အီရန်ကို နိုင်တဲ့ အတွက် လူထုနဲ့ အတူကြွေးကြော် အောင်ပွဲခံခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်

November 30, 2022 author one 0

သမ္မတ ဂျိုးဘိုင်ဒန်ဟာ အီရန်အသင်းကို အနိုင်ရပြီး အမေရိကန် အသင်းက ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် တစ်နေရာကို ရရှိခဲ့တဲ့အတွက် သူ့ရဲ့ ခရီးစဉ်တစ်ခုအတွင်း လူထုနဲ့ အတူ အောင်ပွဲခံခဲ့ပါတယ်။ သမ္မတ ဘိုင်ဒန်ဟာ အီရန်အပေါ် အမေရိကန်က အနိုင်ရခဲ့တဲ့အကြောင်းကို Michigan နည်းပညာစက်ရုံကို ရောက်ရှိနေချိန် သိရပြီးနောက်စင်ပေါ်တင်ကာ ရလဒ်ကို […]

မီဒီယာတွေနဲ့ မိုက်ထိုးတာ လက်မခံလို့ ဘာပေကို ဖီဖာက ဒဏ်ရိုက်မယ်

November 30, 2022 author one 0

ဖီဖာက ပြင်သစ်တိုက်စစ်မှူးဘာပေကို ဒဏ်ငွေရိုက်ရန် ရှိနေကြောင်း သတင်းများထွက်ပေါ်လာပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အဖွင့်ပွဲစဉ်နှစ်ခုမှာဘာပေရဲ့ ခေါင်းမငြိမ့်တဲ့ အပြုအမူများအတွက် ဒဏ်ငွေရိုက်ရန် ရှိနေတာပါ။ ဘာပေဟာဒိန်းမတ်ကိုအနိုင်ရရှိတဲ့ပွဲတွင် နှစ်ဂိုးသွင်းယူခဲ့ပြီးနောက်ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု ရရှိပြီးချိန်တွင်မီဒီယာများနှင့်တွေ့ဆုံစကားပြောခဲ့ခြင်းမရှိပါဘူး။ ပီအက်စ်ဂျီစတားဟာဩစတြေးလျကို၄ဂိုး-၁ဂိုးဖြင့်အနိုင်ရတဲ့ ပွဲအပြီးတွင်လည်းမီဒီယာနှင့်တွေ့ဆုံစကားပြောဆိုရန်ငြင်းဆိုခဲ့ပါတယ်။ ဖီဖာရဲ့စည်းမျဉ်းအရကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပွဲစဉ်အလိုက်အကောင်းဆုံး ကစားသမားဆုရရှိသူအနေဖြင့်ဆုလက်ခံရယူပြီးချိန်တွင် မီဒီယာနှင့်တွေ့ဆုံစကားပြောရပါမယ်။ ဒိန်းမတ်နှင့်ပွဲတွင် အကောင်းဆုံးဘောလုံးသမားဆုရရှိပါက စည်းကမ်းအတိုင်း မီဒီယာများနှင့်တွေ့ဆုံရန် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က […]

ကွင်းထဲက အဲယားကွန်း အကြီးစားကြီးတွေကြောင့် အသင်းသားတွေ နေမကောင်းတာလို့ အန်တိုနီ ဆို

November 30, 2022 author one 0

ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရတဲ့ ကာတာနိုင်ငံဟာ ရာသီဥတုရဲ့ အပူဒဏ်ကို ဆန့်ကျင်ပြီး ကွင်းအတွင်းမှာ လေအေးပေးစက် အကြီးကြီးတွေတပ်ဆင်ထားခဲ့ပါတယ်။ ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆောင်းရာသီမှာ ကျင်းပနေတာဖြစ်ပေမယ့် အပူချိန်များနေဆဲဖြစ်လို့ ဘောလုံးကွင်းတွေထဲမှာ လေအေးပေးစက်တွေ ဖွင့်ထားရတာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲကွင်းတွေထဲက လေအေးပေးစက်တွေကြောင့် ဖျားနာမှုတွေဖြစ်စေကြောင်း ဘရာဇီး တောင်ပံတိုက်စစ်မှူး အန်တိုနီက ပြောပါတယ်။ […]

ရပ်ရှ်ဖို့ဒ် ဒူးထောက်ပြီး ကောင်းကင်ကို လက်ညိုးထိုး အောင်ပွဲခံခဲ့တဲ့ စတိုင်ရဲ့ နောက်ကွယ်က ကြေကွဲဖွယ် ဖြစ်ရပ်

November 30, 2022 author one 0

မနေ့က အင်္ဂလန်အတွက် ကစားပေးစဉ် ရပ်ရှ်ဖို့ဒ်က နှစ်ဂိုးသွင်းပေးခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ရဲ့ ပထမဆုံးသွင်းဂိုးဟာ မိနစ် ၅၀ မှာ ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကနေ အလွန်ကောင်းမွန်တဲ့ တိုက်ရိုက် ကန်သွင်းမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဂိုးသွင်းယူပြီးနောက်မှာ ယူနိုက်တက်တိုက်စစ်မှူးဟာ ဒူးထောက်ပြီး ကောင်းကင်ကို လက်ညိုးထိုးတဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။ မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ […]

ရာသီမစခင် ရပ်ရှ်ဖို့ဒ်ကိုတွေ့ပြီး ပြုပြင်ပေးခဲ့လို့ခြေစွမ်းတက်လာတာလို့ ဆောက်ဂိတ် ဆို

November 30, 2022 author one 0

အင်္ဂလန်ဟာ ရပ်ရှ်ဖို့ဒ် နဲ့ ဖိုဒန်တို့ရဲ့သွင်းဂိုးများဖြင့် ဝေးလ်စ်ကို ၃-၀ နဲ့ အနိုင်ရရှိပြီး အုပ်စုဗိုလ်အဖြစ် ကမ္ဘာ့ဖလားရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ ဝေးလ်စ်အသင်းနှင့်ပွဲတွင် ပွဲထွက်ကစားသမား အဖြစ် ပါဝင်နိုင်ခဲ့သလို သွင်းဂိုး နှစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာလက်ရှိကမ္ဘာ့ဖလားတွင် သွင်းဂိုး သုံးဂိုးရရှိထားပြီး ကမ္ဘာ့ဖလား ဂိုးသွင်းသူများစာရင်းတွင် […]

လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယူနိုက်တက်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်မှတ်တမ်းက အံ့မခန်းဖြစ်နေ

November 30, 2022 author one 0

လက်ရှိကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကစားသမားတွေဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေအတွက် ခြေစွမ်းပြကစားနေကြပြီး Man of The Match ဆုတွေလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းယား၊ ဒါလော့တ်၊ ဘရူနိုဖာနန်ဒက်စ်၊ လီဆန်ဒရိုမာတီနက်ဇ်၊ ရပ်ရှ်ဖို့ဒ်၊ မာလာစီယာ၊ ဖရက်ဒ်၊ […]

လှပတဲ့ ဖရီးကစ်ဂိုးနဲ့အတူ မှတ်တမ်းကောင်းတွေ ထပ်ပြီးပိုင်ဆိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်

November 30, 2022 author one 0

အင်္ဂလန်အသင်းတောင်ပံတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ဝေးလ်စ်အသင်းကို (၃-ဝ)ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် အဖွင့်ဂိုးကို ဖရီးကစ်ကနေ လှလှပပကန်သွင်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂)ပွဲဆက်တိုက် အရန်ကစားသမားအဖြစ်သာ ပါဝင်ကစားခဲ့ရတဲ့ ရပ်ရှ်ဖို့ဒ်ဟာ အခု ဝေးလ်စ်နဲ့ပွဲမှာတော့ ပွဲထွက်ကစားခွင့်ရခဲ့သလို ခြေစွမ်းပြပြီး အသင်းအတွက် (၂)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမိနစ်(၅၀)မှာ ဝေးလ်စ်အသင်း ပယ်နယ်တီဧရိယာထိပ်နားမှာ အင်္ဂလန်တို့ ဖရီးကစ်ကန်ခွင့်ရခဲ့ပြီး ရပ်ရှ်ဖို့ဒ်က […]

အုပ်စုပထမရခဲ့လို့ အင်္ဂလန်အသင်း နယ်သာလန်ကို ရှောင်နိုင်ပြီး ဆီနီဂေါနဲ့ ဆုံတွေ့ရမယ် . . .

November 30, 2022 author one 0

နာမည်ကြီး အင်္ဂလန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဗြိတိန်ဒါဘီပြိုင်ဘက် ဝေးလ်စ်အသင်းကို အခက်အခဲမရှိ (၃-ဝ)ဂိုးအနိုင်ယူပြီး အုပ်စုပထမနေရာနဲ့ ရှုံးထွက်(၁၆)သင်းအဆင့် တက်ရောက်ခွင့်ရရှိသွားပါတယ်။ ဝေးလ်စ်အသင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲတွေတုန်းကလို ကျစ်လျစ်တဲ့ ဖျက်မြင်းအဆင့်အနေအထား မရှိတော့ဘဲ အခုပွဲမှာလည်း အင်္ဂလန်ကို ကြီးကြီးမားမား ဒုက္ခမပေးနိုင်ခဲ့ဘူး။ ဒါတောင် အင်္ဂလန်တို့ ပထမပိုင်းတစ်ပိုင်းလုံး ဂိုးမသွင်းနိုင်ဘဲ မိနစ်(၅၀)ရောက်မှ […]

စိတ်ပျက်စရာ စံချိန်မှတ်တမ်းဆိုးတွေနဲ့ အိမ်ရှင်ကာတာအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရ

November 29, 2022 author one 0

၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ကာတာအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ နယ်သာလန်ကို (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ပြီးတဲ့နောက် စံချိန်မှတ်တမ်းဆိုးတွေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ပြနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။ ကာတာအသင်းဟာ အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဆင့်တစ်ခု ရောက်နိုင်ဖို့အတွက် လွန်ခဲ့တဲ့ (၄)နှစ်လောက်ကတည်းက လူငယ်ကစားသမားတွေကို စနစ်တကျ မွေးမြူခဲ့သလို ဘာစီလိုနာ လူငယ်အသင်းနည်းပြဟောင်းဖြစ်သူ စပိန်လူမျိုးဖိလစ်ဆန်းချက်ဇ်ကို ကာတာယူ-၁၉၊ ယူ-၂၃ […]

နောက်ဆုံးပွဲမှာ အီကွေဒေါကို အနိုင်ယူပြီး ရှုံးထွက်(၁၆)သင်းအဆင့် တက်ခွင့်ရရှိသွားတဲ့ ဆီနီဂေါ

November 29, 2022 author one 0

အုပ်စု (A)မှာ အဆုံးအဖြတ်ပွဲဖြစ်တဲ့ အီကွေဒေါနဲ့ ဆီနီဂေါတို့ရဲ့ပွဲမှာတော့ ဆီနီဂေါအသင်းက အကြိတ်အနယ်ကစားပြီး (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့်တက်ခွင့် ပိုင်ဆိုင်သွားပါတယ်။ အီကွေဒေါအသင်းဟာ အဖွင့်ပွဲမှာ ကာတာကို အနိုင်ယူ၊ ဥရောပထိပ်သီး နယ်သာလန်နဲ့ (၁-၁)ဂိုးစီသရေရအောင် ကစားနိုင်ခဲ့ပြီး အခုပွဲမှာ သရေတစ်မှတ်ရရုံနဲ့ အုပ်စုကတက်မှာဖြစ်ပေမယ့်လည်း အဲဒီအခွင့်အရေးကောင်းကို လက်လွှတ်လိုက်ရပါတယ်။ ရှေ့ပွဲတွေမှာ ခြေစွမ်းပြပြီး […]