ကစားသမားဘဝကထက် ပိုကောင်းတဲ့ဝင်ငွေနဲ့ FIFA 21 ရဲ့ Icon ဖြစ်လာတဲ့ ဒေးဗစ်ဘက်ခမ်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူနဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်းဖြစ်တဲ့ ဒေးဗစ်ဘက်ဟမ်းဟာ FIFA 21 ရဲ့ဗီဒီယိုဂိမ်းထဲမှာ ကစားသမားဘဝကထက်ပိုတဲ့ ဝင်ငွေ ထက်ပိုမိုရရှိတဲ့သူအဖြစ် ပါဝင်လာတယ်လို့သိရပါတယ်။ လက်ရှိမှာပေါင် ၃၃၉ သန်းကြွယ်ဝတဲ့ ဘက်ခမ်းဟာ EA Sports’ football seriesထဲမှာပါဖို့ ၃ နှစ်စာချုပ်လက်မှတ်ရေးထိုးထားသူလည်းဖြစ်ပါတယ်။

ဒီစာချုပ်ဟာ အခု ၂၀၂၀ ကနေစပြီးအသက်ဝင်လာတာပါ။ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ဘက်ခမ်းဟာသူ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ပုံစံဖြစ်တဲ့ Beckham Edition မှာမျက်နှာဖုံးရှင်ဖြစ်လာခဲ့ပြီး ပီအက်စ်ဂျီတိုက်စစ်မှူးအမ်ဘတ်ပီက ပုံမှန်ဂိမ်းခွေရဲ့မျက်နှာဖုံးရှင်အဖြစ်ပါဝင်လာခဲ့တာပါ။

EA Sports ဟာ ဘက်ခမ်းရဲ့ပုံရိပ်ကိုအသုံးပြုဖို့အတွက် ၃ နှစ်စာ ပေါင်သန်း ၃၀ နဲ့ကမ်းလှမ်းခဲ့ပေမယ့် ဘက်ခမ်းဘက်က ပေါင်သန်း ၄၀ အထိတောင်းဆိုခဲ့တာကို လက်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘက်ခမ်းနဲ့နီးစပ်သူတစ်ဦးက အခုသဘောတူညီချက်ဟာ ဘက်ခမ်းရဲ့အမှတ်တံဆိပ်ကို ပိုမိုနာမည်ကျော်ကြားလာစေတဲ့အပြင် သူ့ဘဝမှာ အလွယ်ကူဆုံးရခဲ့တဲ့ငွေဖြစ်တယ်လို့ ပြောသွားပါတယ်။

ဘက်ခမ်းဟာ မန်ယူအကယ်ဒမီကထွက်ပေါ်လာသူဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေမှာ မန်ယူမှာကစားနေတုန်း တစ်ပတ်ကိုလစာပေါင် ၁၀၀၀၀၀ နီးပါးအထိရရှိခဲ့သူဖြစ်ပါတယ်။ သူဟာ ၂၀၀၇ မှာ မေဂျာလိဂ်ကလပ် ဂလက်ဆီကိုပြောင်းတော့လည်း အဲဒီလစာနီးပါးအတိုင်းရရှိခဲ့တာဖြစ်ပြီး ၅ နှစ်စာချုပ်အတွက်ပေါင် ၂၅ သန်းရယူနိုင်ခဲ့တာပါ။

EA Sports နဲ့သဘောတူညီချက်အရ ဘက်ခမ်းရဲ့တစ်ပတ်လစာဟာပေါင် ၂၅၆၀၀၀ ဖြစ်လို့ သူ့ကစားသမားဘဝက ကျင်လည်ခဲ့တဲ့ မန်ယူ၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ အေစီမီလန်၊ ဂလက်ဆီ အစရှိတဲ့အသင်းတွေမှာရခဲ့တဲ့ တစ်ပတ်ဝင်ငွေထက် ပိုမိုသာလွန်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း EA Sports နဲ့လက်မှတ်မထိုးခင်မှာ ဘက်ခမ်းက သူဟာသူ့ကလေး ၄ ယောက်အတွက် အရာရာဖြည့်ဆည်းပေးနိုင်တဲ့ ဖခင် တစ်ယောက်ဖြစ်လာတယ်လို့ နောက်ပြောင်သွားခဲ့ပါသေးတယ်။

သူ့ရဲ့ Instagram ကနေဘက်ခမ်းက” ကွင်းထဲမှာ ကျွန်တော့်ရဲ့ကစာ းဖော်ဟောင်းတွေနဲ့ ပြန်ဆုံရမှာကို မစောင့်နိုင်တော့အောင်ဖြစ်ရတယ်” လို့မှတ်ချက်ပြုသွားပါတယ်။ ဘက်ခမ်းဟာ FiFa series ဖြစ်တဲ့ Pro Evolution Soccer တွေမှာ Icon တစ်ယောက်အဖြစ်ပါဝင်ခဲ့တာနှစ်ပေါင်း အတော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi








