ကင်ရဲ့ နျူကလိယ စီမံကိန်းကို ထောက်ပံ့ခဲ့လို အိမ်ပြန်ပို့ခံခဲ့ရတဲ့ မြောက်ကိုရီးယား “ ရော်နယ်ဒို”

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မြောက်ကိုရီးယား ‌ေရာ်နယ်ဒိုလို့ လူသိများတဲ့ ဘောလုံးသမားဟာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ရဲ့ အရေးယူပိတ်ဆို့မှုကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိမ်ပြန်ပို့ခံခဲ့ရပါတယ်။ အသက် ( ၂၂ ) နှစ်အရွယ် ဂျူဗင်တပ် တိုက်စစ်မှူးဟောင်း ဟန်ကွမ်ဆောင်ဟာ မကြာသေးမီက ကာတာကလပ် AI – Duhail အသင်းမှာ ကစားနေစဥ် လုပ်ခလစာ ယူရို ( ၈၀ ၀၀၀ ) ထဲမှ အများစုကို ကင်ဂျူံအမ်ရဲ့ နျူကလိယ အစီအစဥ်သို့ ထောက်ပံ့ခဲ့တယ်လို့ ကျွမ်းကျင်သူများက ယုံကြည်ခဲ့ကြပါတယ်။

အီတလီ စီးရီးအေမှာ သွင်းဂိုးရယူနိုင်ခဲ့တဲ့ ပထမဆုံးမြောက်ကိုရီးယားနိုင်ငံသားဖြစ်တဲ့ ဟန်ဟာ တောက်ပလာမယ့် လူငယ်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံခဲ့ရပြီး လီဗာပူး ၊ မန်စီးတီး ၊ အာဆင်နယ် ၊ နှင့် အဲဗာတန်အသင်းတွေထံ ပြောင်းရွေ့ဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် AI-Duhail အသင်းက ပေါင် သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ကျွမ်းကျင်သူများက The Sun သတင်းစာနဲ့ တွေ့ဆုံရာမှာ ဟန်ဟာ ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုကို ချိုးဖောက်ပြီး လစာတွေထဲက အများစုကို မြောက်ကိုရီးယား အစိုးရရဲ့ စီမံကိန်းကိုထောက်ပံ့ဖို့ ဖိအားပေးခြင်းခံခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

King’s College London ရဲ့ နိုင်ငံတကာဆက်ဆံရေးဌာန တွဲဖက်ပါမောက္ခဖြစ်သူ Dr Ramon Pacheco Pardo က “ သူ့ရဲ့ လစာအများစုက အစိုးရကို‌ ထောက်ပံံခဲ့ပါတယ်။ ဘောလုံးသမားက နေထိုင်စရိတ်အတွက် သူ့လစာရဲ့ အစိတ်အပိုင်း အနည်းငယ်ကိုသာ ထိန်းသိမ်းခွင့်ရပါတယ်” လို့ ဆိုခဲ့ပါတယ်။

ဟန်ဟာ ပြုံးယမ်းမြို့ အလုပ်သမား လူတန်းစား မိသားစုကနေ ပေါက်ဖွားလာခဲ့ပြီး‌ မေွးရပ်မြေမှ FC Chobyong အသင်းနဲ့ မပူးပေါင်းမီ ဘာစီလိုနာ အကယ်ဒမီမှာ ကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကင္ရဲ႕ န်ဴကလိယ စီမံကိန္းကို ေထာက္ပံ့ခဲ့လို အိမ္ျပန္ပို႔ခံခဲ့ရတဲ့ ေျမာက္ကိုရီးယား “ ေရာ္နယ္ဒို”

ေျမာက္ကိုရီးယား ‌ေရာ္နယ္ဒိုလို႔ လူသိမ်ားတဲ့ ေဘာလုံးသမားဟာ ကမာၻ႔ကုလသမဂၢ အဖြဲ႕ရဲ႕ အေရးယူပိတ္ဆို႔မႈကို ခ်ိဳးေဖာက္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အိမ္ျပန္ပို႔ခံခဲ့ရပါတယ္။ အသက္ ( ၂၂ ) ႏွစ္အ႐ြယ္ ဂ်ဴဗင္တပ္ တိုက္စစ္မႉးေဟာင္း ဟန္ကြမ္ေဆာင္ဟာ မၾကာေသးမီက ကာတာကလပ္ AI – Duhail အသင္းမွာ ကစားေနစဥ္ လုပ္ခလစာ ယူ႐ို ( ၈၀ ၀၀၀ ) ထဲမွ အမ်ားစုကို ကင္ဂ်ဴံအမ္ရဲ႕ န်ဴကလိယ အစီအစဥ္သို႔ ေထာက္ပံ့ခဲ့တယ္လို႔ ကြၽမ္းက်င္သူမ်ားက ယုံၾကည္ခဲ့ၾကပါတယ္။

အီတလီ စီးရီးေအမွာ သြင္းဂိုးရယူႏိုင္ခဲ့တဲ့ ပထမဆုံးေျမာက္ကိုရီးယားႏိုင္ငံသားျဖစ္တဲ့ ဟန္ဟာ ေတာက္ပလာမယ့္ လူငယ္ၾကယ္ပြင့္အျဖစ္ သတ္မွတ္ခံခဲ့ရၿပီး လီဗာပူး ၊ မန္စီးတီး ၊ အာဆင္နယ္ ၊ ႏွင့္ အဲဗာတန္အသင္းေတြထံ ေျပာင္းေ႐ြ႕ဖို႔ ခ်ိတ္ဆက္မႈေတြရွိခဲ့ပါတယ္။ ဒါေပမယ့္ AI-Duhail အသင္းက ေပါင္ သန္းေပါင္းမ်ားစြာ တန္ေၾကးရွိတဲ့ ကမ္းလွမ္းမႈျပဳလုပ္ခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္မွာ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္။

ကြၽမ္းက်င္သူမ်ားက The Sun သတင္းစာနဲ႔ ေတြ႕ဆုံရာမွာ ဟန္ဟာ ကုလသမဂၢရဲ႕ ပိတ္ဆို႔မႈကို ခ်ိဳးေဖာက္ၿပီး လစာေတြထဲက အမ်ားစုကို ေျမာက္ကိုရီးယား အစိုးရရဲ႕ စီမံကိန္းကိုေထာက္ပံ့ဖို႔ ဖိအားေပးျခင္းခံခဲ့ရတယ္လို႔ ေျပာဆိုခဲ့ပါတယ္။ King’s College London ရဲ႕ ႏိုင္ငံတကာဆက္ဆံေရးဌာန တြဲဖက္ပါေမာကၡျဖစ္သူ Dr Ramon Pacheco Pardo က “ သူ႔ရဲ႕ လစာအမ်ားစုက အစိုးရကို‌ ေထာက္ပံံ့ခဲ့ပါတယ္။ ေဘာလုံးသမားက ေနထိုင္စရိတ္အတြက္ သူ႔လစာရဲ႕ အစိတ္အပိုင္း အနည္းငယ္ကိုသာ ထိန္းသိမ္းခြင့္ရပါတယ္” လို႔ ဆိုခဲ့ပါတယ္။

ဟန္ဟာ ၿပဳံးယမ္းၿမိဳ႕ အလုပ္သမား လူတန္းစား မိသားစုကေန ေပါက္ဖြားလာခဲ့ၿပီး‌ ေမြးရပ္ေျမမွ FC Chobyong အသင္းနဲ႔ မပူးေပါင္းမီ ဘာစီလိုနာ အကယ္ဒမီမွာ ကစားခဲ့ဖူးသူလည္းျဖစ္ပါတယ္။