ကက်ဂလီယာရီနိုင်ပွဲအပြီး ကွင်းအပြင်မှာ အဆာပြေစား၊ ကိုလာသောက်ခဲ့တဲ့ မော်ရင်ညို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အများနဲ့မတူ တမူထူးတဲ့ အပြုအမူ၊ အပြောအဆိုတွေ မကြာခဏလုပ်ပြလေ့ရှိတဲ့ရိုးမားနည်းပြမော်ရင်ညိုဟာ

ကက်ဂလီယာရီကိုနိုင်ခဲ့တဲ့ပွဲအပြီးမှာလည်း ထူး ဆန်းတဲ့အပြုအမူတစ်ခုလုပ်ပြခဲ့ပါတယ်။

မော်ရင်ညိုဟာ နာပိုလီနဲ့သရေကျခဲ့တဲ့ပွဲမှာ ကွင်းလယ်ဒိုင်ကိုပြင်းထန်စွာစောဒကတက်ခဲ့တာမို့ အနီကတ်ထိပြီး ပွဲ ကြည့်စင်ပေါ်နှင်ထုတ်ခံခဲ့ရပါတယ်။

ဒါကြောင့် ကက်ဂလီယာရီနဲ့ပွဲမှာ ကွင်းထဲဝင်ကြီးကြပ်ကိုင်တွယ်ခွင့်မရခဲ့ဘဲ ပွဲကြည့်စင်ပေါ်ကနေသာကြည့်ရှုပြီးတစ်ဆင့်ညွှန်ကြားခဲ့ရပါတယ်။

ပွဲအပြီးမှာလည်း အဝတ်လဲခန်းထဲသွားပြီး ကစားသမားတွေနဲ့အတူ အောင်ပွဲခံခွင့်မရတာမို့

ကွင်းအပြင်ထွက်ပြီးကစားသမားတွေထွက် အလာကိုစောင့်ဆိုင်းခဲ့တာတွေ့ရပါတယ်။

ဒီအတိုင်း ရိုးရိုးတန်းတန်းစောင့်တာမဟုတ်ဘဲ အဆာပြေစား၊ ကိုကာကိုလာသောက်ပြီးစောင့်နေခဲ့တာပါ။

ကက်ဂလီယာရီရဲ့ Sardegna Arenaကွင်းအပြင်ထောင့်တစ်ခုမှာ ကွန်ကရစ်ခင်း ထားတဲ့ကြမ်းပြင်ပေါ် အခင်းမပါ ခြေနှစ်ဖက်ဆင်းထိုင်ပြီး

အဆာပြေစားနေတဲ့ပုံနဲ့အတူ ” ပွဲပြီးသွားပြီ။ ၃မှတ်လည်းရပြီ။ တကယ်ကိုစားကောင်းတဲ့အစားအ သောက်ပဲ။

အဝတ်လဲခန်းထဲလည်း သွားလို့မရဘူး။ ပေါက်စကလေး နောက်တစ်ယောက် ” စာသားကို မော်ရင်ညိုက

အင်စတာဂရမ်မှာတင်ခဲ့တာမို့ ပရိ သတ်တွေကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့ပါတယ်။

ပေါက်စကလေး နောက်တစ်ယောက် (one more kid )ဆိုတာက ပွဲချိန် ၅၇မိနစ်မှာ

လူစားဝင်ကစားခွင့်ရခဲ့တဲ့ ရိုးမား ယူ-၁၉ အသင်းက ဂါနာဆယ်ကျော်သက်တိုက်စစ်မှူးလေး ဖိလစ်အဖီနာဂျန်ကို ရည်ညွှန်းတာပါ။

ရိုးမားဟာ အိမ်ရှင်ကက်ဂလီယာရီကိုဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ကွင်းလယ်လူ ပယ်လီဂရီနီရဲ့

အထင်ကြီးဖွယ်ခြေစွမ်းကြောင့် နောက်မှလိုက်ကစားပြီးအနိုင်ရခဲ့တာပါ။

ပယ်လီဂရီနီဟာ နောက်ခံလူအိုင်ဘိုင်နက်ဇ်ရဲ့ချေပဂိုးကိုဖန်တီးပေးခဲ့သလို

အနိုင်ဂိုးကိုလည်း ဖရီးကစ်ကနေ လှလှပပသွင်းယူပေးခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကက္ဂလီယာရီႏိုင္ပြဲအၿပီး ကြင္းအျပင္မွာ အဆာေျပစား၊ ကိုလာေသာက္ခဲ့တဲ့ ေမာ္ရင္ညိဳ

အမ်ားနဲ႔မတူ တမူထူးတဲ့ အျပဳအမူ၊ အေျပာအဆိုေတြ မၾကာခဏလုပ္ျပေလ့ရွိတဲ့႐ိုးမားနည္းျပေမာ္ရင္ညိဳဟာ ကက္ဂလီယာရီကိုႏိုင္ခဲ့တဲ့ပြဲအၿပီးမွာလည္း ထူး ဆန္းတဲ့အျပဳအမူတစ္ခုလုပ္ျပခဲ့ပါတယ္။

ေမာ္ရင္ညိဳဟာ နာပိုလီနဲ႔သေရက်ခဲ့တဲ့ပြဲမွာ ကြင္းလယ္ဒိုင္ကိုျပင္းထန္စြာေစာဒကတက္ခဲ့တာမို႔ အနီကတ္ထိၿပီး ပြဲ ၾကည့္စင္ေပၚႏွင္ထုတ္ခံခဲ့ရပါတယ္။

ဒါေၾကာင့္ ကက္ဂလီယာရီနဲ႔ပြဲမွာ ကြင္းထဲဝင္ႀကီးၾကပ္ကိုင္တြယ္ခြင့္မရခဲ့ဘဲ ပြဲၾကည့္စင္ေပၚကေနသာၾကည့္ရႈၿပီးတစ္ဆင့္ၫႊန္ၾကားခဲ့ရပါတယ္။

ပြဲအၿပီးမွာလည္း အဝတ္လဲခန္းထဲသြားၿပီး ကစားသမားေတြနဲ႔အတူ ေအာင္ပြဲခံခြင့္မရတာမို႔ ကြင္းအျပင္ထြက္ၿပီးကစားသမားေတြထြက္ အလာကိုေစာင့္ဆိုင္းခဲ့တာေတြ႕ရပါတယ္။

ဒီအတိုင္း ႐ိုး႐ိုးတန္းတန္းေစာင့္တာမဟုတ္ဘဲ အဆာေျပစား၊ ကိုကာကိုလာေသာက္ၿပီးေစာင့္ေနခဲ့တာပါ။

ကက္ဂလီယာရီရဲ႕ Sardegna Arenaကြင္းအျပင္ေထာင့္တစ္ခုမွာကြန္ကရစ္ခင္း ထားတဲ့ၾကမ္းျပင္ေပၚ အခင္းမပါ ေျခႏွစ္ဖက္ဆင္းထိုင္ၿပီး အဆာေျပစားေနတဲ့ပုံနဲ႔အတူ ” ပြဲၿပီးသြားၿပီ။ ၃မွတ္လည္းရၿပီ။ တကယ္ကိုစားေကာင္းတဲ့အစားအ ေသာက္ပဲ။

အဝတ္လဲခန္းထဲလည္း သြားလို႔မရဘူး။ ေပါက္စကေလး ေနာက္တစ္ေယာက္ ” စာသားကို ေမာ္ရင္ညိဳက အင္စတာဂရမ္မွာတင္ခဲ့တာမို႔ ပရိ သတ္ေတြကို ပါးစပ္အေဟာင္းသားျဖစ္ေစခဲ့ပါတယ္။

ေပါက္စကေလး ေနာက္တစ္ေယာက္ (one more kid )ဆိုတာက ပြဲခ်ိန္ ၅၇မိနစ္မွာ လူစားဝင္ကစားခြင့္ရခဲ့တဲ့ ႐ိုးမား ယူ-၁၉ အသင္းက ဂါနာဆယ္ေက်ာ္သက္တိုက္စစ္မႉးေလး ဖိလစ္အဖီနာဂ်န္ကို ရည္ၫႊန္းတာပါ။

႐ိုးမားဟာ အိမ္ရွင္ကက္ဂလီယာရီကိုဦးေဆာင္ဂိုးေပးခဲ့ရေပမယ့္ ကြင္းလယ္လူ ပယ္လီဂရီနီရဲ႕ အထင္ႀကီးဖြယ္ေျခစြမ္းေၾကာင့္ ေနာက္မွလိုက္ကစားၿပီးအႏိုင္ရခဲ့တာပါ။ ပယ္လီဂရီနီဟာ ေနာက္ခံလူအိုင္ဘိုင္နက္ဇ္ရဲ႕ေခ်ပဂိုးကိုဖန္တီးေပးခဲ့သလို အႏိုင္ဂိုးကိုလည္း ဖရီးကစ္ကေန လွလွပပသြင္းယူေပးခဲ့ပါတယ္။