
Photo Credit
Photo Credit
ယူနိုက်တက်အသင်းလူငယ်နောက်ခံလူ မက်စ်တေလာဟာ ဝှေးစေ့ကင်ဆာရောဂါဆိုးကြီးကို အောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့အပြီး ၂လအကြာမှာပဲ ပထမဆုံးအကြိမ်အဖြစ် ယူနိုက်တက်အသင်းရဲ့ပထမအသင်းလူစာရင်းမှာ ပါဝင်လာခဲ့ကြောင်း သိရပါတယ်။ အသက် ၁၉နှစ်အရွယ်ရှိ တေလာဟာ ကင်ဆာရောဂါမှ လုံးဝသက်သာသွားပြီးနောက် လေ့ကျင့်ခန်းပြန်ဆင်းနိုင်တာ ၂လပဲရှိသေးချိန်မှာ အက်စ်တာနာနဲ့ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်အတွက် အသင်းရဲ့လူစာရင်းမှာ ပါဝင်လာတာဖြစ်ပါတယ်။
Photo Credit
နည်းပြဆိုးလ်ရှားက ကာဇက်စတန်ကို ခရီးထွက်သွားတဲ့အသင်းရဲ့လူစာရင်းမှာ လူငယ်ကစားသမား ၁၈ဦးအထိ ထည့်သွင်းရွေးချယ်ခဲ့ပြီး မန်ချက်စတာမှာပဲ မွေးဖွားခဲ့တဲ့ တေလာဟာ ၂၀၁၄ ခုနှစ်မှာ ခြေစွမ်းစမ်းသပ်ခံခဲ့ပြီးနောက် ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်သလို ၂နှစ်အကြာမှာ အရန်အသင်းနဲ့အတူ ပထမဆုံးပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ သူဟာ ၂၀၁၆-၁၇ ရာသီက ယူ-၁၈ ပရီးမီးယားလိဂ်ချ်နပီယံဆုရရှိခဲ့ပြီး သိပ်မကြာခင်မှာ အသင်းရဲ့ ယူ-၂၃ အသင်းမှာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။
Photo Credit
ဒါပေမဲ့ တစ်ဟုန်ထိုးတိုးတက်နေတဲ့ တေလာကို အဓိကတားဆီးခဲ့တာက ကင်ဆာရောဂါဆိုးကြီးဖြစ်ပြီး ၂၀၁၈-၁၉ ရာသီက ဝှေးစေ့ကင်ဆာကုသဖို့အတွက် အနားယူခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ ကင်ဆာရောဂါကို အောင်မြင်စွာခွဲစိတ်ကုသနိုင်ခဲ့ပြီးနောက် စက်တင်ဘာလက အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပါတယ်။
Photo Credit
သူဟာ နောက်တစ်လအကြာမှာပဲ ကွင်းထဲ ပြန်လည်ခြေချနိုင်ခဲ့ပြီး အဝေးကွင်းမှာ ဆွမ်ဆီးယူ-၂၃ အသင်းကို ၁-၄ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲချိန် ၃၇ မိနစ်အရောက် လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ နောက် ၃ပတ်အကြာမှာလည်း တေလာဟာ ထပ်မံကစားခွင့်ရခဲ့ပြီး ဆန်းဒါးလန်းယူ-၂၃ အသင်းကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်ယူ-၂၃ အသင်းအတွက် မိနစ် ၂၀ကြာကစားခွင့်ရခဲ့ပါတယ်။
Photo Credit
ယူနိုက်တက်ဟာ ယူရိုပါလိဂ်မှာ ရှုံးထွက်အဆင့်ရောက်ဖု့ိ သေချာနေပြီးသားဖြစ်လို့ ဒီပွဲအတွက် လူငယ်ကစားသမားအများစုကိုပဲ ရွေးချယ်ထားပြီး အတွေ့အကြုံရင့်ကစားသမားဆိုလို့ စုစုပေါင်း ၄ဦးပဲ ပါဝင်လာပါတယ်။ လီဂရန်၊ လုခ်ရှော၊ တွမ်ဇီဘီနဲ့ လင်ဂတ်တို့သာ ကာဇက်စတန်ကို ထွက်ခွာသွားတဲ့ယူနိုက်တက်အသင်းလူစာရင်းမှာ ပါဝင်ခဲ့တဲ့ အသက် ၁၉နှစ်ကျော်ကစားသမားတွေဖြစ်နေပါတယ်။
Photo Credit
Zawgyi
ကင္ဆာေရာဂါဆိုးႀကီးကို တုိက္ထုတ္ႏိုင္ခဲ့အၿပီး ၂လအၾကာမွာပဲ ယူႏုိက္တက္ရဲ႕ယူ႐ိုပါလိဂ္လူစာရင္းထဲ ပါ၀င္လာတဲ့ မက္စ္ေတလာ
ယူႏုိက္တက္အသင္းလူငယ္ေနာက္ခံလူ မက္စ္ေတလာဟာ ေ၀ွးေစ့ကင္ဆာေရာဂါဆုိးႀကီးကို ေအာင္ျမင္စြာ တုိက္ထုတ္ႏိုင္ခဲ့အၿပီး ၂လအၾကာမွာပဲ ပထမဆုံးအႀကိမ္အျဖစ္ ယူႏုိက္တက္အသင္းရဲ႕ ပထမအသင္းလူစာရင္းမွာ ပါ၀င္လာခဲ့ေၾကာင္း သိရပါတယ္။ အသက္ ၁၉ႏွစ္အရြယ္ရွိ ေတလာဟာ ကင္ဆာေရာဂါမွ လုံး၀သက္သာသြားၿပီးေနာက္ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္တာ ၂လပဲရွိေသးခ်ိန္မွာ အက္စ္တာနာနဲ႔ကစားရမယ့္ ယူ႐ုိပါလိဂ္ပြဲစဥ္အတြက္ အသင္းရဲ႕လူစာရင္းမွာ ပါ၀င္လာတာျဖစ္ပါတယ္။
နည္းျပဆုိးလ္ရွားက ကာဇက္စတန္ကို ခရီးထြက္သြားတဲ့အသင္းရဲ႕လူစာရင္းမွာ လူငယ္ကစားသမား ၁၈ဦးအထိ ထည့္သြင္းေရြးခ်ယ္ခဲ့ၿပီး မန္ခ်က္စတာမွာပဲ ေမြးဖြားခဲ့တဲ့ ေတလာဟာ ၂၀၁၄ ခုႏွစ္မွာ ေျခစြမ္းစမ္းသပ္ခံခဲ့ၿပီးေနာက္ ယူႏိုက္တက္အသင္းကို ေရာက္ရွိလာခ့ဲတာျဖစ္သလုိ ၂ႏွစ္အၾကာမွာ အရန္အသင္းနဲ႔အတူ ပထမဆုံးပြဲထြက္ ကစားခြင့္ရရွိခဲ့ပါတယ္။ သူဟာ ၂၀၁၆-၁၇ ရာသီက ယူ-၁၈ ပရီးမီးယားလိဂ္ခ်္နပီယံဆုရရွိခဲ့ၿပီး သိပ္မၾကာခင္မွာ အသင္းရဲ႕ ယူ-၂၃ အသင္းမွာ ပါ၀င္ခြင့္ရရွိခဲ့ပါတယ္။
ဒါေပမဲ့ တစ္ဟုန္ထိုးတုိးတက္ေနတဲ့ ေတလာကို အဓိကတားဆီးခဲ့တာက ကင္ဆာေရာဂါဆုိးႀကီးျဖစ္ၿပီး ၂၀၁၈-၁၉ ရာသီက ေ၀ွးေစ့ကင္ဆာကုသဖုိ႔အတြက္ အနားယူခဲ့ရပါတယ္။ ဒါေပမဲ့ သူဟာ ကင္ဆာေရာဂါကို ေအာင္ျမင္စြာ ခြဲစိတ္ကုသႏိုင္ခဲ့ၿပီးေနာက္ စက္တင္ဘာလက အသင္းနဲ႔အတူ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ခဲ့ပါတယ္။ သူဟာ ေနာက္တစ္လ အၾကာမွာပဲ ကြင္းထဲ ျပန္လည္ေျခခ်ႏိုင္ခဲ့ၿပီး အေ၀းကြင္းမွာ ဆြမ္ဆီးယူ-၂၃ အသင္းကို ၁-၄ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပဲြမွာ ပြဲခ်ိန္ ၃၇ မိနစ္အေရာက္ လူစား၀င္ကစားခြင့္ရရွိခဲ့ပါတယ္။ ေနာက္ ၃ပတ္အၾကာမွာလည္း ေတလာဟာ ထပ္မံကစားခြင့္ရခဲ့ၿပီး ဆန္းဒါးလန္းယူ-၂၃ အသင္းကို ၃-၀ ဂုိးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ ယူႏိုက္တက္ယူ-၂၃ အသင္းအတြက္ မိနစ္ ၂၀ၾကာကစားခြင့္ရခဲ့ပါတယ္။
ယူႏုိက္တက္ဟာ ယူ႐ိုပါလိဂ္မွာ ႐ံႈးထြက္အဆင့္ေရာက္ဖု႔ိ ေသခ်ာေနၿပီးသားျဖစ္လုိ႔ ဒီပြဲအတြက္ လူငယ္ကစားသမားအမ်ားစုကိုပဲ ေရြးခ်ယ္ထားၿပီး အေတြ႕အႀကံဳရင့္ကစားသမားဆုိလုိ႔ စုစုေပါင္း ၄ဦးပဲ ပါ၀င္လာပါတယ္။ လီဂရန္၊ လုခ္ေရွာ၊ တြမ္ဇီဘီနဲ႔ လင္ဂတ္တုိ႔သာ ကာဇက္စတန္ကို ထြက္ခြာသြားတဲ့ယူႏုိက္တက္အသင္းလူစာရင္းမွာ ပါ၀င္ခဲ့တဲ့ အသက္ ၁၉ႏွစ္ေက်ာ္ကစားသမားေတြျဖစ္ေနပါတယ္။