ကစားသမားတွေကို ပေးချေရတဲ့လစာငွေက ဗြိတိန်စံချိန်တင်ဖြစ်လာပေမယ့် ဘဏ္ဍာရေးနှစ်မှာ ပေါင်(၉၂)သန်းအရှုံးပေါ်ခဲ့တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားတွေကို ပေးချေရတဲ့လစာငွေပမာဏက ဒီရာသီမှာ အရင်ကထက်မြင့်တက်လာဖို့ရှိနေပြီး ဗြိတိန်စံချိန်တင်အဖြစ် ပေါင်(၃၈၇)သန်းအထိရှိလာနိုင်တယ်လို့ ဗြိတိန်နာမည်ကျော်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။

အခုလောလောဆယ် ပရီးမီးယားလိဂ်မှာ စံချိန်တင်လစာပေးချေနေရတာက ယူနိုက်တက်ရဲ့မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းဖြစ်ပြီး အခုနှစ်အစပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၁၉-၂၀ ဘဏ္ဍာရေးအခြေအနေအရ လစာငွေအဖြစ် ပေါင်(၃၅၁)သန်းအထိအသုံးပြုနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းရဲ့လစာငွေအသုံးစရိတ်ဟာ ပေါင်(၃၂၂)သန်းအထိမြင့်တက်လာပေမယ့် မန်စီးတီးအသင်းအောက်မှာသာရှိခဲ့ပြီး ဒီရာသီမှာတော့ (၂၀%)အထိ ထပ်ပြီးမြင့်တက်လာဖို့ရှိတယ်လို့ အသင်းရဲ့ဘဏ္ဍာရေးအကြီးအကဲဖြစ်သူ ကလစ်ဖ်ဘက်တီက ခန့်မှန်းခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဆန်ချို၊ ဗာရန်း၊ စီရော်နယ်လ်ဒိုစတဲ့ နာမည်ကျော်ကစားသမားတွေကို ခေါ်ယူခဲ့ပြီး သူတို့အတွက် မြင့်မားတဲ့လစာငွေပေးချေရမှာဖြစ်တာကြောင့် လစာငွေပမာဏက မနှစ်ကထက် ပိုများလာဖို့ရှိနေတာပါ။

ဒီကစားသမား(၃)ဦးထဲမှာ စီရော်နယ်လ်ဒိုရဲ့လစာငွေက အများဆုံးဖြစ်နိုင်တယ်လို့ ယူဆရမှာဖြစ်ပြီး စီရော်နယ်လ်ဒိုအတွက် ယူနိုက်တက်အသင်း ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)လောက်သာသုံးခဲ့ရပေမယ့် လစာငွေက ပရီးမီးယားလိဂ်မှာအများဆုံးပမာဏဖြစ်ဖို့ရှိနေပါတယ်။

အဲဒါကြောင့် ကစားသမားသစ်(၃)ဦးရဲ့စုစုပေါင်းလစာငွေပမာဏက (၁)နှစ်ကို ပေါင်(၆၄)သန်းအထိရှိနိုင်တာကြောင့် လာမယ့်နှစ်ကျရင် ဘဏ္ဍာရေးစာရင်းထုတ်ပြန်တဲ့အခါ လစာငွေအသုံးစရိတ်က မန်စီးတီးအသင်းထက် ပိုများသွားမယ့်အနေအထားပါပဲ။

ယူနိုက်တက်အသင်းရဲ့ လစာငွေအသုံးစရိတ်ပမာဏက မြင့်တက်လာပေမယ့် ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်မှာတော့ အသင်းက ပေါင်(၉၂)သန်းအရှုံးပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ကိုဗစ်ရောဂါဆိုးကြောင့် ယူနိုက်တက်အသင်းရဲ့ကြော်ငြာနဲ့စပွန်ဆာကြေးတွေကနေရရှိတဲ့ ဝင်ငွေက ပေါင်(၄၇)သန်းလျော့နည်းခဲ့သလို ကွင်းဝင်ကြေးရရှိမှုကလည်း ပေါင်(၇.၁)သန်းသာရှိခဲ့တာအပါအဝင် စုစုပေါင်းပေါင်(၉၂.၂)သန်း အရှုံးပေါ်ခဲ့တာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကစားသမားေတြကို ေပးေခ်ရတဲ့လစာေငြက ၿဗိတိန္စံခ်ိန္တင္ျဖစ္လာေပမယ့္ ဘ႑ာေရးႏွစ္မွာ ေပါင္(၉၂)သန္းအရႈံးေပၚခဲ့တဲ့ ယူႏိုက္တက္

ပရီးမီးယားလိဂ္ထိပ္သီး မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ကစားသမားေတြကို ေပးေခ်ရတဲ့လစာေငြပမာဏက ဒီရာသီမွာ အရင္ကထက္ျမင့္တက္လာဖို႔ရွိေနၿပီး ၿဗိတိန္စံခ်ိန္တင္အျဖစ္ ေပါင္(၃၈၇)သန္းအထိရွိလာႏိုင္တယ္လို႔ ၿဗိတိန္နာမည္ေက်ာ္သတင္းစာ Daily Mail က ေဖာ္ျပခဲ့ပါတယ္။ အခုေလာေလာဆယ္ ပရီးမီးယားလိဂ္မွာ စံခ်ိန္တင္လစာေပးေခ်ေနရတာက ယူႏိုက္တက္ရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းျဖစ္ၿပီး အခုႏွစ္အစပိုင္းမွာ ထုတ္ျပန္ခဲ့တဲ့ ၂၀၁၉-၂၀ ဘ႑ာေရးအေျခအေနအရ လစာေငြအျဖစ္ ေပါင္(၃၅၁)သန္းအထိအသုံးျပဳေနရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ယူႏိုက္တက္အသင္းရဲ႕လစာေငြအသုံးစရိတ္ဟာ ေပါင္(၃၂၂)သန္းအထိျမင့္တက္လာေပမယ့္ မန္စီးတီးအသင္းေအာက္မွာသာရွိခဲ့ၿပီး ဒီရာသီမွာေတာ့ (၂၀%)အထိ ထပ္ၿပီးျမင့္တက္လာဖို႔ရွိတယ္လို႔ အသင္းရဲ႕ဘ႑ာေရးအႀကီးအကဲျဖစ္သူ ကလစ္ဖ္ဘက္တီက ခန႔္မွန္းခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း ဆန္ခ်ိဳ၊ ဗာရန္း၊ စီေရာ္နယ္လ္ဒိုစတဲ့ နာမည္ေက်ာ္ကစားသမားေတြကို ေခၚယူခဲ့ၿပီး သူတို႔အတြက္ ျမင့္မားတဲ့လစာေငြေပးေခ်ရမွာျဖစ္တာေၾကာင့္ လစာေငြပမာဏက မႏွစ္ကထက္ ပိုမ်ားလာဖို႔ရွိေနတာပါ။

ဒီကစားသမား(၃)ဦးထဲမွာ စီေရာ္နယ္လ္ဒိုရဲ႕လစာေငြက အမ်ားဆုံးျဖစ္ႏိုင္တယ္လို႔ ယူဆရမွာျဖစ္ၿပီး စီေရာ္နယ္လ္ဒိုအတြက္ ယူႏိုက္တက္အသင္း ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း(၂၀)ေလာက္သာသုံးခဲ့ရေပမယ့္ လစာေငြက ပရီးမီးယားလိဂ္မွာအမ်ားဆုံးပမာဏျဖစ္ဖို႔ရွိေနပါတယ္။ အဲဒါေၾကာင့္ ကစားသမားသစ္(၃)ဦးရဲ႕စုစုေပါင္းလစာေငြပမာဏက (၁)ႏွစ္ကို ေပါင္(၆၄)သန္းအထိရွိႏိုင္တာေၾကာင့္ လာမယ့္ႏွစ္က်ရင္ ဘ႑ာေရးစာရင္းထုတ္ျပန္တဲ့အခါ လစာေငြအသုံးစရိတ္က မန္စီးတီးအသင္းထက္ ပိုမ်ားသြားမယ့္အေနအထားပါပဲ။

ယူႏိုက္တက္အသင္းရဲ႕ လစာေငြအသုံးစရိတ္ပမာဏက ျမင့္တက္လာေပမယ့္ ၿပီးခဲ့တဲ့ဘ႑ာေရးႏွစ္မွာေတာ့ အသင္းက ေပါင္(၉၂)သန္းအရႈံးေပၚခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ကိုဗစ္ေရာဂါဆိုးေၾကာင့္ ယူႏိုက္တက္အသင္းရဲ႕ေၾကာ္ျငာနဲ႔စပြန္ဆာေၾကးေတြကေနရရွိတဲ့ ဝင္ေငြက ေပါင္(၄၇)သန္းေလ်ာ့နည္းခဲ့သလို ကြင္းဝင္ေၾကးရရွိမႈကလည္း ေပါင္(၇.၁)သန္းသာရွိခဲ့တာအပါအဝင္ စုစုေပါင္းေပါင္(၉၂.၂)သန္း အရႈံးေပၚခဲ့တာပဲျဖစ္ပါတယ္။