

ကြားရက်ယူရိုပါလိဂ်ပွဲစဉ်မှာ ပေါ်တူဂီကလပ်ဗစ်တိုးရီးယားဂူမာရက်စ်ကို သရေသာကစားနိုင်ခဲ့တဲ့ အာဆင်နယ်အတွက် နောက်ထပ်စိတ်ပျက်စရာပွဲစဉ်တစ်ပွဲအဖြစ် ကင်းပါဝါမှာ လက်စတာကို ၂ဂိုးပြတ် အရှုံးပေးခဲ့ရပါတယ်။နည်းပြအမ်မရီဟာ ဂူမာရက်စ်နဲ့ပွဲကလူစာရင်းကို အပြောင်းအလဲအများကြီးလုပ်ပြီး အူဘာမီယန်း၊အိုဇေးလ်၊လာကာဇက်တီနဲ့ဂန်ဒူဇီတို့ကို ပွဲထွက်စာရင်းမှာအသုံးပြုခဲ့ပေမယ့် ခြေစွမ်းကတော့ ကြီးမားတဲ့အပြောင်းအလဲမဖြစ်ခဲ့ပါဘူး။

ဒီနေ့ပွဲစဉ်မှာ အာဆင်နယ်ဟာ ဒုတိယအကောင်းဆုံးအသင်းသာဖြစ်ခဲ့တာကြောင့် မြေခွေးတွေရဲ့ချေမှုန်းခြင်းခံလိုက်ရတာလည်း အံ့သြစရာမရှိပါဘူး။၆၈မိနစ်မှာ လက်စတာတိုက်စစ်မှူးဗာဒီက သူ့ရဲ့ဒီရာသီ ၁၁ဂိုးမြောက်အဖြစ် ဦးဆောင်ဂိုးသွင်းယူသွားသလို ၇မိနစ်အကြာမှာ မက်ဒီဆင်က ပွဲသိမ်းဂိုးသွင်းနိုင်ခဲ့ပါတယ်။အာဆင်နယ် ဘာကြောင့် လက်စတာကိုရှုံးခဲ့တာလည်းဆိုတဲ့ အကြောင်းတရား ၃ရပ်ကိုဆက်ပြီး လေ့လာကြည့်ရအောင်…

လက်စတာရဲ့ရေနွေးငွေ့အင်ဂျင်
မြေခွေးတွေဟာ ရေနွေးငွေ့အင်ဂျင်တစ်ခုလို တဖြည်းဖြည်းနဲ့အရှိန်ရလာပြီး မရပ်မနားခုတ်မောင်းနေတယ်။အာဆင်နယ်နဲ့ပွဲမတိုင်ခင်ကတည်းက သူတို့ဟာ ပြိုင်ပွဲစုံ ၄ပွဲဆက်အနိုင်ကစားပြီး ထူးချွန်ထက်မြက်တဲ့အသင်းတစ်သင်းဆိုတာ သက်သေပြခဲ့ပြီးပါပြီ။အခုဆိုရင် လက်စတာဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယနေရာကိုတက်ရောက်နိုင်ခဲ့ပြီဖြစ်သလို အသားတင်ဂိုးရလဒ် +၂၁ ဆိုတဲ့ အနေအထားက မန်စီးတီးပြီးရင် အမြင့်ဆုံးစွမ်းဆောင်မှုဖြစ်နေပါတယ်။နည်းပြဘရန်ဒန်ရော်ဂျာဟာ လက်စတာကို ထူးခြားတဲ့ဘောလုံးကစားဟန်တစ်ခုဖန်ဆင်းပေးနိုင်ခဲ့တယ်။

လက်စတာဟာ ဒေးဗစ်လုဇ်ရဲ့အမှားအယွင်းတွေကနေ မက်ဒီဆင်၊ပီရက်ဇ်၊ဘားနက်စ်တို့ရဲ့ အခွင့်အရေးတွေနဲ့ ပထမပိုင်းမှာတင် ဂိုးတွေရဖို့နီးစပ်ခဲ့တာပါ။ဒုတိယပိုင်းအစမှာ အန်ဒီဒီရဲ့ကန်ချက်ဂိုးဘားတန်းထိသွားခဲ့တာကြောင့် ဒီည လက်စတာကံခေပြီလို့ ထင်မှတ်ခဲ့ရပေမယ့် ဗာဒီ၊မက်ဒီဆင်တို့ရဲ့ ဂိုးတွေနဲ့အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ဒီဂိုးတွေဟာ အာဆင်နယ်ခံစစ်ပိုင်း လူကပ်တာအားနည်းမှုကြောင့် ပေးလိုက်ရတဲ့ဂိုးတွေချည်းပါပဲ။

အမ်မရီလက်ထက်မှာ အထိန်းအကွပ်မဲ့နေတဲ့ အာဆင်နယ်
အူနိုင်းအမ်မရီဟာ လက်ရှိအချိန်မှာ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံးနည်းပြဖြစ်နေပါပြီ။ဒါပေမဲ့ စပိန်သားနည်းပြအပေါ် ဝေဖန်မှုတွေဟာ မမျှတဘူးလို့ပြောဖို့လည်း ခက်နေပါတယ်။ယူရိုပါလိဂ်ပွဲစဉ်မှာ သူတို့ရဲ့တစ်ကြိမ်တည်းသော ဂိုးပေါက်တည့်မှုကနေ ဂိုးရခဲ့တာဖြစ်သလို ဒီနေ့ပွဲမှာလည်း ဂိုးပေါက်တစ်ကြိမ်သာတည့်ခဲ့တာဟာ အံ့အားသင့်ဖို့တောင် ခက်နေပါတယ်။လာကာဇက်တီရဲ့ကန်ချက် ဂိုးဘေးမထွက်ခင်အထိ သူတို့ရဲ့ပထမပိုင်းတိုက်စစ်ကစားပုံဟာ ထိရောက်မှုမရှိခဲ့သလို အိုဇေးလ်နဲ့အူဘာမီယန်းတို့ကလည်း ပိုကောင်းအောင်မလုပ်နိုင်ခဲ့ပါဘူး။

ခံစစ်ပိုင်းကလည်း မလိုလားအပ်တဲ့ အမှားအယွင်းတွေဆက်လက်ကျူးလွန်နေခဲ့တယ်။အမ်မရီအနေနဲ့ သူလုပ်နိုင်တာအားလုံး လက်ရှိအချိန်မှာ ပုံအောကြိုးစားနေပုံရပါတယ်။ကစားသမားတွေပြောင်းတယ်၊နည်းဗျူဟာနဲ့လူထုတ်ပုံတွေပြောင်းတယ်။လူငယ်တွေနဲ့သွေးသစ်လောင်းဖို့ကြိုးစားတယ်။ဒါပေမဲ့ ဂန်းနားတွေဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် ထိပ်ဆုံး ၄နေရာနဲ့ ၈မှတ်တောင်ကွာဟနေပါပြီ။အောက်တိုဘာလ ၆ရက်နေ့ကစပြီး လိဂ်နိုင်ပွဲပျောက်ခဲ့ပါတယ်။မော်ရင်ညိုနဲ့ ကောလာဟလတွေထွက်နေသလို အာဆင်နယ်ရဲ့အနေအထားက တကယ်လည်း ပြောင်းလဲချိန်တန်နေပြီလို့သာ ဆိုရတော့မှာပါ။

ပီပီကိုဖယ်ထားတာဟာ ဆုံးဖြတ်ချက်အမှားတစ်ခု
အမ်မရီရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာအများကြီးရှိနေပါတယ်။ဒီထဲမှာ ရှာကာကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားလိုက်တာဟာ အုတ်အုတ်ကျက်ကျက်ဖြစ်စေခဲ့သလို အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ထားတဲ့ ပီပီကို အရန်ခုံပို့ထားတာကလည်း တစ်နေ့မှာ ခေါင်းခြောက်စရာအကောင်းဆုံးပုစ္ဆာတစ်ခုဖြစ်လာဖို့ရှိနေပါတယ်။ပီပီဟာ မျှော်လင့်ထားသလောက် လုပ်မပြနိုင်ခဲ့တာသေချာပါတယ်။ဒါပေမဲ့ ပြင်သစ်သားလေးမှာ အရည်အသွေးကောင်းတွေရှိနေတာတော့ ထင်ရှားပါတယ်။သူ့အနေနဲ့ တဖြည်းဖြည်းအသားကျတိုးတက်လာဖို့လည်း ရှိနေပါတယ်။ဂူမာရက်စ်နဲ့ပွဲစဉ်မှာ ပီပီရဲ့အပြစ်အနာအဆာကင်းတဲ့ ဖရီးကစ်ကန်ချက်ကနေ နောက်ခံလူမူစတာဖီက ခေါင်းတိုက်ဂိုးသွင်းနိုင်ခဲ့တာပါ။

ဒီနေ့မှာ အမ်မရီရဲ့ ၃-၅-၂ ပုံစံကစားဖို့ဆုံးဖြတ်ခဲ့ခြင်းဟာ ဘန်ချီဝဲလ်နဲ့ရီကာဒိုပါရဲရားတို့ရဲ့လက်စတာခံစစ်စိုးမိုးမှုကိုဖျက်ဆီးဖို့ရည်ရွယ်ခဲ့ပုံရပါတယ်။ဒုတိယပိုင်းမှာ ပီပီကိုထည့်ပြီး ၃-၄-၃ ပုံစံပြောင်းတိုက်စေခဲ့တာကလည်း ပါးနပ်တဲ့စိတ်ကူးမျိုးမဟုတ်ခဲ့ပါဘူး။ပြင်သစ်သားကို ၁၄မိနစ်လောက်သာ ကစားစေခဲ့တာဟာ သိပ်ပြီးမျှော်လင့်ချက်ထားလို့မရတဲ့အနေအထားမျိုးဖြစ်ခဲ့ပါတယ်။အမ်မရီအနေနဲ့ သူ့ရဲ့အကောင်းဆုံးအသင်းကို ရှာမတွေ့နိုင်သေးဘူးလို့ ခံစားရသလို ဒါဟာစိုးရိမ်စရာလည်းဖြစ်နေပါတယ်။အထူးသဖြင့် ပီပီလိုကစားသမားမျိုးကို အရန်ခုံပို့ဖို့ကြိုးစားခြင်းဟာ မိုက်မဲမှုတစ်ခုလို့ ဆိုရပါလိမ့်မယ်။
(zawgyi)
ၾကားရက္ယူရိုပါလိဂ္ပြဲစဥ္မွာ ေပၚတူဂီကလပ္ဗစ္တိုးရီးယားဂူမာရက္စ္ကို သေရသာကစားႏိုင္ခဲ့တဲ့ အာဆင္နယ္အတြက္ ေနာက္ထပ္စိတ္ပ်က္စရာပြဲစဥ္တစ္ပြဲအျဖစ္ ကင္းပါ၀ါမွာ လက္စတာကို ၂ဂိုးျပတ္ အရံႈးေပးခဲ့ရပါတယ္။နည္းျပအမ္မရီဟာ ဂူမာရက္စ္နဲ႔ပြဲကလူစာရင္းကို အေျပာင္းအလဲအမ်ားႀကီးလုပ္ၿပီး အူဘာမီယန္း၊အိုေဇးလ္၊လာကာဇက္တီနဲ႔ဂန္ဒူဇီတို႔ကို ပြဲထြက္စာရင္းမွာအသံုးျပဳခဲ့ေပမယ့္ ေျခစြမ္းကေတာ့ ႀကီးမားတဲ့အေျပာင္းအလဲမျဖစ္ခဲ့ပါဘူး။ဒီေန႔ပြဲစဥ္မွာ အာဆင္နယ္ဟာ ဒုတိယအေကာင္းဆံုးအသင္းသာျဖစ္ခဲ့တာေၾကာင့္ ေျမေခြးေတြရဲ႕ေခ်မႈန္းျခင္းခံလိုက္ရတာလည္း အံ့ၾသစရာမရွိပါဘူး။၆၈မိနစ္မွာ လက္စတာတိုက္စစ္မွဴးဗာဒီက သူ႔ရဲ႕ဒီရာသီ ၁၁ဂိုးေျမာက္အျဖစ္ ဦးေဆာင္ဂိုးသြင္းယူသြားသလို ၇မိနစ္အၾကာမွာ မက္ဒီဆင္က ပြဲသိမ္းဂိုးသြင္းႏိုင္ခဲ့ပါတယ္။အာဆင္နယ္ ဘာေၾကာင့္ လက္စတာကိုရံႈးခဲ့တာလည္းဆိုတဲ့ အေၾကာင္းတရား ၃ရပ္ကိုဆက္ၿပီး ေလ့လာၾကည့္ရေအာင္…
လက္စတာရဲ႕ေရေႏြးေငြ႔အင္ဂ်င္
ေျမေခြးေတြဟာ ေရေႏြးေငြ႔အင္ဂ်င္တစ္ခုလို တျဖည္းျဖည္းနဲ႔အရွိန္ရလာၿပီး မရပ္မနားခုတ္ေမာင္းေနတယ္။အာဆင္နယ္နဲ႔ပြဲမတိုင္ခင္ကတည္းက သူတို႔ဟာ ၿပိဳင္ပြဲစံု ၄ပြဲဆက္အႏိုင္ကစားၿပီး ထူးခၽြန္ထက္ျမက္တဲ့အသင္းတစ္သင္းဆိုတာ သက္ေသျပခဲ့ၿပီးပါၿပီ။အခုဆိုရင္ လက္စတာဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ဒုတိယေနရာကိုတက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္သလို အသားတင္ဂိုးရလဒ္ +၂၁ ဆိုတဲ့ အေနအထားက မန္စီးတီးၿပီးရင္ အျမင့္ဆံုးစြမ္းေဆာင္မႈျဖစ္ေနပါတယ္။နည္းျပဘရန္ဒန္ေရာ္ဂ်ာဟာ လက္စတာကို ထူးျခားတဲ့ေဘာလံုးကစားဟန္တစ္ခုဖန္ဆင္းေပးႏိုင္ခဲ့တယ္။လက္စတာဟာ ေဒးဗစ္လုဇ္ရဲ႕အမွားအယြင္းေတြကေန မက္ဒီဆင္၊ပီရက္ဇ္၊ဘားနက္စ္တို႔ရဲ႕ အခြင့္အေရးေတြနဲ႔ ပထမပိုင္းမွာတင္ ဂိုးေတြရဖို႔နီးစပ္ခဲ့တာပါ။ဒုတိယပိုင္းအစမွာ အန္ဒီဒီရဲ႕ကန္ခ်က္ဂိုးဘားတန္းထိသြားခဲ့တာေၾကာင့္ ဒီည လက္စတာကံေခၿပီလို႔ ထင္မွတ္ခဲ့ရေပမယ့္ ဗာဒီ၊မက္ဒီဆင္တို႔ရဲ႕ ဂိုးေတြနဲ႔အႏိုင္ရေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ဒီဂိုးေတြဟာ အာဆင္နယ္ခံစစ္ပိုင္း လူကပ္တာအားနည္းမႈေၾကာင့္ ေပးလိုက္ရတဲ့ဂိုးေတြခ်ည္းပါပဲ။
အမ္မရီလက္ထက္မွာ အထိန္းအကြပ္မဲ့ေနတဲ့ အာဆင္နယ္
အူႏိုင္းအမ္မရီဟာ လက္ရွိအခ်ိန္မွာ ထုတ္ပယ္ခံရဖို႔ ေရပန္းအစားဆံုးနည္းျပျဖစ္ေနပါၿပီ။ဒါေပမဲ့ စပိန္သားနည္းျပအေပၚ ေ၀ဖန္မႈေတြဟာ မမွ်တဘူးလို႔ေျပာဖို႔လည္း ခက္ေနပါတယ္။ယူရိုပါလိဂ္ပြဲစဥ္မွာ သူတို႔ရဲ႕တစ္ႀကိမ္တည္းေသာ ဂိုးေပါက္တည့္မႈကေန ဂိုးရခဲ့တာျဖစ္သလို ဒီေန႔ပြဲမွာလည္း ဂိုးေပါက္တစ္ႀကိမ္သာတည့္ခဲ့တာဟာ အံ့အားသင့္ဖို႔ေတာင္ ခက္ေနပါတယ္။လာကာဇက္တီရဲ႕ကန္ခ်က္ ဂိုးေဘးမထြက္ခင္အထိ သူတို႔ရဲ႕ပထမပိုင္းတိုက္စစ္ကစားပံုဟာ ထိေရာက္မႈမရွိခဲ့သလို အိုေဇးလ္နဲ႔အူဘာမီယန္းတို႔ကလည္း ပိုေကာင္းေအာင္မလုပ္ႏိုင္ခဲ့ပါဘူး။ခံစစ္ပိုင္းကလည္း မလိုလားအပ္တဲ့ အမွားအယြင္းေတြဆက္လက္က်ဴးလြန္ေနခဲ့တယ္။အမ္မရီအေနနဲ႔ သူလုပ္ႏိုင္တာအားလံုး လက္ရွိအခ်ိန္မွာ ပံုေအာႀကိဳးစားေနပံုရပါတယ္။ကစားသမားေတြေျပာင္းတယ္၊နည္းဗ်ဴဟာနဲ႔လူထုတ္ပံုေတြေျပာင္းတယ္။လူငယ္ေတြနဲ႔ေသြးသစ္ေလာင္းဖို႔ႀကိဳးစားတယ္။ဒါေပမဲ့ ဂန္းနားေတြဟာ ခ်န္ပီယံလိဂ္၀င္ခြင့္ရမယ့္ ထိပ္ဆံုး ၄ေနရာနဲ႔ ၈မွတ္ေတာင္ကြာဟေနပါၿပီ။ေအာက္တိုဘာလ ၆ရက္ေန႔ကစၿပီး လိဂ္ႏိုင္ပြဲေပ်ာက္ခဲ့ပါတယ္။ေမာ္ရင္ညိဳနဲ႔ ေကာလာဟလေတြထြက္ေနသလို အာဆင္နယ္ရဲ႕အေနအထားက တကယ္လည္း ေျပာင္းလဲခ်ိန္တန္ေနၿပီလို႔သာ ဆိုရေတာ့မွာပါ။
ပီပီကိုဖယ္ထားတာဟာ ဆံုးျဖတ္ခ်က္အမွားတစ္ခု
အမ္မရီရဲ႕ဆံုးျဖတ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္စရာအမ်ားႀကီးရွိေနပါတယ္။ဒီထဲမွာ ရွာကာကို အသင္းေခါင္းေဆာင္ရာထူးကေန ဖယ္ရွားလိုက္တာဟာ အုတ္အုတ္က်က္က်က္ျဖစ္ေစခဲ့သလို အသင္းရဲ႕စံခ်ိန္တင္ေျပာင္းေရႊ႔ေၾကးနဲ႔ေခၚထားတဲ့ ပီပီကို အရန္ခံုပို႔ထားတာကလည္း တစ္ေန႔မွာ ေခါင္းေျခာက္စရာအေကာင္းဆံုးပုစာၦတစ္ခုျဖစ္လာဖို႔ရွိေနပါတယ္။ပီပီဟာ ေမွ်ာ္လင့္ထားသေလာက္ လုပ္မျပႏိုင္ခဲ့တာေသခ်ာပါတယ္။ဒါေပမဲ့ ျပင္သစ္သားေလးမွာ အရည္အေသြးေကာင္းေတြရွိေနတာေတာ့ ထင္ရွားပါတယ္။သူ႔အေနနဲ႔ တျဖည္းျဖည္းအသားက်တိုးတက္လာဖို႔လည္း ရွိေနပါတယ္။ဂူမာရက္စ္နဲ႔ပြဲစဥ္မွာ ပီပီရဲ႕အျပစ္အနာအဆာကင္းတဲ့ ဖရီးကစ္ကန္ခ်က္ကေန ေနာက္ခံလူမူစတာဖီက ေခါင္းတိုက္ဂိုးသြင္းႏိုင္ခဲ့တာပါ။ဒီေန႔မွာ အမ္မရီရဲ႕ ၃-၅-၂ ပံုစံကစားဖို႔ဆံုးျဖတ္ခဲ့ျခင္းဟာ ဘန္ခ်ီ၀ဲလ္နဲ႔ရီကာဒိုပါရဲရားတို႔ရဲ႕လက္စတာခံစစ္စိုးမိုးမႈကိုဖ်က္ဆီးဖို႔ရည္ရြယ္ခဲ့ပံုရပါတယ္။ဒုတိယပိုင္းမွာ ပီပီကိုထည့္ၿပီး ၃-၄-၃ ပံုစံေျပာင္းတိုက္ေစခဲ့တာကလည္း ပါးနပ္တဲ့စိတ္ကူးမ်ိဳးမဟုတ္ခဲ့ပါဘူး။ျပင္သစ္သားကို ၁၄မိနစ္ေလာက္သာ ကစားေစခဲ့တာဟာ သိပ္ၿပီးေမွ်ာ္လင့္ခ်က္ထားလို႔မရတဲ့အေနအထားမ်ိဳးျဖစ္ခဲ့ပါတယ္။အမ္မရီအေနနဲ႔ သူ႔ရဲ႕အေကာင္းဆံုးအသင္းကို ရွာမေတြ႔ႏိုင္ေသးဘူးလို႔ ခံစားရသလို ဒါဟာစိုးရိမ္စရာလည္းျဖစ္ေနပါတယ္။အထူးသျဖင့္ ပီပီလိုကစားသမားမ်ိဳးကို အရန္ခံုပို႔ဖို႔ႀကိဳးစားျခင္းဟာ မိုက္မဲမႈတစ္ခုလို႔ ဆိုရပါလိမ့္မယ္။