ကစားသမားတွေကို (၄)လစာအတွက် လစာငွေပေးချေဖို့အခက်ကြုံနေတဲ့ ဂျူဗင်တပ်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကိုဗစ်ရောဂါဆိုးကြောင့် ဘဏ္ဍာရေးအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အသင်းတွေထဲမှာ အပါအဝင်ဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းဟာ သူတို့ကစားသမားတွေကို (၄)လစာအတွက် လစာငွေတွေကို နောက်ကျပြီးမှ ရယူကြဖို့ တောင်းဆိုခဲ့တယ်လို့ အီတလီမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဘဏ္ဍာရေးအခက်အခဲကြောင့် ပြီးခဲ့တဲ့နှစ်၊ ဧပြီလတုန်းကလည်း အသင်းက ကစားသမားတွေကို (၄)လစာ လစာငွေချက်ချင်းမပေးနိုင်ဘဲ နောက်ကျပြီးမှ ပေးချေခဲ့ရသလို အခုတစ်ခါ မတ်လ၊ ဧပြီလ၊ မေလနဲ့ဇွန်လတွေအတွက် လစာငွေကို စောင့်ဆိုင်းပေးဖို့ ထပ်မံတောင်းဆိုခဲ့တာဖြစ်ကြောင်း အီတလီအားကစားသတင်းစာ Corriere dello Sport က ဖော်ပြခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းအနေနဲ့ ၂၀၁၉-၂၀ ရာသီမှာ ကစားသမားတွေရဲ့ (၄)လစာအတွက် လစာငွေကို ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှသာ ပေးချေနိုင်ခဲ့ပြီး ကစားသမားတွေကလည်း သဘောတူညီခဲ့တာကြောင့် အဲဒီကာလအတွင်း ပေါင်(၇၅)သန်းနီးပါး သက်သာခဲ့ရပါတယ်။

အဲဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ အကျပ်အတည်းဖြစ်နေတဲ့ ဘဏ္ဍာရေးအနေအထားကို ကာမိစေဖို့အတွက် အခုတစ်ကြိမ်မှာလည်း လစာငွေကို လာမယ့်ရာသီဘဏ္ဍာရေးနှစ်အထိ စောင့်ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ကစားသမားတွေဘက်က ထပ်မံသဘောတူညီဖို့ရှိ၊ မရှိကတော့ မသေချာသေးပါဘူး။

ပထမတစ်ကြိမ်တုန်းကတော့ ဂျူဗင်တပ်စ်အသင်းရဲ့ ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဘူဖွန်၊ ချီလီနီတို့ ဦးဆောင်ပြီး အသင်းဖော်တွေကို လစာငွေစောင့်ဆိုင်းပေးဖို့အတွက် တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်၊ ပထမနှစ်ဝက်အတွင်းအခြေအနေက အားရစရာမကောင်းဘဲ ပေါင်(၉၆)သန်းကျော်အရှုံးပြနေပြီး အခုအနေအထားအရ အသင်းက လစာငွေမြင့်မားတဲ့ကစားသမားတွေကို ရောင်းချရမယ့်အဖြစ်မျိုးနဲ့ ရင်ဆိုင်နေရပါပြီ။

လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်အသင်းရဲ့လစာငွေအများဆုံးကစားသမားက စီရော်နယ်လ်ဒိုဖြစ်သလို သူ့အတွက် တစ်ပတ်ကို ပေါင်(၄၉၆,၀၀၀)အထိ ပေးချေနေရတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ဂျူဗင်တပ်စ်အသင်းအနေနဲ့ စီရော်နယ်လ်ဒိုကို ဆက်လက်ထိန်းသိမ်းသွားဖို့ရှိနေတာကြောင့် လစာငွေရရှိမှုများတဲ့ တခြားကစားသမားတွေဖြစ်တဲ့ ရမ်ဆေး၊ ရာဘီယူ၊ ဒီဘားလားတို့ကို လာမယ့်နွေရာသီကျရင် ရောင်းချသွားဖို့ရှိနေပါပြီ။

ရမ်ဆေးဟာ ဂျူဗင်တပ်စ်အသင်းမှာ စီရော်နယ်လ်ဒိုပြီးရင် ဒုတိယမြောက်လစာငွေအများဆုံးကစားသမားဖြစ်ပြီး တစ်ပတ်ကို ပေါင်(၄)သိန်းအထိရရှိနေတာပါ။

ဒီရာသီမှာ ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်ကနေ စောစောစီးစီးထွက်ခဲ့ရသလို၊ စီးရီးအေမှာလည်း ထိပ်ဆုံးက အင်တာမီလန်နဲ့ (၁၂)မှတ်အထိကွာဟနေတာကြောင့် ချန်ပီယံမျှော်လင့်ချက်အားနည်းနေပြီဖြစ်ပြီး ဆုဖလားအဖြစ် ကိုပါအီတာလီယာဖလားသာ ကျန်ရှိနေတဲ့အတွက် ကွင်းတွင်း၊ ကွင်းပြင်မှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကစားသမားေတြကို (၄)လစာအတြက္ လစာေငြေပးေခ်ဖို႔အခက္ႀကဳံေနတဲ့ ဂ်ဴဗင္တပ္စ္

ကိုဗစ္ေရာဂါဆိုးေၾကာင့္ ဘ႑ာေရးအခက္အခဲနဲ႔ ရင္ဆိုင္ေနရတဲ့အသင္းေတြထဲမွာ အပါအဝင္ျဖစ္တဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ သူတို႔ကစားသမားေတြကို (၄)လစာအတြက္ လစာေငြေတြကို ေနာက္က်ၿပီးမွ ရယူၾကဖို႔ ေတာင္းဆိုခဲ့တယ္လို႔ အီတလီမီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာ ဘ႑ာေရးအခက္အခဲေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္၊ ဧၿပီလတုန္းကလည္း အသင္းက ကစားသမားေတြကို (၄)လစာ လစာေငြခ်က္ခ်င္းမေပးႏိုင္ဘဲ ေနာက္က်ၿပီးမွ ေပးေခ်ခဲ့ရသလို အခုတစ္ခါ မတ္လ၊ ဧၿပီလ၊ ေမလနဲ႔ဇြန္လေတြအတြက္ လစာေငြကို ေစာင့္ဆိုင္းေပးဖို႔ ထပ္မံေတာင္းဆိုခဲ့တာျဖစ္ေၾကာင္း အီတလီအားကစားသတင္းစာ Corriere dello Sport က ေဖာ္ျပခဲ့တာပါ။

ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ၂၀၁၉-၂၀ ရာသီမွာ ကစားသမားေတြရဲ႕ (၄)လစာအတြက္ လစာေငြကို ၂၀၂၀-၂၁ ဘ႑ာေရးႏွစ္မွသာ ေပးေခ်ႏိုင္ခဲ့ၿပီး ကစားသမားေတြကလည္း သေဘာတူညီခဲ့တာေၾကာင့္ အဲဒီကာလအတြင္း ေပါင္(၇၅)သန္းနီးပါး သက္သာခဲ့ရပါတယ္။

အဲဒါေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းဟာ အက်ပ္အတည္းျဖစ္ေနတဲ့ ဘ႑ာေရးအေနအထားကို ကာမိေစဖို႔အတြက္ အခုတစ္ႀကိမ္မွာလည္း လစာေငြကို လာမယ့္ရာသီဘ႑ာေရးႏွစ္အထိ ေစာင့္ဆိုင္းေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး ကစားသမားေတြဘက္က ထပ္မံသေဘာတူညီဖို႔ရွိ၊ မရွိကေတာ့ မေသခ်ာေသးပါဘူး။ ပထမတစ္ႀကိမ္တုန္းကေတာ့ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ဝါရင့္ကစားသမားေတြျဖစ္တဲ့ ဘူဖြန္၊ ခ်ီလီနီတို႔ ဦးေဆာင္ၿပီး အသင္းေဖာ္ေတြကို လစာေငြေစာင့္ဆိုင္းေပးဖို႔အတြက္ တိုက္တြန္းခဲ့ၾကတာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ၂၀၂၀-၂၁ ဘ႑ာေရးႏွစ္၊ ပထမႏွစ္ဝက္အတြင္းအေျခအေနက အားရစရာမေကာင္းဘဲ ေပါင္(၉၆)သန္းေက်ာ္အရႈံးျပေနၿပီး အခုအေနအထားအရ အသင္းက လစာေငြျမင့္မားတဲ့ကစားသမားေတြကို ေရာင္းခ်ရမယ့္အျဖစ္မ်ိဳးနဲ႔ ရင္ဆိုင္ေနရပါၿပီ။ လက္ရွိအခ်ိန္မွာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕လစာေငြအမ်ားဆုံးကစားသမားက စီေရာ္နယ္လ္ဒိုျဖစ္သလို သူ႔အတြက္ တစ္ပတ္ကို ေပါင္(၄၉၆,၀၀၀)အထိ ေပးေခ်ေနရတာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ စီေရာ္နယ္လ္ဒိုကို ဆက္လက္ထိန္းသိမ္းသြားဖို႔ရွိေနတာေၾကာင့္ လစာေငြရရွိမႈမ်ားတဲ့ တျခားကစားသမားေတြျဖစ္တဲ့ ရမ္ေဆး၊ ရာဘီယူ၊ ဒီဘားလားတို႔ကို လာမယ့္ေႏြရာသီက်ရင္ ေရာင္းခ်သြားဖို႔ရွိေနပါၿပီ။ ရမ္ေဆးဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ စီေရာ္နယ္လ္ဒိုၿပီးရင္ ဒုတိယေျမာက္လစာေငြအမ်ားဆုံးကစားသမားျဖစ္ၿပီး တစ္ပတ္ကို ေပါင္(၄)သိန္းအထိရရွိေနတာပါ။

ဒီရာသီမွာ ဂ်ဴဗင္တပ္စ္အသင္းဟာ ခ်န္ပီယံလိဂ္ကေန ေစာေစာစီးစီးထြက္ခဲ့ရသလို၊ စီးရီးေအမွာလည္း ထိပ္ဆုံးက အင္တာမီလန္နဲ႔ (၁၂)မွတ္အထိကြာဟေနတာေၾကာင့္ ခ်န္ပီယံေမွ်ာ္လင့္ခ်က္အားနည္းေနၿပီျဖစ္ၿပီး ဆုဖလားအျဖစ္ ကိုပါအီတာလီယာဖလားသာ က်န္ရွိေနတဲ့အတြက္ ကြင္းတြင္း၊ ကြင္းျပင္မွာ အခက္အခဲေတြနဲ႔ရင္ဆိုင္ေနရတယ္လို႔ ေျပာရမွာပဲျဖစ္ပါတယ္။