ကစားသမားတစ်ယောက် ထွက်တော့မယ်ဆိုတာ အတည်ပြုတဲ့ ဂွာဒီယိုလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက သူ့အကြိုက်ဆုံးနောက်ခံလူ အဲရစ်ဂါစီယာဟာ အသင်းကနေထွက်ခွာတော့မယ်လို့

ကာရာဘောင်ဖလားဖိုင်နယ်ပွဲအပြီးမှာ အတည်ပြုပြောဆိုလာခဲ့ပါတယ်။

ဂါစီယာနဲ့ မန်စီးတီးတို့စာချုပ်သက်တမ်းက နွေရာသီမှာကုန်ဆုံးမှာဖြစ်ပါတယ်။

နည်းပြ ဂွာဒီယိုလာ ကတော့ ကာရာဘောင်ဖလားဖိုင်နယ်ပွဲလူစာရင်းမှာ ဂါစီယာကိုပါဝင်စေချင်ပေမယ့်

ကစားသမားက ဘာစီလိုနာကိုပြောင်းဖို့သာ လုပ်ဆောင်နေပါတယ်။

ယမန်နေ့ကတော့ ဂွာဒီယိုလာဟာ ဆုဖလားပိုက်ပြီးမှတ်တမ်းကောင်းသိမ်းပိုက်သွားခဲ့ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ဝင်ဘလေကွင်းကြီးမှာယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ စပါးအသင်းကိုလာပေါ့တ်ရဲ့

တစ်လုံးတည်းသောသွင်းဂိုးနဲ့အနိုင်ရခဲ့ပြီးနည်းပြဂွါဒီယိုလာအနေနဲ့နည်းပြဘဝ၂၅ခုမြောက်အဓိကဆုဖလားကိုရယူနိုင်ခဲ့ပါတယ်။

ဂွာဒီယိုလာက’အခုဆုဖလားထပ်ရတာကကောင်းပါတယ်။

ကျွန်တော်ကဘာစီလိုနာ၊ဘိုင်ယန်မြူးနစ်၊မန်စီးတီး စတဲ့အသင်းကြီးတွေပဲကိုင်တွယ်ခဲ့တာကြောင့်ဆုဖလားရဖို့ပိုလွယ်ခဲ့ပါတယ်။

ကျွန်တော်တို့ဒီပြိုင်ပွဲမှာ၄ကြိမ်ချန်ပီယံဖြစ်ခဲ့တဲ့အတွက်အတိုင်းမသိဝမ်းသာပါတယ်။

ကျွန်တော်တို့အခွင့်အရေးများစွာဖန်တီးနိုင်ခဲ့ပြီးပွဲကိုအနိုင်ရဖို့ကြိုးစားခဲ့ပါတယ်’ ဆိုပြီးပြောပါတယ်။

နည်းပြဂွါဒီယိုလာဟာကာရာဘောင်ဖလားကို၄နှစ်ဆက်ရယူနိုင်ခဲ့တဲ့ပထမဆုံးနည်းပြအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi Version

ကစားသမားတစ္ေယာက္ ထြက္ေတာ့မယ္ဆိုတာ အတည္ျပဳတဲ့ ဂြာဒီယုိလာ

မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက သူ႔အႀကိဳက္ဆုံးေနာက္ခံလူ အဲရစ္ဂါစီယာဟာ

အသင္းကေနထြက္ခြာေတာ့မယ္လို႔ ကာရာေဘာင္ဖလားဖိုင္နယ္ပြဲအၿပီးမွာ အတည္ျပဳေျပာဆိုလာခဲ့ပါတယ္။

ဂါစီယာနဲ႔ မန္စီးတီးတို႔စာခ်ဳပ္သက္တမ္းက ေႏြရာသီမွာကုန္ဆုံးမွာျဖစ္ပါတယ္။

နည္းျပ ဂြာဒီယုိလာ ကေတာ့ ကာရာေဘာင္ဖလားဖိုင္နယ္ပြဲလူစာရင္းမွာ ဂါစီယာကိုပါဝင္ေစခ်င္ေပမယ့္

ကစားသမားက ဘာစီလိုနာကိုေျပာင္းဖို႔သာ လုပ္ေဆာင္ေနပါတယ္။

ယမန္ေန႔ကေတာ့ ဂြာဒီယုိလာဟာ ဆုဖလားပိုက္ၿပီးမွတ္တမ္းေကာင္းသိမ္းပိုက္သြားခဲ့ပါတယ္။

မန္စီးတီးအသင္းအေနနဲ႔ဝင္ဘေလကြင္းႀကီးမွာယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွ

ာ စပါးအသင္းကိုလာေပါ့တ္ရဲ့တစ္လုံးတည္းေသာသြင္းဂိုးနဲ႔အနိုင္ရခဲ့ၿပီးနည္းျပဂြါဒီယိုလာအေနနဲ႔

နည္းျပဘဝ၂၅ခုေျမာက္အဓိကဆုဖလားကိုရယူနိုင္ခဲ့ပါတယ္။

ဂြာဒီယုိလာက’အခုဆုဖလားထပ္ရတာကေကာင္းပါတယ္။ကၽြန္ေတာ္ကဘာစီလိုနာ၊

ဘိုင္ယန္ျမဴးနစ္၊မန္စီးတီး စတဲ့အသင္းႀကီးေတြပဲကိုင္တြယ္ခဲ့တာေၾကာင့္ဆုဖလားရဖို့ပိုလြယ္ခဲ့ပါတယ္။

ကၽြန္ေတာ္တို့ဒီၿပိဳင္ပြဲမွာ၄ႀကိမ္ခ်န္ပီယံျဖစ္ခဲ့တဲ့အတြက္အတိုင္းမသိဝမ္းသာပါတယ္။

ကၽြန္ေတာ္တို့အခြင့္အေရးမ်ားစြာဖန္တီးနိုင္ခဲ့ၿပီးပြဲကိုအနိုင္ရဖို့ႀကိဳးစားခဲ့ပါတယ္’ ဆိုၿပီးေျပာပါတယ္။

နည္းျပဂြါဒီယိုလာဟာကာရာေဘာင္ဖလားကို၄ႏွစ္ဆက္ရယူနိုင္ခဲ့တဲ့ပထမဆုံးနည္းျပအျဖစ္မွတ္တမ္းဝင္သြားခဲ့ၿပီျဖစ္ပါတယ္။