဲ့ မိုက်ကယ်ကာရစ်တို့လည်း အသင်းရဲ့နည်းပြအဖွဲ့ဝင်တွေအဖြစ် ပူးပေါင်းနေကြပြီဖြစ်ပါတယ်။ ယမန်နေ့ညက တခြားသတင်းဌာနတစ်ခုကတော့ ”ဝိန်းကနည်းပြအဖွဲ့ဝင်အဖြစ် လုပ်ချင်မှာပါ။ ဒါပေမဲ့ ဒီစီယူနိုက်တက်အသင်းမှာလည်း အင်္ဂလန်သားက ပျော်ရွှင်နေပြီး လက်ရှိစာချုပ်ထပ် ပိုပြီးလည်းရှိနေနိုင်ပါသေးတယ်။ ခဏလေးနဲ့ ပြောင်းလဲပစ်လို့ မရပါဘူး”လို့ ရေးသားထားပါတယ်။ ရွန်နီရဲ့ သားတွေဖြစ်ကြတဲ့ ကိုင်က ၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး၊ ကလေက ၆ နှစ်၊ ကစ်ကသုံးနှစ်နဲ့ ကက်စ်က ၁ နှစ်အရွယ်သာရှိသေးတာ ဖြစ်ပါတယ်။ သူတို့အားလုံးကို ဗြိတိန်ရှိ စာသင်ကျောင်းမှာ စာရင်းသွင်းထားပြီးဖြစ်ကာ ဇနီးဖြစ်သူကောလင်းကလည်း မွေးရပ်မြေကို လွမ်းဆွတ်နေပါတယ်။