ကစားသမားတွေရဲ့ပုန်ကန်မှုကြောင့် ဆိုးလ်ရှားကို ထုတ်ပယ်ဖို့စဉ်းစားနေတဲ့ မန်ယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီး၊လီဗာပူးတို့နဲ့ပွဲတွေက စိတ်ပျက်ဖွယ်ခြေစွမ်းတို့ကြောင့် ရာသီကုန်ထိတိုင်အောင် ဆိုးလ်ရှားကို ဆက်ထိန်းထားမယ့်မန်ယူရဲ့အစီအစဉ်ဟာ သဲထဲရေသွန်သလိုဖြစ်သွားကြောင်း အင်္ဂလန်က Daily Mail သတင်းစာက ဖော်ပြလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဆိုးလ်ရှားရဲ့အနာဂါတ်ကို လာမယ့်နွေရာသီရောက်မှ ဆုံးဖြတ်ချက်လုပ်ဖို့ မျှော်လင့်ထားတာပါ။

ဒါပေမဲ့ အိမ်ကွင်းနောက်ဆုံး ၂ ပွဲမှာ ခါးသီးပြိုင်ဘက်တွေကို အစစအရာရာ ရှုံးနိမ့်ခဲ့တဲ့အတွက် အဲဒီနော်ဝေသားနည်းပြအပေါ် ဖိအားတွေ ပုံကျလာပါတယ်။

ဆိုးလ်ရှားရဲ့အသင်းဟာ နောက်ဆုံး ၁၂ ပွဲမှာ ၆ ပွဲမြောက်ရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

မန်စီးတီးနဲ့ပွဲမှာဆိုရင် မန်ယူဟာ ပထမပိုင်းပြီးချိန်မှာရော ပွဲအပြီးမှာပါ အသင်းပရိသတ်တွေရဲ့လှောင်ပြောင်းခြင်း ခံခဲ့ရပါတယ်။

မန်ယူရဲ့အဓိကကစားသမားတွေဖြစ်ကြတဲ့ စီရော်နယ်ဒိုနဲ့ ဖာနန်ဒက်စ်တို့ဟာလည်း လက်ရှိအခြေအနေကို စိတ်ပျက်နေကြတယ်လို့ သိရပါတယ်။

ဖာနန်ဒက်စ်က အသင်းရဲ့ဦးတည်ရာလမ်းကြောင်းကင်းမဲ့နေမှုအပေါ် စိတ်ပျက်နေသလို စီရော်နယ်ဒိုကတော့ ကလပ်ရဲ့အတန်းအစား ကျဆင်းသွားမှုကို ရှော့ခ်ရနေပါတယ်။

ဒါ့အပြင် မန်ယူကစားသမားတွေဟာ ပွဲကစားခွင့်သိပ်မရတဲ့ကွင်းလယ်လူဗန်ဒီဘိခ်ရဲ့အခြေအနေကိုလည်း စာနာသနားနေကြတယ်လု့ိ သတင်းတွေထွက်နေပါတယ်။

အခုလို ဖိအားတွေတိုးလာပေမယ့်လည်း နိုင်ငံကတာကြားဖြတ်အပြီး ဝက်ဖို့ဒ်နဲ့ကစားရမယ့်ပွဲမှာလည်း မန်ယူကို ကိုင်ရဦးမယ်လို့ ဆိုးလ်ရှားက ယုံကြည်နေကြောင်း Guardian သတင်းစာက ဖောြ်ပခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကစားသမားေတြရဲ႕ပုန္ကန္မႈေၾကာင့္ ဆိုးလ္ရွားကို ထုတ္ပယ္ဖို႔စဥ္းစားေနတဲ့ မန္ယူ

မန္စီးတီး၊လီဗာပူးတို႔နဲ႔ပြဲေတြက စိတ္ပ်က္ဖြယ္ေျခစြမ္းတို႔ေၾကာင့္ ရာသီကုန္ထိတိုင္ေအာင္ ဆိုးလ္ရွားကို ဆက္ထိန္းထားမယ့္မန္ယူရဲ႕အစီအစဥ္ဟာ သဲထဲေရသြန္သလိုျဖစ္သြားေၾကာင္း အဂၤလန္က Daily Mail သတင္းစာက ေဖာ္ျပလိုက္ပါတယ္။

ယူႏိုက္တက္ဟာ ဆိုးလ္ရွားရဲ႕အနာဂါတ္ကို လာမယ့္ေႏြရာသီေရာက္မွ ဆုံးျဖတ္ခ်က္လုပ္ဖို႔ ေမွ်ာ္လင့္ထားတာပါ။ ဒါေပမဲ့ အိမ္ကြင္းေနာက္ဆုံး ၂ ပြဲမွာ ခါးသီးၿပိဳင္ဘက္ေတြကို အစစအရာရာ ရႈံးနိမ့္ခဲ့တဲ့အတြက္ အဲဒီေနာ္ေဝသားနည္းျပအေပၚ ဖိအားေတြ ပုံက်လာပါတယ္။

ဆိုးလ္ရွားရဲ႕အသင္းဟာ ေနာက္ဆုံး ၁၂ ပြဲမွာ ၆ ပြဲေျမာက္ရႈံးခဲ့ရတာလည္း ျဖစ္ပါတယ္။ မန္စီးတီးနဲ႔ပြဲမွာဆိုရင္ မန္ယူဟာ ပထမပိုင္းၿပီးခ်ိန္မွာေရာ ပြဲအၿပီးမွာပါ အသင္းပရိသတ္ေတြရဲ႕ေလွာင္ေျပာင္းျခင္း ခံခဲ့ရပါတယ္။

မန္ယူရဲ႕အဓိကကစားသမားေတြျဖစ္ၾကတဲ့ စီေရာ္နယ္ဒိုနဲ႔ ဖာနန္ဒက္စ္တို႔ဟာလည္း လက္ရွိအေျခအေနကို စိတ္ပ်က္ေနၾကတယ္လို႔ သိရပါတယ္။

ဖာနန္ဒက္စ္က အသင္းရဲ႕ဦးတည္ရာလမ္းေၾကာင္းကင္းမဲ့ေနမႈအေပၚ စိတ္ပ်က္ေနသလို စီေရာ္နယ္ဒိုကေတာ့ ကလပ္ရဲ႕အတန္းအစား က်ဆင္းသြားမႈကို ေရွာ့ခ္ရေနပါတယ္။

ဒါ့အျပင္ မန္ယူကစားသမားေတြဟာ ပြဲကစားခြင့္သိပ္မရတဲ့ကြင္းလယ္လူဗန္ဒီဘိခ္ရဲ႕အေျခအေနကိုလည္း စာနာသနားေနၾကတယ္လု႔ိ သတင္းေတြထြက္ေနပါတယ္။

အခုလို ဖိအားေတြတိုးလာေပမယ့္လည္း ႏိုင္ငံကတာၾကားျဖတ္အၿပီး ဝက္ဖို႔ဒ္နဲ႔ကစားရမယ့္ပြဲမွာလည္း မန္ယူကို ကိုင္ရဦးမယ္လို႔ ဆိုးလ္ရွားက ယုံၾကည္ေနေၾကာင္း Guardian သတင္းစာက ေဖာျ္ပခဲ့ပါတယ္။