ကစားသမားတွေရဲ့ ကြ့ံခိုင်မှုအတွက် အချဥ်ရည်၊အချိုရည်၊ ထောပတ်အပါအဝင် စားသောက်စရာအချို့ကို ပိတ်ပင်လိုက်တဲ့ ကွန်တီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးနည်းပြသစ်ကွန်တီကတော့ အသင်းကို တာဝန်ယူပြီးမကြာခင်မှာပဲ စပါးအသင်းရဲ့ စားသောက်ခန်းကို ဝင်ရောက်ကြည့်ရူ့ခဲ့ပြီး ကစားသမားတွေကို ကျွေးမွေးတဲ့ စားသောက်စရာအချို့ကို ပိတ်ပင်လိူက်ပါတယ်။

ကွန်တီပိတ်ပင်လိုက်တဲ့ စားသောက်စရာတွေက အချဥ်၊ မရိုးနိစ်၊ ဆွင်းဒစ်ချ်၊ ထောပတ်၊ အမြှပ်ထနေတဲ့ အချိုရည် အစရှိတာတွေဖြစ်ပြီး

အခုလို ပိတ်ပင်ရခြင်းဟာ ကွင်းအတွင်းမှာ စွမ်းဆောင်ရည်ကောင်းဖို့နဲ့ ဘက်ပေါင်းစုံက ကောင်းမွန်နေဖို့ဖြစ်တယ်လို့လည်း တနင်္ဂနွေနေ့မှာ ကစားမယ့် လိဒ်စ်ယူနိုက်တက်နဲ့ပွဲမတိုင် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ကွန်တီက ရှင်းလင်းပြောကြားခဲ့ပါတယ်။

အသင့်စားအစားအစာတွေ၊ အာလူးကြော်လို ဆီနဲ့ကြော်ထားတဲ့ ကြွပ်ရွနေတဲ့ အကြော်မုန့်တွေ၊ အမြှပ်ထနေတဲ့ အချိုရည်တွေဟာ ကစားသမားတွေရဲ့ ခန္ဓာကိုယ်အလေးချိန်ကိုတိုးစေတယ်လို့

နည်းပြတိုင်းက ယုံကြည်မှုရှိကြပြီး ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအတွက် ကိုယ်ပိုင်နည်းလမ်းတွေနဲ့ လုပ်ဆောင်ကြသလို သီးသန့်စားဖိုမှူးထားပြီး ​ကျွေးမွေးလေ့လည်း ရှိပါတယ်။

မ​ကြာသေးခင်ကမှ နူနိုဆန်တိုရဲ့နေရာမှာ စပါးနည်းပြသစ်အဖြစ် တာဝန်ယူခဲ့တဲ့ ကွန်တီကလည်း သူ့ကိုယ်ပိုင်နည်းလမ်းနဲ့ ကစားသမားတွေရဲ့ စားသောက်မှုပုံစံကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြတစ်ဦးနဲ့တစ်ဦး အယူအဆ ကွဲပြားမှု့တွေလည်း ရှိနေပါတယ်။

လက်ရှိ ဝက်ဖို့ဒ်နည်းပြဖြစ်နေတဲ့ လက်စတာနည်းပြဟောင်း ရေနီယာရီဟာ သူ့ကစားသမားတွေ ပေးဂိုးမရှိပွဲရရင် ပီဇာ ဝယ်ကျွေးမယ်လို့ ပြောခဲ့ဖူးသူပါ။

ဒါပေမယ့် မန်စီးနီးနည်းပြ ဂွါဒီယိုလာကတော့ အီတလီမုန့် ပီဇာဟာ ကိုယ်အလေးချိန်တက်စေလို့ သူ့ကစားသမားတွေစားသောက်ခြင်းကို ပိတ်ပင်ထားပါတယ်။

ဒေးဗစ်မိုယက်စ်ကလည်း မန်ယူကို တာဝန်ယူခဲ့စဥ် ကစားသမားတွေ အကြော်မုန့်စားခြင်းကို တားမြစ်ခဲ့ဖူးပါတယ်။

အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးကလည်း ကစားသမားတွေ ချောကလက်စားတာကို တားမြစ်ခဲ့သူဖြစ်ပြီး ကာပယ်လိုကလည်း အင်္ဂလန်ကို တာဝန်ယူခဲ့စဥ္ ကစားသမားတွေ အချဥ်ရည်၊ထောပတ်စားသုံးခြင်းမှ ပိတ်ပင်ခဲ့သူ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကစားသမားေတြရဲ႕ ၾက့ံခိုင္မႈအတြက္ အခ်ဥ္ရည္၊အခ်ိဳရည္၊ ေထာပတ္အပါအဝင္ စားေသာက္စရာအခ်ိဳ႕ကို ပိတ္ပင္လိုက္တဲ့ ကြန္တီ

စပါးနည္းျပသစ္ကြန္တီကေတာ့ အသင္းကို တာဝန္ယူၿပီးမၾကာခင္မွာပဲ စပါးအသင္းရဲ႕ စားေသာက္ခန္းကို ဝင္ေရာက္ၾကည့္႐ူ႕ခဲ့ၿပီး ကစားသမားေတြကို ေကြၽးေမြးတဲ့ စားေသာက္စရာအခ်ိဳ႕ကို ပိတ္ပင္လိူက္ပါတယ္။

ကြန္တီပိတ္ပင္လိုက္တဲ့ စားေသာက္စရာေတြက အခ်ဥ္၊ မ႐ိုးနိစ္၊ ဆြင္းဒစ္ခ်္၊ ေထာပတ္၊ အျမႇပ္ထေနတဲ့ အခ်ိဳရည္ အစရွိတာေတြျဖစ္ၿပီး အခုလို ပိတ္ပင္ရျခင္းဟာ ကြင္းအတြင္းမွာ စြမ္းေဆာင္ရည္ေကာင္းဖို႔နဲ႔ ဘက္ေပါင္းစုံက ေကာင္းမြန္ေနဖို႔ျဖစ္တယ္လို႔လည္း တနဂၤေႏြေန႔မွာ ကစားမယ့္ လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲမတိုင္ ပြဲႀကိဳသတင္းစာ ရွင္းလင္းပြဲမွာ ကြန္တီက ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

အသင့္စားအစားအစာေတြ၊ အာလူးေၾကာ္လို ဆီနဲ႔ေၾကာ္ထားတဲ့ ႂကြပ္႐ြေနတဲ့ အေၾကာ္မုန္႔ေတြ၊ အျမႇပ္ထေနတဲ့ အခ်ိဳရည္ေတြဟာ ကစားသမားေတြရဲ႕ ခႏၶာကိုယ္အေလးခ်ိန္ကိုတိုးေစတယ္လို႔ နည္းျပတိုင္းက ယုံၾကည္မႈရွိၾကၿပီး ကစားသမားေတြရဲ႕ ႀကံ့ခိုင္မႈအတြက္ ကိုယ္ပိုင္နည္းလမ္းေတြနဲ႔ လုပ္ေဆာင္ၾကသလို သီးသန္႔စားဖိုမႉးထားၿပီး ​ေကြၽးေမြးေလ့လည္း ရွိပါတယ္။

မ​ၾကာေသးခင္ကမွ ႏူႏိုဆန္တိုရဲ႕ေနရာမွာ စပါးနည္းျပသစ္အျဖစ္ တာဝန္ယူခဲ့တဲ့ ကြန္တီကလည္း သူ႔ကိုယ္ပိုင္နည္းလမ္းနဲ႔ ကစားသမားေတြရဲ႕ စားေသာက္မႈပုံစံကို ထိန္းခ်ဳပ္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ နည္းျပတစ္ဦးနဲ႔တစ္ဦး အယူအဆ ကြဲျပားမႈ႕ေတြလည္း ရွိေနပါတယ္။ လက္ရွိ ဝက္ဖို႔ဒ္နည္းျပျဖစ္ေနတဲ့ လက္စတာနည္းျပေဟာင္း ေရနီယာရီဟာ သူ႔ကစားသမားေတြ ေပးဂိုးမရွိပြဲရရင္ ပီဇာ ဝယ္ေကြၽးမယ္လို႔ ေျပာခဲ့ဖူးသူပါ။ ဒါေပမယ့္ မန္စီးနီးနည္းျပ ဂြါဒီယိုလာကေတာ့ အီတလီမုန္႔ ပီဇာဟာ ကိုယ္အေလးခ်ိန္တက္ေစလို႔ သူ႔ကစားသမားေတြစားေသာက္ျခင္းကို ပိတ္ပင္ထားပါတယ္။

ေဒးဗစ္မိုယက္စ္ကလည္း မန္ယူကို တာဝန္ယူခဲ့စဥ္ ကစားသမားေတြ အေၾကာ္မုန္႔စားျခင္းကို တားျမစ္ခဲ့ဖူးပါတယ္။ အာဆင္နယ္နည္းျပေဟာင္း အာဆင္ဝင္းဂါးကလည္း ကစားသမားေတြ ေခ်ာကလက္စားတာကို တားျမစ္ခဲ့သူျဖစ္ၿပီး ကာပယ္လိုကလည္း အဂၤလန္ကို တာဝန္ယူခဲ့စၪ္ ကစားသမားေတြ အခ်ဥ္ရည္၊ေထာပတ္စားသုံးျခင္းမွ ပိတ္ပင္ခဲ့သူ ျဖစ္ပါတယ္။