ကစားဖော်မာတာရဲ့ချီးကျူးမှုကိုရခဲ့တဲ့ ဗန်ဒီဘိခ်ရဲ့နောက်ပေါက်နဲ့ဂိုးဖန်တီးမှု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

တစ်ပတ်အတွင်းမှာပဲ ဘရိုက်တန်ကို ဒုတိယအကြိမ်အနိုင်ရမှုမှာတော့ မန်ယူအသင်းဟာ ပြဇာတ်ဆန်တဲ့ VAR ကြားဝင်မှုအပေါ် မှီခိုရခြင်းမရှိတော့ပါဘူး။ ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အဲဒီကာရာဘောင်းဖလားပွဲမှာ မန်ယူဟာ တွမ်မီနေး၊ မာတာနဲ့ ပေ့ါဂ်ဘာတို့ရဲ့ဂိုးတွေနဲ့အနိုင်ရခဲ့တာပါ။

အဲဒီထဲက မာတာသွင်းတဲ့ ဒုတိယဂိုးမှာတော့ ကွင်းလယ်လူဗန်ဒီဘိခ်ရဲ့ဖန်တီးပေးမှုဟာ အသင်းပရိသတ်တွေအတွက် ကျေနပ်အားရစရာဖြစ်စေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ မာတာသွင်းမယ့်ဂိုးကို နောက်ပေါက်နဲ့ ဖန်တီးပေးလိုက်တာပါ။

https://twitter.com/i/status/1311400025574928384

အဲဒီနယ်သာလန်သားဟာ ပရီးမီးယားလိဂ်မှာ မန်ယူအတွက် တစ်ပွဲမှ ပွဲထွက်ရခြင်းမရှိသေးပေမယ့် ကလပ်အတွက် official သွင်းဂိုး ၁ ဂိုးနဲ့ official ဂိုးဖန်တီးမှု ၁ ကြိမ်ရှိသွားခဲ့ပါပြီ။ သူ့ရဲ့စကေးကျကျဖန်တီးမှုကနေ ဂိုးသွင်းခဲ့တဲ့မာတာကလည်း ပွဲအပြီးမှာ ဗန်ဒီဘိခ်ကို ချီးကျူးစကားဆိုခဲ့ပါတယ်။

 

”အရမ်းကိုလိမ္မာပါးနပ်တဲ့ဂိုးဖန်တီးမှုတစ်ခုပါပဲ။ သူဟာ အရမ်းလည်း လိမ္မာပါးနပ်တဲ့ကစားသမားတစ်ယောက်ပါ။ သူနဲ့ကစားရတာကို ကျွန်တော်ပျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက နေရာလွတ်တွေရှာတတ်ပါတယ်။ ကျွန်တော်ကြိုက်တဲ့နည်းလမ်းနဲ့ သူက ဘောလုံးကိုနားလည်တာပါ။ သူဟာ နေရာမှန်မှာလည်း အမြဲရှိနေတတ်တာပါ”လို့ မာတာက သူ့အသင်းဖော်နဲ့ပတ်သက်ပြီး ချီးကျူးခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ကစားေဖာ္မာတာရဲ႕ခ်ီးက်ဴးမႈကိုရခဲ့တဲ့ ဗန္ဒီဘိခ္ရဲ႕ေနာက္ေပါက္နဲ႔ဂိုးဖန္တီးမႈ

တစ္ပတ္အတြင္းမွာပဲ ဘရိုက္တန္ကို ဒုတိယအႀကိမ္အႏိုင္ရမႈမွာေတာ့ မန္ယူအသင္းဟာ ျပဇာတ္ဆန္တဲ့ VAR ၾကား၀င္မႈအေပၚ မွီခိုရျခင္းမရွိေတာ့ပါဘူး။ ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ အဲဒီကာရာေဘာင္းဖလားပြဲမွာ မန္ယူဟာ တြမ္မီေနး၊ မာတာနဲ႔ ေပ့ါဂ္ဘာတုိ႔ရဲ႕ဂိုးေတြနဲ႔အႏိုင္ရခဲ့တာပါ။

အဲဒီထဲက မာတာသြင္းတဲ့ ဒုတိယဂိုးမွာေတာ့ ကြင္းလယ္လူဗန္ဒီဘိခ္ရဲ႕ဖန္တီးေပးမႈဟာ အသင္းပရိသတ္ေတြအတြက္ ေက်နပ္အားရစရာျဖစ္ေစခဲ့ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူဟာ မာတာသြင္းမယ့္ဂိုးကို ေနာက္ေပါက္နဲ႔ ဖန္တီးေပးလိုက္တာပါ။

အဲဒီနယ္သာလန္သားဟာ ပရီးမီးယားလိဂ္မွာ မန္ယူအတြက္ တစ္ပြဲမွ ပြဲထြက္ရျခင္းမရွိေသးေပမယ့္ ကလပ္အတြက္ official သြင္းဂိုး ၁ ဂိုးနဲ႔ official ဂိုးဖန္တီးမႈ ၁ ႀကိမ္ရွိသြားခဲ့ပါၿပီ။ သူ႔ရဲ႕စေကးက်က်ဖန္တီးမႈကေန ဂိုးသြင္းခဲ့တ့ဲမာတာကလည္း ပြဲအၿပီးမွာ ဗန္ဒီဘိခ္ကို ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။

”အရမ္းကုိလိမၼာပါးနပ္တဲ့ဂိုးဖန္တီးမႈတစ္ခုပါပဲ။ သူဟာ အရမ္းလည္း လိမၼာပါးနပ္တဲ့ကစားသမားတစ္ေယာက္ပါ။ သူနဲ႔ကစားရတာကို ကၽြန္ေတာ္ေပ်ာ္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူက ေနရာလြတ္ေတြရွာတတ္ပါတယ္။ ကၽြန္ေတာ္ႀကိဳက္တဲ့နည္းလမ္းနဲ႔ သူက ေဘာလုံးကိုနားလည္တာပါ။ သူဟာ ေနရာမွန္မွာလည္း အၿမဲရွိေနတတ္တာပါ”လို႔ မာတာက သူ႔အသင္းေဖာ္နဲ႔ပတ္သက္ၿပီး ခ်ီးက်ဴးခဲ့တာပါ။